ကာတာဘက်က ယူနိုက်တက်ကိုဝယ်ယူရန်မှာ သင့်တော်တဲ့ဈေးနူန်းထက်ပိုနေပါက အသင်းဝယ်ယူရန် ကမ်းလှမ်းမှုမှ ထွက်ခွာမည်ဖြစ်ကြောင်းသိရ သည်။ Sheikh Jassim သည်လည်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူရန် အဆင်သင့်ဖြစ်နေပေမဲ့ လိုအပ်သည်ထက်ပိုပြီး ဈေးပိုပေးပြီးဝယ်မှာမဟုတ်ကြောင်းသိရသည်။
crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်း သတင်းတိုများ
နည်းပြအဲရစ်တန်ဟက်ဂ်သည် Brentford ၏ဂိုးသမား David Raya အား သဘောကျလျက်ရှိသည်။ ထို့အပြင် ယူနိုက်တက်ဘက်ကလည်း Porto ဂိုးသမားDiogo Costaအား ကင်းထောက်စောင့်ကြည့်လျက်ရှိသည်။
Real Betis ကို 4-1 နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ Antony ရဲ့သွင်းဂိုးဟာ ယူရိုပါလိဂ်ရှုံးထွက်အဆင့် ပထမအကျော့ရဲ့ အကောင်းဆုံးသွင်းဂိုးအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
Premier League ရဲ့ ” February လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆု “ ကို ယူနိုက်တဒ်တိုက်စစ်မှူး Marcus Rashford ကရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး နည်းပြဆုကို ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် မှ ရရှိခဲ့ ကြောင်းသိရသည်။ လက်စတာကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လက်စတာတိုက်စစ်မှူး Iheanacho ရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့တဲ့ David De Gea ရဲ့ကာကွယ်မှုဟာ “February တစ်လတာအတွက် အကောင်းဆုံး ဂိုးကာကွယ်မှု” အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
နည်းပြအဲရစ်တန်ဟက်ဂ်သည် ဟယ်ရီကိန်းအားလာမည့်နွေရာသီဈေးကွက်၏ အဓိကခေါ်ယူမည့်တိုက်စစ်မှူးအဖြစ်သတ်မှတ်ထားသည်။ မန်ချက်စတာယူနိုက်တဒ်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်မှူး Anthony Martial ကိုရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။
ယူနိုက်တက် 4-1 ရီရဲလ်ဘက်တစ် ၊ ယူရိုပါလိဂ်(16)သင့း အဆင့် ပကျော့ပွဲစဥ်အပြီး ယူနိုက်တက်မှ ပေးအပ်သည့် Man Of The Match ဆုကို ကွင်းလယ်လူ ဖာနန်ဒက်မှ ရရှိခဲ့ကြောင်းသိရသည်။ ယူရိုပါလိဂ် တစ်ပတ်အတွင်းအကောင်းဆုံးကစားသမား စာရင်းမှာ မန်ချက်စတာယူနိုက်တက် ကစားသမား ဘရူနို ဖာနန်ဒက်စ် နှင့် အတူ အခြား လေဗာကူဆင် ကစားသမား Tapsoba, ယူနီယံ SG ဂိုးသမား Boniface, နှင့် Roma တိုက်စစ်ကစားသမား Dybala တို့ ရွေးချယ်ခြင်းခံထားရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား Eduardo Camavinga ကို ယူရိုသန်း ၁၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရသည်။ ယူနိုက်တက်ဟာ သူ့ကို အလေးနက်ထားစောင့်ကြည့်ထားပြီး ဒီနွေရာသီမှာ ရောင်းထုတ်ဖို့အတွက် မက်ဒရစ်ဘက်က လိုချင်တဲ့စျေးပေးပြီးဆွဲဆောင်နိုင်ဖို့မျော်လင့်နေသည်။
အမေရိကန်အခြေစိုက်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ Elliott Management နှင့် အသင်းတာဝန်ရှိသူများကြားဆွေးနွေးနေမှုသည် မန်ချက်စတာယူနိုက်တဒ်အားရောင်းချရေးလုပ်ငန်းစဉ်ရဲ့ ဒုတိယအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းသိရှိရသည်။ ၎င်းတို့သည် အသင်းအားဝယ်ယူရန်ဆွေးနွေးနေခြင်းမဟုတ်ဘဲ ဂလေဇာများကို ယူနိုက်တဒ်ပိုင်ရှင်အဖြစ်ဆက်လက်ရှိနေရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာအကူအညီပေးရန်အတွက် အလားအလာရှိသောငွေကြေးထောက်ပံ့မှုဆိုင်ရာ အဆိုပြုချက်ကို တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
မန်ချက်စတာယူနိုက်တဒ်ဟာ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးကနေ ထွက်ခွါနိုင်ဖွယ်ရှိနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား Mason Mount ကို ခေါ်ယူရန် ပစ်မှတ်ထားလာကြောင်းသိရှိရပါတယ်။
ယူနိုက်တက် အဓိကကွင်းလယ်လူ ဖြစ်တဲ့ Eriksen သည်ရာသီ မကုန်ခင်
အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖို့ရှိနေသည် ။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားကို PSG အသင်းခေါ်ယူဖို့စိတ်ဝင်စားနေပြီး အံ့အားသင့်ဖွယ် နွေရာသီပစ်မှတ်အဖြစ် ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန်ပစ်မှတ်ထားနေသည်။
ကာတာဘက်က ယူနိုက်တက်ကိုဝယ်ယူရန်မှာ သင့်တော်တဲ့စျေးနူန်းထက်ပိုနေပါက အသင်းဝယ်ယူရန် ကမ်းလှမ်းမှုမှ ထွက်ခွာမည်ဖြစ်ကြောင်းသိရ သည်။ Sheikh Jassim သည်လည်း သင့်တင့်မျှတသောစျေးနှုန်းဖြင့် ဝယ်ယူရန် အဆင်သင့်ဖြစ်နေပေမဲ့ လိုအပ်သည်ထက်ပိုပြီး စျေးပိုပေးပြီးဝယ်မှာမဟုတ်ကြောင်းသိရသည်။
crd
Add a Comment
Your email address will not be published. Required fields are marked *