


 







 


crd

unicode

မန်ချက်စတာယူနိုက်တက်အသင်း ညခင်း သတင်းတိုများ

ယူနိုက်တဒ်နည်းပြ Erik Ten Hag နှင့် တိုက်စစ်မှူး Marcus Rashford တို့ဟာ ပရီးမီးယားလိဂ်ရဲ့ “ February တစ်လတာအကောင်းဆုံး နည်းပြဆု နှင့် ကစားသမားဆု” အတွက် ဆန်ကာတင်စာရင်းတွင်ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ဖောဖော်ဝါရီလ တစ်လတာ အကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်က ရရှိခဲ့သည်။

ယူနိုက်တက်အသင်းသည် အကယ်လို့ ဆုဖလား(4) လုံးကို ယခုတစ်ရာသီထဲသာ ကိုင်မြောက်နိုင်ခဲ့ပါက ကစားသမားများအနေဖြင့်တစ်ဦးချင်းစီ အပိုဆုကြေးပေါင်(485000) အထိ ရရှိကြမည်ဖြစ်သည်။ ယူနိုက်တက် ကစားသမား များသည် Carabao Cup ဖလားရရှိတုန်းက တစ်ဦးစီ အပိုဆုကြေး ပေါင်(65000)အထိရရှိခဲ့ကြသည်။ FA ဖလား နှင့် ယူရိုပါလိဂ်တို့သာရခဲ့လျှင် အပိုဆုကြေး တစ်ဦးခန့်ပေါင်(85000) ရရှိကြမည်ဖြစ်သည်။ အမှတ်ပေး ဖလားသာရရှိခဲ့လျှင် တစ်ဦးကိုအပိုဆုကြေး ပေါင်(2)သိန်းခွဲခန့် ရကြမည်ဖြစ်သည်။

Sheikh Jassim Bin Hamad Al Thani နှင့်Sir Jimmy Ratcliffe တို့သည် Manchester United အား ၀ယ်ယူရန်အလို့ငှာ ဈေးအဆိုတင်သွင်းမှုများနှင့်ပတ်သက်ပြီး အသင်း၏တာ၀န်ရှိသူများနှင့်လာမည့်နှစ်ပါတ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံ‌ဆွေးနွေးရန် ‌မျှော်မှန်းထားကြောင်း သိရှိရသည်။

ယူနိုက်တဒ်က လက်စတာကို (၃-၀) နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှ Harvey Barnes ရဲ့ One-On-One ကန်ချက်ကို ပုတ်ထုတ်ခဲ့တဲ့ကာကွယ်မှု နဲ့ Iheanacho ရဲ့ ခေါင်းတိုက်ချက်ကို အံ့အားသင့်ဖွယ်ပုတ်ထုတ်ခဲ့တဲ့ David De Gea ရဲ့ ကာကွယ်မှု ၂ကြိမ်ဟာ “ February တစ်လတာအကောင်းဆုံးကာကွယ်မှုဆု“ အတွက် ဆန်ကာတင်စာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ယူနိုက်တဒ်တာဝန်ရှိသူတွေဟာ Mason Greenwood ကို အသင်းမှာဆက်နေခွင့်ပြုရန်ကိစ္စကို စဉ်းစားရာတွင် အသင်းပရိသတ်များ၊ စပွန်ဆာများနှင့် အမျိုးသမီးအသင်းမှ ကစားသမားများ၏ သဘောထားကိုပါ ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mason Greenwood ရဲ့အနာဂတ်နဲ့ပတ်သတ်ပြီး မည်သည့်အဆုံးအဖြတ်ကိုမဆို Joel Glazer နဲ့ Richard Arnold တို့က ဆုံးဖြတ်ချက်ချသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ဆုံးဖြတ်ရာမှာ နည်းပြ Erik Ten Hag ရဲ့ အမြင်ကိုလည်း ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့သိရပါတယ်။

နည်းပြအဲရစ်တန်ဟက်ဂ်သည် ဖရန်ကီဒီ‌‌ဂျောင်အား လာမည့်နွေရာသီဈေးကွက်အတွင်းတွင် ခေါ်ယူမည့် ထိပ်တန်းပစ်မှတ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ထားသည်။တန်ဟက်ဂ်သည် အိမ်ကွင်းအိုးထရက်ဒ်ဖို့ဒ်၌ ဘာစီလိုအားအနိုင်ယူခဲ့ခြင်းသည် ဒီဂျောင်အားစည်းရုံးရာ၌ ကောင်းမွန်သောအချက်တစ်ချက်ဖြစ်လာနိုင်သည်ဟု မျှော်လင့်ထားသည်။ ချန်ပီယံလိဂ်၀င်ခွင့်ရရှိရန်လမ်းကြောင်းမှန်ပေါ်ရောက်ရှိနေမှု၊ကတ်စီမဲရိုးနှင့်တွဲကစားနိုင်ခြင်း စသည့်အချက်များသည် ဒီဂျောင်အားဆွဲဆောင်နိုင်သည်ဟု မှတ်ယူထားကြောင်း သိရှိရသည်။

ယူနိုက်တက်လက်ထောက်နည်းပြ အဲရစ်ရမ်းဆေးသည် ဝေးလ်လက်ရွေးစင်အသင်း၏လက်ထောက်နည်းပြ အဖြစ် ခန့်အပ်ခြင်းခံရ သည်။ သို့သော် ရမ်းဆေးမှာ လက်ရှိယူနိုက်တက်နှင့်အတူ လက်ထောက် ရာထူးအတိုင်း ဆက်လက်ပူးပေါင်း အလုပ်လုပ်မည်ဖြစ် သည်။

အသင်းနဲ့ Sabitzer ရဲ့ အပြောင်းအရွှေ့က နွေရာသီ မရောက်ခင်မှာပဲ လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်ပြီး Bayern Munich အသင်းသည် Laimer အား ခေါ်ယူနိုင်တော့မှာမို့ Sabitzer အား ရောင်းချလိုသည် ။ Sabitzer ကိုယ်တိုင်ကလည်း တရားဝင်စာချုပ်ဖြင့် Manchester United အသင်းအတွက် ဆက်လက် ကစားပေးလိုကြောင်း သိရသည်။

အငှားသွားရောက် ကစားနေသည့် ယူနိုက်တက်လူငယ်ကစားသမားလေး Charlie Savage သည် ဖေဖော်ဝါရီလအတွက် Forest Greenအသင်း ၏ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။
crd

Add a Comment

Your email address will not be published. Required fields are marked *