မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပတ္(၇)ပိုင္ရွင္အသစ္ ျဖစ္လာဖြယ္ရွိေနတဲ့ ကစားသမား ၃ ဦး
|မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပတ္(၇)ပိုင္ရွင္အသစ္ ျဖစ္လာဖြယ္ရွိေနတဲ့ ကစားသမား ၃ ဦး
ယူႏိုက္တက္အသင္းကေတာ့ လက္ရွိမွာ ေပၚတူဂီ တိုက္စစ္ ကစားသမား ေရာ္နယ္ဒိုနဲ႔ အဆင္မေျပမႈေတြ ရွိေနတာ ေတြ႕ရၿပီး ေရာ္နယ္ဒိုကိုယ္တိုင္ အသင္းရဲ႕ အေရးပါ.တဲ့ သက္ဆိုင္ရာတာဝန္ရွိသူေတြနဲ႔ အဆင္မေျပေၾကာင္းကို ဖြင့္ဟခဲ့ၿပီးေနာက္မွာ အေျခအေနေတြ ျဖစ္သြားခဲ့တာပါ။ ကမာၻ႔ဖလား ၿပိဳင္ပြဲၿပီးဆုံးခ်ိန္ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာေတာ့ ေရာ္နယ္ဒိုနဲ႔ ယူႏိုက္တက္တို႔ ေသခ်ာေပါက္လမ္းခြဲေတာ့မယ့္ အေနအထားမွာ ရွိေနပါတယ္။
ေရာ္နယ္ဒိုထြက္ခြါၿပီးေနာက္ပိုင္းမွာ သူ႔ရဲ႕ေနရာမွာ ဘယ္ကစားသမားနဲ႔ အစားထိုးမလဲ၊ ေက်ာနံပတ္(၇)ကိုဘယ္သူ ဆက္ခံမလဲဆိုတာေတြကလည္းစိတ္ဝင္စားစရာျဖစ္လာပါတယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ ေက်ာနံပတ္(၇)ကို ထိုက္ထိုက္တန္တန္ ဝတ္ဆင္ကစားႏိုင္တဲ့ ကစားသမားအနည္းငယ္သာရွိေနတာပါ။ ေရာ္နယ္ဒိုေနာက္ပိုင္း ေက်ာနံပတ္(၇)နဲ႔ အထိုက္တန္ဆုံးက ဘယ္သူလည္းလို႔ ေမးလိုက္တာနဲ႔ လက္ရွိကစားသမားေတြထဲမွာ ပထမဆုံးေျပးျမင္ရမွာကေတာ့ ဂါနာခ်ိဳပါပဲ။
ဂါနာခ်ိဳရဲ႕ လက္ရွိကစားပုံ သည္ 1 ခ်ိန္က ေရာ္နယ္ဒို ယူႏိုက္တက္ကို စေရာက္ခ်ိန္မွာ ကစားခဲ့တဲ့ပုံနဲ႔ ဆင္တူေနတာကိုလည္း သတိထားမိမွာပါ။ ငယ္႐ြယ္ၿပီး၊ ေဘာလုံးကို ပိုင္ပိုင္ႏိုင္ႏိုင္ ကိုင္ႏိုင္တဲ့အျပင္အေၾကာက္အလန႔္မရွိ တြန္းတြန္းတိုက္တိုက္ ကစားတတ္တဲ့ လူငယ္ၾကယ္ပြင့္ 1 ေယာက္ ျဖစ္ပါတယ္။ အဆုံးသတ္ ေသခ်ာမႈနဲ႔ ေဘာလုံးစေကးရွိၿပီး ၿပိဳက္ဘက္ခံစစ္ကို ေကာင္းေကာင္းအလုပ္ရႈပ္ေစတတ္တဲ့ ဂါနာခ်ိဳ သည္ အနာဂတ္ရဲ႕ ေက်ာနံပတ္(၇)ပိုင္ရွင္ ဦးစားေပးျဖစ္လာဘို႔. ရွိေနတာပါ။
ေနာက္ထပ္ ေက်ာနံပတ္(၇)ကို ဝတ္ဆင္ကစားဘို႔. အလားအလာရွိေနတဲ့ ကစားသမားကေတာ့ ဆန္ခ်ိဳ ျဖစ္ပါတယ္။ ေနာက္ထပ္ နံပတ္(၇)ကို ဝတ္ဆင္ႏိုင္တဲ့ ကစားသမားကေတာ့ ဇန္နဝါရီ အေျပာင္းအေ႐ြ႕ ေဈးကြက္ မွာ ေခၚယူလာႏိုင္တဲ့ တိုက္စစ္ ကစားသမား အသစ္ကို ျမင္ေတြ႕ရဘို႔.လည္း ရွိေနပါေသးတယ္။ ယူႏိုက္တက္အသင္းရဲ႕ နတ္ႀကီးတဲ့ ဂႏၲဝင္ေက်ာနံပတ္(၇)ဟာ ေရာ္နယ္ဒိုေနာက္ပိုင္းမွာ ဘယ္သူနဲ႔အထိုက္တန္ဆုံးလည္းဆိုတာ မွတ္ခ်က္ေပးခဲ့ၾကပါအုံး။
crd
unicode
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပတ်(၇)ပိုင်ရှင်အသစ် ဖြစ်လာဖွယ်ရှိနေတဲ့ ကစားသမား ၃ ဦး
ယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ပေါ်တူဂီ တိုက်စစ် ကစားသမား ရော်နယ်ဒိုနဲ့ အဆင်မပြေမှုတွေ ရှိနေတာ တွေ့ရပြီး ရော်နယ်ဒိုကိုယ်တိုင် အသင်းရဲ့ အရေးပါ.တဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အဆင်မပြေကြောင်းကို ဖွင့်ဟခဲ့ပြီးနောက်မှာ အခြေအနေတွေ ဖြစ်သွားခဲ့တာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးဆုံးချိန် လာမယ့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာတော့ ရော်နယ်ဒိုနဲ့ ယူနိုက်တက်တို့ သေချာပေါက်လမ်းခွဲတော့မယ့် အနေအထားမှာ ရှိနေပါတယ်။
ရော်နယ်ဒိုထွက်ခွါပြီးနောက်ပိုင်းမှာ သူ့ရဲ့နေရာမှာ ဘယ်ကစားသမားနဲ့ အစားထိုးမလဲ၊ ကျောနံပတ်(၇)ကိုဘယ်သူ ဆက်ခံမလဲဆိုတာတွေကလည်းစိတ်ဝင်စားစရာဖြစ်လာပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကျောနံပတ်(၇)ကို ထိုက်ထိုက်တန်တန် ဝတ်ဆင်ကစားနိုင်တဲ့ ကစားသမားအနည်းငယ်သာရှိနေတာပါ။ ရော်နယ်ဒိုနောက်ပိုင်း ကျောနံပတ်(၇)နဲ့ အထိုက်တန်ဆုံးက ဘယ်သူလည်းလို့ မေးလိုက်တာနဲ့ လက်ရှိကစားသမားတွေထဲမှာ ပထမဆုံးပြေးမြင်ရမှာကတော့ ဂါနာချိုပါပဲ။
ဂါနာချိုရဲ့ လက်ရှိကစားပုံ သည် 1 ချိန်က ရော်နယ်ဒို ယူနိုက်တက်ကို စရောက်ချိန်မှာ ကစားခဲ့တဲ့ပုံနဲ့ ဆင်တူနေတာကိုလည်း သတိထားမိမှာပါ။ ငယ်ရွယ်ပြီး၊ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်တဲ့အပြင်အကြောက်အလန့်မရှိ တွန်းတွန်းတိုက်တိုက် ကစားတတ်တဲ့ လူငယ်ကြယ်ပွင့် 1 ယောက် ဖြစ်ပါတယ်။ အဆုံးသတ် သေချာမှုနဲ့ ဘောလုံးစကေးရှိပြီး ပြိုက်ဘက်ခံစစ်ကို ကောင်းကောင်းအလုပ်ရှုပ်စေတတ်တဲ့ ဂါနာချို သည် အနာဂတ်ရဲ့ ကျောနံပတ်(၇)ပိုင်ရှင် ဦးစားပေးဖြစ်လာဘို့. ရှိနေတာပါ။
နောက်ထပ် ကျောနံပတ်(၇)ကို ဝတ်ဆင်ကစားဘို့. အလားအလာရှိနေတဲ့ ကစားသမားကတော့ ဆန်ချို ဖြစ်ပါတယ်။ နောက်ထပ် နံပတ်(၇)ကို ဝတ်ဆင်နိုင်တဲ့ ကစားသမားကတော့ ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် မှာ ခေါ်ယူလာနိုင်တဲ့ တိုက်စစ် ကစားသမား အသစ်ကို မြင်တွေ့ရဘို့.လည်း ရှိနေပါသေးတယ်။ ယူနိုက်တက်အသင်းရဲ့ နတ်ကြီးတဲ့ ဂန္တဝင်ကျောနံပတ်(၇)ဟာ ရော်နယ်ဒိုနောက်ပိုင်းမှာ ဘယ်သူနဲ့အထိုက်တန်ဆုံးလည်းဆိုတာ မှတ်ချက်ပေးခဲ့ကြပါအုံး။
crd