











crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ

မန်ချက်စတာယူနိုက်တဒ်ကို ဝယ်ယူရန်ကြိုးစားနေသည့် ကာတာစော်ဘွား Sheikh Jassim သည် အသင်းအား ကာလတန်ကြေးထက်ပိုမိုမြင့်မားသော ငွေကြေးပမာဏတစ်ရပ်နှင့် ဝယ်ယူရန်ဆန္ဒမရှိကြောင်းသိရပါသည်။ Sheikh Jassim သည် အိုးထရက်ဖို့ဒ်နှင့် ကာရင်တန်တို့ကို အဆင့်မြှင့်တင်ရန် ငွေကြေးအင်အားကြီးကြီးမားမား ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် လိုအပ်သည့်အပြင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် အမြဲတစေ စိန်ခေါ်နိုင်သော အသင်းတစ်သင်းဖြစ်ရန်အတွက် ကြီးမားသောရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုအပ်သည်ကို သဘောပေါက်နားလည်ထားသောကြောင့် အသင်းအားဝယ်ယူရာတွင် ကာလတန်ကြေးအတိုင်းသာ ပေးချေရန်ဆန္ဒရှိနေကြောင်းသိရှိရပါသည်။

Harry Kane အား နံပါတ်တစ် နွေရာသီပစ်မှတ်အဖြစ် သတ်မှတ်ထားသော်လည်း အဆိုပါအပြောင်းအရွှေ့အား ကိုင်တွယ်သူမှာ Daniel Levy ဖြစ်တာကြောင့် ညှိနှိုင်းရာမှာ အခက်အခဲရှိနိုင်ပြီး ယူနိုက်တက်သည် တိုက်စစ်နေရာအတွက် အချိန်အကြာကြီး ဆွဲမထားလိုတာကြောင့် အခြားရွေးချယ်စရာများအဖြစ် Victor Osimhen နှင့် Dusan Vlahovic တို့အား အာရုံစိုက်ထားကြောင်း သိရသည်။

မန်စီးတီးကနေ ဘိုင်ယန်မြူးနစ် ထံ အငှားသွားရောက်ကစားနေတဲ့ ပေါ်တူဂီညာနောက်ခံလူ ဂျာအိုကန်ဆယ်လို ဟာ လာမဲ့ရာသီယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့သိရသည်။ ပေါ်တူဂီ အသင်းဖော်တွေဖြစ်တဲ့ ဘရူနို နဲ့ ဒါလော့ခ်တို့ရှိတဲ့အပြင် စည်းကမ်းပိုင်းအားနဲတယ်လို့ သတ်မှတ်ထားတာကြောင့် ဂွါဒီယိုလာနဲ့ပြန်လည်ပူးပေါင်းဖို့ အခွင့်ရေးနည်းနေသည်။ ညာနောက်ခံလူနေရာ နောက်တန်းနေရာစုံကစားနိုင်သူဖြစ်ပြီး လိုအပ်ရင်တောင်ပံတိုက်စစ်နေရာတွေပါကစားနိုင်တာကြောင့် ရွေးချယ်စရာတစ်ခုဖြစ်လာသည်။

ယူနိုက်တက်သည် Diogo Costa အား စောင့်ကြည့်ရန်အတွက် စက်တင်ဘာလ နဲ့ အောက်တိုဘာလကတည်းက ကင်းထောက်များ စေလွှတ်ထားခဲ့သည်။ Davud Raya သည်လည်း အသင်းကြီးခြောက်သင်း တစ်သင်းသင်းထံပြောင်းရွှေ့လိုနေသောကြောင့် David Degea ၏ အခြေအနေပေါ်မူတည်၍ ယူနိုက်တက်အတွက် ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသည်။
Diogo Costa နှင့် David Raya တို့နှစ်ဦးသည် ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိမှသာ ဥရောပအသင်းကြီးများထံ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း သိရသည်။

ရီရဲလ်ဘက်တစ်နှင့် ကစားမည့်ပွဲအတွက် အသင်း၏ ယနေ့မနက်ပိုင်းလေ့ကျင့်မှုတွင် Antony ပါဝင်ခြင်းမရှိခဲ့သော်လည်း Victor Lindelof နှင့် Marcel Sabitzer တို့ ပြန်လည်ပါဝင်လာခဲ့သည်။

တောင်ပံကစားသမား ဂါနာချို၏ဒဏ်ရာမှာ အစပိုင်း၌ မပြင်းထန်ဟု ယူဆခဲ့ပေမယ့် သေချာစစ်ပြီးချိန်၌ သုံးပတ် ခန့်လောက်နားရမည်ဟုသိရသည်။ အာဂျင်တီးနားလက် ရွေးစင်အသင်းက ဂါနာချိုကို ယခုလာမည့်ခြေစမ်းပွဲတွင် မက်ဆီ နဲ့အတူ အတွေ့အကြုံပေးလိုပေမယ့် ဒဏ်ရာ ကြောင့် ယူနိုက်တက်တွင်သာပေးရှိဖို့ ဆုံးဖြတ်ခဲ့သည်။ ဂါနာချိုမှာ ဆောက်သမ်တန်နှင့်ပွဲက ပြိုင်ဘက်ကစား သမား၏ ဖြတ်ထုတ်ပုံကြောင့် ညာဘက်ခြေကျင်းဝတ် ဒဏ်ရာကို ရခဲ့သည်။

အင်တာမီလန်အသင်းသည် နောက်ခံလူ ဗစ်တာလင်ဒီလော့ခ် ကို ယူနိုက်တက်က သတ်မှတ်ထားတဲ့ယူရိုသန်း ၃၀အထိပေးကာခေါ်ယူသွားဖို့ကြိုးစားလျက်ရှိကြောင်းသိရသည်။ လာမဲ့ရာသီ အသင်းကနေထွက်ခွာဖို့သေချာသလောက်ရှိနေပြီး အင်တာမီလန်ဟာ လင်ဒီလော့ခ်ရဲ့ အသင်းသစ်ဖြစ်လာဖို့နီးစပ်နေသည်။

ယူနိုက်တက်သည် ဆောက်သမ်တန်နှင့်ပွဲက ကွင်းလယ်လူ ကက်စီမဲရို၏အနီကဒ်ပြစ်ဒဏ်ကို အယူခံမဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ ယင်းအတွက်ကြောင့် ကက်စီမဲရိုသည် အသင်း၏ရှေ့လာမည့် ပြည်တွင်းပြိုင်ပွဲ (4)ပွဲ (FA ဖလားပွဲအပါအဝင်) ကို လွဲချော်မည်ဖြစ်သည်။

ယူနိုက်တက် လူငယ်တိုက်စစ်မှုး ဖြစ်သူမေဆင်ဂရင်းဝုဒ်သည် လက်ရှိမှာစိတ်ပိုင်းဆိုင်ရာအရ ကြံ့ကြံ့ခိုင်ကောင်းမွန်လျက်ရှိပြီး သူ့ရဲ့ မိသားစု၊ သူကဲ့ချစ်သူနဲ့အတူ ကောင်းကောင်းမွန်မွန်နေထိုင်လျက်ရှိနေပါတယ်။ ယူနိုက်တက်ကစားသမားတချို့နဲ့အဆက်သွယ်များရှိနေပြီး ဥရောပကလပ်တစ်ချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေသည်။ ဒါမဲ့အသင်းဘက်ကတော့ တိတိကျကျအဖြေမပေးသေးဘဲ လာမဲ့ရာသီအဆုံးဖြတ်ဖြစ်လာမည်။

ယူနိုက်တက် ယူ-၁၈ အသင်း၏ အသက် (၁၇) နှစ်အရွယ် ဂိုးသမား Elyh Harrison သည် အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သည်။

ယူနိုက်တက်အသင်းသည် Facundo Pellistri အား လာမည့်ရာသီ အငှားမချမီ စာချုပ်သစ်ကမ်းလှမ်းရန် စဉ်းစားနေကြောင်း သိရသည်။ နှစ်ဦးနှစ်ဖက် မည်သည့်ဆုံးဖြတ်ချက်မှ မချရသေးပဲ Facundo ၏ အနာဂတ်အတွက် အစီအစဉ်ဆွဲရန် ဧပြီလတွင် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

နွေရာသီမှာအသင်းကထွက်ခွာဖို့အေဂျင့်ကအကြုံပြုထားပေမယ့်ဗန်ဒီဘိခိအနေနဲ့လက်ရှိအချိန်ထိမဆုံးဖြတ်ရသေးဘူးလို့သိရပါတယ်။ကစားသမားဘဝနှမြောစရာကောင်းတဲ့အချိန်တွေကိုယူနိုက်တက်မှာခက်ခက်ခဲခဲရုန်းကန်နေရလျှက်ရှိပြီးနည်းပြတန်ဟတ်လက်ထဲမှာသူရဲ့အကောင်းဆုံးပုံစံတခုကိုပြန်လည်ရယူဖို့စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။လက်ရှိမှာနည်းပြတန်ဟတ်အနေနဲ့ ဗန်ဒီဘိခ်၊ အဲရစ်ဆန်တို့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေနေများကို အထူးသတိထား စောင့်ကြည့်ပြီး အသင်းတာဝန်ရှိဝန်ထမ်းများနဲ့လုပ်ငန်းစဥ်အရ အမြဲထိတွေ့လျှက်ရှိတယ်လို့သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *