









crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်းသတင်းတိုများ

Frenkie Dejong ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူ့ရဲ့ Favourite နံပါတ်တစ်ခု ဖြစ်တဲ့ ကျောနံပါတ် 21 ဂျာစီအား ဝတ်ဆင်ကစားသွားဖို့ရှိနေသည်။ ဖရန်ကီဒီယောင်သည် ယူနိုက်တက်တွင် တစ်ပတ်တာလုပ်အားခ ပေါင် ၂၅၀,၀၀၀ ရရှိမည်ဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

လူငယ်ကွင်းလယ်လူ ဇီဒန်းအစ်ဘာ သည် ယူနိုက်တက် နှင့် (2025)ခုနှစ်+စာချုပ်ပါအရ တစ်နှစ်သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့သည်ဟုသိရသည်။

ယူနိုက်တက်နဲ့ ဖီယင်နုအသင်းတို့ကြား ယူရို ၁၅ သန်းအပြင် အပိုထပ်ဆောင်း ယူရို ၂ သန်းအတွက် သဘောတူညီမှုတွေ အပြည့်အ၀ရရှိခဲ့ပါပြီ ။ ဘယ်နောက်ခံလူ မာလာစီယာက ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ရွေးချယ်လိုက်ပြီးဖြစ်ကြောင်းသိရပြီး အပြောင်းအရွှေ့အတွက်နီးစပ်ခဲ့သည့် လိုင်ယွန်အသင်းကိုလည်း ယင်းကိစ္စအတွက် အသိပေးခဲ့ပြီးဖြစ်သည်။

မန်ယူအသင်းသည် အေဂျက်ကစားသမား မာတီနက် ကို အာဆင်နယ်ကမ်းလှမ်းထားတာထက် ပိုပေးပြီး ခေါ်ယူဖို့ အေဂျက်အသင်းကို အသိပေးထားကြောင်းသိရှိရပါတယ်။

Alejandro Garnacho နဲ့ Alvaro Fernandez တို့ဟာ အသင်းရဲ့ နံပါတ်အသစ် ​ပြောင်းလဲဝတ်ဆင်သွားဖွယ်ရှိနေပြီး Garnacho သည် နံပါတ် 49 ဖြစ်လိမ့်မည်။ ဖာနန်ဒက်ဇ်သည် နံပါတ် ၄၂ ဖြစ်လာမည်ဖြစ်သည်။

Erik Ten Hag လက်အောက်မှာ ပြိုင်ပွဲစုံ (111) ပွဲ ပွဲထွက်ခွင့်ရခဲ့ပြီး သွင်းဂိုး (34) ဂိုး နဲ့အတူ ဂိုးဖန်တီးပေးမှု (29) ​ကြိမ် အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် short pass master Donny van de Beek သည် ကာရင်တန်သို့ ပြန်လည်ရောက်ရှိလာပြီး တန်ဟဂ်နှင့်အတူ လေ့ကျင့်မှုများ စတင်နေပြီဖြစ်သည်။

Erik Ten Hag သည် Malaciaအား ခေါ်ယူရန် Ajax အသင်းမှာကတည်းက အထူးကင်းထောက်နေခဲ့ပြီး Malacia ရဲ့ မြန်နူန်း / ခံစစ်ကစားပုံ နဲ့ တိုက်စစ်လိုက်ပါနိုင်ပုံတွေ အပေါ် သဘောကျနေခဲ့သည် ။ Malacia သည် ပြီးခဲ့တဲ့ ရာသီအတွင်း Dutch လိဂ်မှာ ဖြတ်တင်ဘော အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်ထားသလို ဂိုးပေါက်ကန်သွင်းမှု အများဆုံး / ပြိုင်ဘက်ခံစစ်ဇုံအတွင်း ဘောလုံးပေးပို့နိုင်မှု အများဆုံး အစွန်ခံစစ်ကစားသမားအဖြစ် ရပ်တည်ထားသည် ။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အန်တိုနီက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချထားပြီး အေဂျက်ရဲ့ တာဝန်ရှိသူတွေကိုလည်း သူ့အား အတင်းအကျပ် အသင်းမှာ ဆက်မနေခိုင်းရန်နှင့် အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ကစားသမား ကိုယ်တိုင်က အသင်းမှာ ဆက်မနေချင်တာကြောင့် အန်တိုနီကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေကာ အေဂျက်ဟာ အန်တိုနီ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြထားကြပါတယ်။

နည်းပြကြီးရဲ့ နည်းစနစ်အရ ခံစစ်မှာ ဂိုးသမားရဲ့ ဘောလုံး ပိုင်နိုင်မှုက အရေးပါတဲ့အရာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဲရစ်တန်ဟန့်ရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ဂိုးသမားတွေကိုပါ ဘောလုံးကစားစေခဲ့တာပါ။ ဂိုးသမားတွေအား ဘောလုံးလိမ်ခေါက်မှုနဲ့ ဘောလုံး လုယူမှုတွေကို ကစားသမားတွေနဲ့ အတူ လေ့ကျင့် စေခဲ့ပါတယ်။ဂိုးသမား ဒီဂီယာမှာ လက်စွမ်းကောင်းပိုင်ဆိုင်ထားပေမယ့်၊ လိုအပ်နေသေးတဲ့ ခံစစ်နဲ့ ချိတ်ဆက်မှု စွမ်းရည်ကို မြှင့်တင်လျက် ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *