crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း ညခင်းသတင်းတိုများ
PSG အသင်းဥက္ကဌ Nasser al-Khelaifi သည် အသင်းကိုဝယ်ယူရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသော်လည်း QSI အဖွဲ့ထဲတွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပစ်မှတ် တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ Paulo Dybala ကို ခေါ်ယူမယ်ဆိုရင် ဒီနွေရာသီမှာ ပေါင် 10.7 သန်းသာ ရရှိနိုင်ကြောင်း အသိပေးထားပြီးဖြစ်သည်။
ဂိုးသမား ဒီဂီယာသည် လိဒ်ယူနိုက်တက်နှင့်ပွဲတွင်ပါဝင်ပြီးနောက် ယူနိုက်တက်အတွက်ပရီးမီးယားလိဂ်တွင် ပွဲပေါင်း(400) အထိကစားပေးခဲ့သည့် ပထမဆုံးဂိုးသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။ ဒီဂီယာသည် ယနေ့လိဒ်ယူနိုက်တက်နှင့် ပွဲစဥ်တွင် Clean Sheet ရရှိပြီးနောက် ဂန္တဝင်ဂိုးသမား ပီတာရှမိုက်ကယ်၏ ယူနိုက်တက်အတွက် Clean Sheet ရရှိမှု (178)ပွဲကို လိုက်မီခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Fabrizio Romano ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တဒ်သည် Garnacho နဲ့ သူ့ရဲ့ကိုယ်စားလှယ်များထံ စာချုပ်သစ်ကမ်းလှမ်းမှု ပေးပို့ထားပြီးဖြစ်တယ်လို့ သိထားရပြီး နှစ်ဦးနှစ်ဖက်ကြား ဆွေးနွေးမှုများဟာ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အသစ်ချုပ်ဆိုမယ့် စာချုပ်သက်တမ်းနဲ့ ကစားသမားရဲ့ ပုံရိပ်အသုံးပြုခွင့်တို့ကို အဓိကဆွေးနွေးနေပြီး မကြာခင်မှာ အပြီးသတ်သဘောတူညီမှုရရှိနိုင်မယ်လို့ ယူနိုက်တဒ်တာဝန်ရှိသူတွေက အပြည့်အဝယုံကြည်ထားပါတယ်။
ယူနိုက်တဒ်ကွင်းလယ်လူ Marcel Sabitzer ဟာ လာမယ့်ကြာသပတေးညမှာကစားမယ့် ဘာစီလိုနာနဲ့ Europa League Play-Off ပွဲစဉ် ပထမအကျော့ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားမှာဖြစ်ပါတယ်။ Sabitzer ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ ပါဝင်ကစားခဲ့စဉ်က အဝါကဒ် ၃ကဒ်ထိခဲ့တဲ့အတွက်ကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပြီး ဘာစီလိုနာနဲ့ကစားမယ့် ပထမအကျော့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗလာဟိုဗစ်က
ဂျူဗင်တပ်ရဲ့ ပြဿနာတွေ ကြားထဲမှာ ဆက်လက် မနေလိုတော့တာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေပြီး ဗလာဟိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူ ကိုယ်တိုင်က တိုက်စစ်မှူး တဦး ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ဆက်သွယ်ကာ သူ့ရဲ့ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာချင်နေကြောင်း အသိပေးခဲ့တယ်လို့ သိရသည်။
လီပါပူးအသင်းအနေဖြင့် နွေရာသီအပြောင်းရွေ့မှာ နာပိုလီတိုက်စစ်ကစားသမား အိုစီဟင်ကိုခေါ်ယူရေးပြိုင်ပွဲမှာ ပါဝင်လာပြီဖြစ်ကြောင်းသိရသည်။ ယခင် ယူနိူက်တက်၊ ချဲလ်ဆီးအသင်းတို့က အိုစီဟင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေဖြစ်ပြီး လက်ရှိမှာလီပါပူးအသင်းကလဲ နွေရာသီမှာတိုက်စစ်ကစားသမားအင်အားဖြည့်တင်းဖို့အတွက်အခုလိုမျိုး ပုံစံ ကောင်းပြသနေတဲ့အိုစီဟင်ထံကိုမြားဦးလှည့်လာ့ခြင်းဖြစ်သည်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ Royal Antwerp ရဲ့ အဆင့်သတ်မှတ်ခံထားရတဲ့ ကွင်းလယ်ကစားသမား Arthur Vermeeren (18 နှစ်) ကို စောင့်ကြည့်နေပါတယ်။ Antwerp က သူ့ကို ပေါင် သန်း 20 ဝန်းကျင်နဲ့ တန်ကြေးပေးပြီး ယူနိုက်တက်က သူ့ကို စိတ်ဝင်စားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Fred သည် လိဒ်နှင့်ပွဲတွင် ယူနိုက်တက်အသင်း ဘောလုံးပိုင်ဆိုင်မှု ပြန်ရစေသည့် ဖျက်ထုတ်မှု ၈ ကြိမ် ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ပွဲတစ်ပွဲ၌ အများဆုံးသော ပမာဏလည်း ဖြစ်သည်။ ထို့ပြင် Fred သည် sky sports မှပေးသော Man of the Match ဆုကိုလည်း ရရှိခဲ့သည်။