








crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း ညနေခင်းသတင်းတိုများ

Manchester United အသင်းသည် Frenkie De Jong အတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ပြီး တရားဝင်ကမ်းလှမ်းမှုတစ်ခုကို မကြာခင်ပြုလုပ်သွားမည်ဖြစ်သည်။ De Jong အား ရရှိရန် ကြိုးစားပန်းစား လုပ်ဆောင်နေကြောင်း အသင်းနှင့်နီးစပ်သူများထံမှ သိရသည်။ နှစ်သင်းလုံးအတွက် သင့်တော်သည့်ပြောင်းရွှေ့ကြေးဖြစ်ရန် ယူနိုက်တက်ဘက်က ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရခြင်းဖြစ်သည်။

ယူနိုက်တက်မန်နေဂျာသစ် Erik Ten Hag သည် လာမည့်ရက်ပိုင်းအတွင်းတွင် ကစားသမားတစ်ဦးချင်းဆီနှင့် တွေ့ဆုံစကားပြောရန် စီစဉ်ထားပြီး အသင်းခေါင်းဆောင်ရာထူးအတွက် ဆုံးဖြတ်ချက်ကို လာမည့်ရက်သတ္တပါတ်အနည်းငယ်အတွင်းတွင် ပြုလုပ်နိုင်ဖွယ်ရှိသည်။

နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ်အနေနဲ့ မန်ယူပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတွေအတွက်ပြောင်းရွှေ့ကြေး မြင့်မားစွာ အလိုရှိနေကြောင်း သိရပါတယ်။ မန်ယူဟာ လက်ရှိမှာ အေဂျက်ဇ်ကစားသမားတွေဖြစ်တဲ့ တင်ဘာ၊ မာတီနက်ဇ်နဲ့ အန်တိုနေးတို့ကိုပစ်မှတ်ထားနေတာပါ။ အေဂျက်ဇ်ကတော့ ကစားသမားတစ်ဦးချင်းစီအတွက် အနည်းဆုံး ယူရိုသန်း ၅၀ စီ အလိုရှိနေပါတယ်။

Man United အသင်းနဲ့ Brentford အသင်းတို့သည် Eriksen ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်အား စောင့်ဆိုင်းလျက် ရှိသည် ။ စပါးကစားသမားဟောင်း အလန်ဟတ်တန်က ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ မန်ယူမှာဆိုရင် သူ့အနေနဲ့ ခြေစွမ်းပြနိုင်မယ်လို့ ထင်ပါတယ်”လို့ ဟတ်တန်ကဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ညာအစွန် နောက်ခံလူ Aron Wan Bissakaဟာ လာမယ့် ဘောလုံးရာသီသစ်မှာ ပွဲထွက်ခွင့်အတွက် စိန်ခေါ်ဖို့ ဆန္ဒပြင်းပြလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ယူနိုက်တက်အသင်းဘက်က ဘစ်ဆာကာနဲ့ ဘရန်ဒန်ဝီလျံတို့ ၂ဦးအား အသင်းသစ် ရှာဖွေဖို့အခွင့်အရေးပေးခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း နည်းပြသစ်လက်ထက်မှာ ဘစ်ဆာကာကိုယ်တိုင် အောင်မြင်မှုရဖို့ စိတ်ပြင်းပြနေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်သည် ဒင်း ဟန်ဒါဆန်အား တစ်ရာသီအငှားခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ဟန်ဒါဆန်၏လစာငွေအားလုံးကိုလည်း ဖောရက်စ်ကပင် ပေးချေမည်ဖြစ်သည်။

James Garner သည် ရာသီကြိုလေ့ကျင့်ရေးတွေ စတင်မည့် July (4) ရက်နေ့ မတိုင်ခင် အသင်းနဲ့အတူ ပွဲထွက်ခွင့်အတွက် နည်းပြ Erik Ten Hag နဲ့ တွေ့ဆုံ ဆွေးနွေးမည် ။

နယ်သာလန်လက်ရွေးစင်တင်ဘာ၏ အေးဂျင့်ဖြစ်သူ Revien Kanhai သည် ၎င်း၏ကိုယ်ပိုင်Instagram တွင် “အလုပ်အတွက် ခရီးသွားရတာကို နှစ်သက်သည်” ဟူသော စာတန်းနှင့်အတူ မန်ချက်စတာမြို့၏ ဓာတ်ပုံတစ်ပုံကို တင်ပြီးနောက် သတင်းများပိုမိုကျယ်ပြန့်လာသည်။

အဲရစ်တန်ဟဂ်သည် ပွဲထွက်ခွင့်အတွက် လုခ်ရှောနှင့်ယှဉ်ပြိုင်ရန် ဘယ်ခံစစ်မှူးသစ်တစ်ဦး အလိုရှိသည်။ သို့ပေမယ့် ယူနိုက်တက်တို့အနေနှင့် ဒီယောင်ကိုခေါ်ယူရန် ဦးစားပေးလုပ်ဆောင်နေကြောင်း သူက နားလည်ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *