မန္ခ်က္စတာယူႏိုက္တက္အသင္း ညခင္းသတင္းတိုမ်ား

အကယ္၍ ကာတာအေနျဖင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုသာ ဝယ္ယူရရွိႏိုင္ခဲ့ပါက ယူႏိုက္တက္၊ ပီအက္စ္ဂ်ီႏွင့္ ဘရာဂါ အသင္းတို႔အၾကားတြင္ (informal) ကလပ္ကြန္ရက္တစ္ခုတည္ေဆာက္သြားရန္ စီစဥ္လွ်က္ရွိေၾကာင္း သိရသည္။ QSI မွ တာဝန္ရွိသူမ်ားသည္ ေတာင္အေမရိကႏွင့္ ဥေရာပမွ လူငယ္ မီးခဲျပာဖုံးကစားသမားမ်ားအား ရွာေဖြေစ၍ ဘရာဂါအသင္းထံ အရင္ပို႔ေဆာင္ကာ ပြဲအေတြ႕အႀကဳံရယူေစၿပီး ေျခစြမ္းေကာင္းလာခ်ိန္တြင္ ယူႏိုက္တက္ (သို႔) ပီအက္စ္ဂ်ီထံသို႔ ပို႔ေဆာင္ရန္ စီစဥ္ထားလွ်က္ရွိသည္။

ေနာက္ခံလူ Lisandro Martinez, ကြင္းလယ္လူ Bruno Fernandes နဲ႔ တိုက္စစ္မႉး Marcus Rashford တို႔ဟာ “မန္ခ်က္စတာယူႏိုက္တဒ္ရဲ႕ မတ္လ တစ္လတာအေကာင္းဆုံးကစားသမားဆု “ အတြက္ ဆန္ကာတင္စာရင္းတြင္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

သက္တမ္းတိုးမည့္စာခ်ဳပ္သစ္သည္ Rashford ၏ကစားသမားဘဝအတြက္ အႀကီးမားဆုံးႏွင့္ အေရးႀကီးဆုံးစာခ်ဳပ္တစ္ရပ္ျဖစ္မည္ဟု ယူႏိုက္တဒ္ ႏွင့္ ကစားသမား၏ ကိုယ္စားလွယ္မ်ားက သေဘာတူထားၾကပါသည္။ ကစားသမားမ်ားၾကား လုပ္ခလစာႀကီးႀကီးမားမားကြာဟမႈေၾကာင့္ အသင္းဝတ္လဲခန္းအတြင္းမွ စည္းလုံးညီၫြတ္မႈကို မထိခိုက္ေစလိုတာေၾကာင့္ ျမင့္မားတဲ့လုပ္ခလစာပမာဏကိုတိုးျမႇင့္ၿပီးကမ္းလွမ္းျခင္းမျပဳလုပ္လိုသည့္အတြက္ လက္ရွိလုပ္ခလစာ + အပိုဆုေၾကးမ်ားပါဝင္ေသာလုပ္ခလစာဖြဲ႕စည္းပုံႏွင့္ကိုက္ညီေသာသေဘာတူညီခ်က္တစ္ခုရရွိရန္ ကလပ္တာဝန္ရွိသူမ်ားကေမွ်ာ္လင့္ထားၾကပါသည္။ ပီအက္စ္ဂ်ီက ၿပီးခဲ့တဲ့ေႏြရာသီေစ်းကြက္မွာ တစ္ပတ္လစာေပါင္ ၄၀၀,၀၀၀ ေက်ာ္ႏွင့္ ကမ္းလွမ္းခဲ့ေပမယ့္ Rashford က ယူႏိုက္တဒ္မွာသာဆက္ရွိလိုတာေၾကာင့္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ေၾကာင္းသိရွိရပါသည္။

Manchester United သည္ 2023/24 ရာသီ၏ပထမဦးဆုံးရာသီႀကိဳေျခစမ္းပြဲစဥ္ကို Ryan Reynolds ပိုင္ဆိုင္ေသာ Wrexham United အသင္းႏွင့္ San Diego’s Snapdragon Stadium တြင္ July လ (25)ရက္ေန႔တြင္ကစားသြားမည္ျဖစ္သည္။

မန္ခ်က္စတာယူႏိုက္တဒ္ဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ ဘ႐ိုက္တန္အသင္းရဲ႕ လူငယ္တိုက္စစ္ကစားသမား Evan Ferguson ရဲ႕ေျခစြမ္းကိုေစာင့္ၾကည့္ရန္အတြက္ ကင္းေထာက္မ်ားကို သုံးႀကိမ္ေစလႊတ္ခဲ့ေၾကာင္းသိရွိရပါတယ္။ ဘ႐ိုက္တန္အေနနဲ႔ကေတာ့ Evan Ferguson ကို အနည္းဆုံးေနာက္ထပ္တစ္ရာသီခန္႔ အသင္းမွာဆက္ထိန္းထားလိုၿပီး ကစားသမားကိုယ္တိုင္ကလည္း ဘ႐ိုက္တန္တြင္ ပုံမွန္ပြဲကစားခြင့္ရရွိျခင္းေၾကာင့္ ေျခစြမ္းတိုးတက္လာရန္အေထာက္အကူျပဳသည့္အတြက္ ဘ႐ိုက္တန္မွာသာ ဆက္ေနဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ အေျပာင္းအေ႐ႊ႕အတြက္ သေဘာတူညီမႈရဖို႔ခက္ခဲႏိုင္ေပမယ့္ Evan Ferguson က မန္ခ်က္စတာယူႏိုက္တဒ္အမာခံပရိသတ္ျဖစ္သည့္အတြက္ အနာဂတ္မွာေတာ့ ယူႏိုက္တဒ္သို႔ေျပာင္းေ႐ႊ႕ကစားႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တဒ္ဟာ မိုခ်န္ဂလတ္ဘတ္ခ်္အသင္းရဲ႕ ကြင္းလယ္လူ Manu Koné ကိုေစာင့္ၾကည့္ေနၿပီး မိုခ်န္ဂလတ္ဘတ္ခ်္အေနနဲ႔ သူတို႔ရဲ႕ကြင္းလယ္လူအတြက္ ေျပာင္းေ႐ႊ႕ေၾကး အနိမ့္ဆုံး ယူ႐ိုသန္း ၅၀ ခန္႔ (+ အပိုဆုေၾကးမ်ား) အလိုရွိေနတယ္လို႔သိရပါတယ္။ Manu Koné ကို ယူႏိုက္တဒ္အျပင္ ခ်ယ္လ္ဆီးႏွင့္ ပီအက္စ္ဂ်ီတို႔ကလည္း ေခၚယူရန္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

Sabitzer ရဲ႕ အငွါးစာခ်ဳပ္တြင္ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္ျခင္းမပါရွိဘဲ ရာသီကုန္တြင္ ေရာင္းခ်ျခင္းရွိ၊မရွိက ဘိုင္ယန္ျမဴးနစ္အေပၚတြင္ မူတည္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္နည္းျပေဟာင္း Nagelsmann ကိုင္တြယ္စဥ္က Sabitzer အားေရာင္းခ်ရန္ဆုံးျဖတ္ထားၿပီးျဖစ္ေပမယ့္ လက္ရွိတြင္ Sabitzer ရဲ႕အနာဂတ္ဟာ နည္းျပသစ္ Thomas Tuchel ရဲ႕ ဆုံးျဖတ္ခ်က္အေပၚတြင္ မူတည္ေနတာျဖစ္ပါတယ္။ May (သို႔) June အေစာပိုင္းတြင္ Sabitzer ရဲ႕ အနာဂတ္အတြက္ ႏွစ္သင္းၾကားအၿပီးသတ္ဆုံးျဖတ္ခ်က္ခ်သြားမွာျဖစ္ေၾကာင္း သိရွိရပါတယ္။

မန္ခ်က္စတာယူႏိုက္တဒ္ဟာ တူရကီကလပ္မ်ားထံမွ Mason Greenwood အားေခၚယူရန္အတြက္ ကမ္းလွမ္းမႈမ်ားစြာလက္ခံရရွိခဲ့ေသာ္လည္း ကလပ္၏အတြင္းပိုင္းစုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့တယ္လို႔သိရပါတယ္။ အသင္းနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္မ်ားက လက္ရွိႀကဳံေတြခဲ့ရတဲ့ျပႆနာေတြေၾကာင့္ Mason ဟာပိုၿပီးရင့္က်က္လာတယ္လို႔ ရႈျမင္ထားၾကၿပီး သူ႔အေနနဲ႔ အခက္အခဲမ်ားကိုေက်ာ္ျဖတ္၍ အသင္းမွာျပန္ကစားခြင့္ရရန္ထိုက္တန္ေၾကာင္း သက္ေသျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားၾကပါတယ္။

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူ Christian Eriksen ဟာ လက္ရွိမွာဒဏ္ရာမွျပန္လည္သက္သာလာၿပီး အားလပ္ရက္အတြင္း ျမက္ခင္းျပင္ေပၚတြင္ ျပန္လည္ထူေထာင္ေရးအစီအစဥ္မ်ားျပဳလုပ္ရန္ Carrighton တြင္ ေန႔စဥ္ေလ့က်င့္ေနေၾကာင္း MUFC Podcast မွတဆင့္ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ အသင္းအေနနဲ႔ ႐ိုးမားအသင္းရဲ႕ တိုက္စစ္မႈးျဖစ္သူ ေပၚလိုဒိုင္ဘားလားကိုစိတ္ဝင္စားမႈျပန္လည္ျမင့္တက္လာခဲ့ပါတယ္ ။ ဟယ္ရီကိန္း ေအာ္စီမန္ ဘင္ဂ်မင္ဆက္ကို တို႔လို ကစားသမားေတြကိုစိတ္ဝင္စားမႈက ထဲထဲဝင္ဝင္ျပသခဲ့ၿပီး ဒိုင္ဘားလားကိုေတာ့ ေနာက္ကြယ္ကေနပဲ ေဆြးေႏြးမႈေတြျပဳလုပ္လ်က္ရွိေနပါတယ္ ။

Aaron Wan-Bissaka ႏွင့္ Axel Tuanzebe တို႔သည္ ကြန္ဂိုလက္ေ႐ြးစင္အသင္းအတြက္ ကိုယ္စားျပဳကစားေပးရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

စာခ်ဳပ္သက္တမ္းတိုးေဆြးေႏြးမူမွာ ေဒးဗစ္ဒေဟးယားရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာသာမူတည္ေတာ့တယ္လို႔သိရပါတယ္။ တစ္ပတ္လုပ္ခ ေပါင္ ၃၇၅,၀၀၀ (ေဒၚလာ ၄၆၀,၀၀၀) ရရွိတဲ့လုပ္ခလစာကို ေလွ်ာ့ခ်ရန္ ညႇိႏႈိင္းခ်က္အားလုံးေနာက္ဆုံးအေျခေနကိုေရာက္ေနၿပီျဖစ္တယ္လို႔သိရပါတယ္။ ဒီစည္းကမ္းခ်က္မ်ားအေပၚ သေဘာတူညီႏိုင္မႈ ရွိမရွိဟာေဒးဗစ္အနာဂတ္ကို ဆုံးျဖတ္ေပးမွာျဖစ္ပါတယ္။
crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ

အကယ်၍ ကာတာအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းကိုသာ ဝယ်ယူရရှိနိုင်ခဲ့ပါက ယူနိုက်တက်၊ ပီအက်စ်ဂျီနှင့် ဘရာဂါ အသင်းတို့အကြားတွင် (informal) ကလပ်ကွန်ရက်တစ်ခုတည်ဆောက်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။ QSI မှ တာဝန်ရှိသူများသည် တောင်အမေရိကနှင့် ဥရောပမှ လူငယ် မီးခဲပြာဖုံးကစားသမားများအား ရှာဖွေစေ၍ ဘရာဂါအသင်းထံ အရင်ပို့ဆောင်ကာ ပွဲအတွေ့အကြုံရယူစေပြီး ခြေစွမ်းကောင်းလာချိန်တွင် ယူနိုက်တက် (သို့) ပီအက်စ်ဂျီထံသို့ ပို့ဆောင်ရန် စီစဉ်ထားလျှက်ရှိသည်။

နောက်ခံလူ Lisandro Martinez, ကွင်းလယ်လူ Bruno Fernandes နဲ့ တိုက်စစ်မှူး Marcus Rashford တို့ဟာ “မန်ချက်စတာယူနိုက်တဒ်ရဲ့ မတ်လ တစ်လတာအကောင်းဆုံးကစားသမားဆု “ အတွက် ဆန်ကာတင်စာရင်းတွင် ရွေးချယ်ခံခဲ့ရပါတယ်။

သက်တမ်းတိုးမည့်စာချုပ်သစ်သည် Rashford ၏ကစားသမားဘဝအတွက် အကြီးမားဆုံးနှင့် အရေးကြီးဆုံးစာချုပ်တစ်ရပ်ဖြစ်မည်ဟု ယူနိုက်တဒ် နှင့် ကစားသမား၏ ကိုယ်စားလှယ်များက သဘောတူထားကြပါသည်။ ကစားသမားများကြား လုပ်ခလစာကြီးကြီးမားမားကွာဟမှုကြောင့် အသင်းဝတ်လဲခန်းအတွင်းမှ စည်းလုံးညီညွတ်မှုကို မထိခိုက်စေလိုတာကြောင့် မြင့်မားတဲ့လုပ်ခလစာပမာဏကိုတိုးမြှင့်ပြီးကမ်းလှမ်းခြင်းမပြုလုပ်လိုသည့်အတွက် လက်ရှိလုပ်ခလစာ + အပိုဆုကြေးများပါဝင်သောလုပ်ခလစာဖွဲ့စည်းပုံနှင့်ကိုက်ညီသောသဘောတူညီချက်တစ်ခုရရှိရန် ကလပ်တာဝန်ရှိသူများကမျှော်လင့်ထားကြပါသည်။ ပီအက်စ်ဂျီက ပြီးခဲ့တဲ့နွေရာသီစျေးကွက်မှာ တစ်ပတ်လစာပေါင် ၄၀၀,၀၀၀ ကျော်နှင့် ကမ်းလှမ်းခဲ့ပေမယ့် Rashford က ယူနိုက်တဒ်မှာသာဆက်ရှိလိုတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းသိရှိရပါသည်။

Manchester United သည် 2023/24 ရာသီ၏ပထမဦးဆုံးရာသီကြိုခြေစမ်းပွဲစဉ်ကို Ryan Reynolds ပိုင်ဆိုင်သော Wrexham United အသင်းနှင့် San Diego’s Snapdragon Stadium တွင် July လ (25)ရက်နေ့တွင်ကစားသွားမည်ဖြစ်သည်။

မန်ချက်စတာယူနိုက်တဒ်ဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ဘရိုက်တန်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား Evan Ferguson ရဲ့ခြေစွမ်းကိုစောင့်ကြည့်ရန်အတွက် ကင်းထောက်များကို သုံးကြိမ်စေလွှတ်ခဲ့ကြောင်းသိရှိရပါတယ်။ ဘရိုက်တန်အနေနဲ့ကတော့ Evan Ferguson ကို အနည်းဆုံးနောက်ထပ်တစ်ရာသီခန့် အသင်းမှာဆက်ထိန်းထားလိုပြီး ကစားသမားကိုယ်တိုင်ကလည်း ဘရိုက်တန်တွင် ပုံမှန်ပွဲကစားခွင့်ရရှိခြင်းကြောင့် ခြေစွမ်းတိုးတက်လာရန်အထောက်အကူပြုသည့်အတွက် ဘရိုက်တန်မှာသာ ဆက်နေဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရဖို့ခက်ခဲနိုင်ပေမယ့် Evan Ferguson က မန်ချက်စတာယူနိုက်တဒ်အမာခံပရိသတ်ဖြစ်သည့်အတွက် အနာဂတ်မှာတော့ ယူနိုက်တဒ်သို့ပြောင်းရွှေ့ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တဒ်ဟာ မိုချန်ဂလတ်ဘတ်ချ်အသင်းရဲ့ ကွင်းလယ်လူ Manu Koné ကိုစောင့်ကြည့်နေပြီး မိုချန်ဂလတ်ဘတ်ချ်အနေနဲ့ သူတို့ရဲ့ကွင်းလယ်လူအတွက် ပြောင်းရွှေ့ကြေး အနိမ့်ဆုံး ယူရိုသန်း ၅၀ ခန့် (+ အပိုဆုကြေးများ) အလိုရှိနေတယ်လို့သိရပါတယ်။ Manu Koné ကို ယူနိုက်တဒ်အပြင် ချယ်လ်ဆီးနှင့် ပီအက်စ်ဂျီတို့ကလည်း ခေါ်ယူရန်စောင့်ကြည့်နေတာဖြစ်ပါတယ်။

Sabitzer ရဲ့ အငှါးစာချုပ်တွင် အပြီးသတ်ဝယ်ယူခွင့်ပါဝင်ခြင်းမပါရှိဘဲ ရာသီကုန်တွင် ရောင်းချခြင်းရှိ၊မရှိက ဘိုင်ယန်မြူးနစ်အပေါ်တွင် မူတည်နေပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း Nagelsmann ကိုင်တွယ်စဉ်က Sabitzer အားရောင်းချရန်ဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် လက်ရှိတွင် Sabitzer ရဲ့အနာဂတ်ဟာ နည်းပြသစ် Thomas Tuchel ရဲ့ ဆုံးဖြတ်ချက်အပေါ်တွင် မူတည်နေတာဖြစ်ပါတယ်။ May (သို့) June အစောပိုင်းတွင် Sabitzer ရဲ့ အနာဂတ်အတွက် နှစ်သင်းကြားအပြီးသတ်ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တဒ်ဟာ တူရကီကလပ်များထံမှ Mason Greenwood အားခေါ်ယူရန်အတွက် ကမ်းလှမ်းမှုများစွာလက်ခံရရှိခဲ့သော်လည်း ကလပ်၏အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် ကမ်းလှမ်းမှုများကို ပယ်ချခဲ့တယ်လို့သိရပါတယ်။ အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်များက လက်ရှိကြုံတွေခဲ့ရတဲ့ပြဿနာတွေကြောင့် Mason ဟာပိုပြီးရင့်ကျက်လာတယ်လို့ ရှုမြင်ထားကြပြီး သူ့အနေနဲ့ အခက်အခဲများကိုကျော်ဖြတ်၍ အသင်းမှာပြန်ကစားခွင့်ရရန်ထိုက်တန်ကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ Christian Eriksen ဟာ လက်ရှိမှာဒဏ်ရာမှပြန်လည်သက်သာလာပြီး အားလပ်ရက်အတွင်း မြက်ခင်းပြင်ပေါ်တွင် ပြန်လည်ထူထောင်ရေးအစီအစဉ်များပြုလုပ်ရန် Carrighton တွင် နေ့စဉ်လေ့ကျင့်နေကြောင်း MUFC Podcast မှတဆင့် အတည်ပြုပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ရိုးမားအသင်းရဲ့ တိုက်စစ်မှုးဖြစ်သူ ပေါ်လိုဒိုင်ဘားလားကိုစိတ်ဝင်စားမှုပြန်လည်မြင့်တက်လာခဲ့ပါတယ် ။ ဟယ်ရီကိန်း အော်စီမန် ဘင်ဂျမင်ဆက်ကို တို့လို ကစားသမားတွေကိုစိတ်ဝင်စားမှုက ထဲထဲဝင်ဝင်ပြသခဲ့ပြီး ဒိုင်ဘားလားကိုတော့ နောက်ကွယ်ကနေပဲ ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိနေပါတယ် ။

Aaron Wan-Bissaka နှင့် Axel Tuanzebe တို့သည် ကွန်ဂိုလက်ရွေးစင်အသင်းအတွက် ကိုယ်စားပြုကစားပေးရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

စာချုပ်သက်တမ်းတိုးဆွေးနွေးမူမှာ ဒေးဗစ်ဒဟေးယားရဲ့ဆုံးဖြတ်ချက်အပေါ်မှာသာမူတည်တော့တယ်လို့သိရပါတယ်။ တစ်ပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ (ဒေါ်လာ ၄၆၀,၀၀၀) ရရှိတဲ့လုပ်ခလစာကို လျှော့ချရန် ညှိနှိုင်းချက်အားလုံးနောက်ဆုံးအခြေနေကိုရောက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဒီစည်းကမ်းချက်များအပေါ် သဘောတူညီနိုင်မှု ရှိမရှိဟာဒေးဗစ်အနာဂတ်ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *