မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ မထင္မွတ္ဘဲ ရင္ဆိုင္ရႏိုင္တဲ့ သရဲနီဘုရင္ေဟာင္းႀကီး ေရာ္နယ္ဒို

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ မထင္မွတ္ဘဲ ရင္ဆိုင္ရႏိုင္တဲ့ သရဲနီဘုရင္ေဟာင္းႀကီး ေရာ္နယ္ဒို
တန္ဟက္ဂ္၊ မန္ယူႏိုက္တက္တို႔နဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ မထင္မွတ္ဘဲ မထင္မွတ္ဘဲ ရင္ဆိုင္ယွဥ္ၿပိဳင္ရႏိုင္တဲ့ ေဆာ္ဒီကလပ္ အယ္လ္နက္ဆာေရာက္ GOATႀကီး ေရာ္နယ္ဒို

ေရာ္နယ္ဒိုသည္ ေဆာ္ဒီကလပ္ အယ္လ္နက္ဆာႏွင့္ တစ္ႏွစ္လုပ္ခေပါင္ ၁၇၅ သန္းျဖင့္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေသာ္လည္း ၎၏စာခ်ဳပ္တြင္ နယူးကာဆယ္အသင္း၌ အငွားျဖင့္ သြားေရာက္ကစားခြင့္ စာပိုဒ္တစ္ခုကို ထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္း သတင္းမ်ားက ေဖာ္ျပသည္။

နယူးကာဆယ္အေနျဖင့္ လာမည့္ႏွစ္တြင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရပါက ပရီးမီးယားလိဂ္ကလပ္အသင္းတြင္ အငွားျဖင့္သြားကစားျခင္းကိုခြင့္ျပဳရန္ ေရာ္နယ္ဒိုက အယ္လ္နက္ဆာအသင္းႏွင့္ ယခုကတည္းက သေဘာတူညီမႈယူထားျခင္းျဖစ္သည္။

မန္ေနဂ်ာ အက္ဒီေဟာင္ဝီ၏နယူးကာဆယ္အသင္းသည္ လက္ရွိအခ်ိန္တြင္ ပရီးမီးယားလိဂ္ အဆင့္ ၃ ေနရာ၌ရပ္တည္ေနသည္။ ေဆာ္ဒီအေျခစိုက္စီးပြားေရးလုပ္ငန္းစုတစ္ခုက ပိုင္ဆိုင္ေသာနယူးကာဆယ္သည္ ၿပီးခဲ့ေသာႏွစ္တြင္ ပိုင္ရွင္အေျပာင္းအလဲျဖစ္ၿပီးေနာက္ ကစားသမားသစ္ အမ်ားအျပားေခၚယူအားျဖည့္ခဲ့သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရရန္လည္း အလားအလာ ေကာင္းေနသည္။

အယ္လ္နက္ဆာအသင္းသို႔ေရာက္ရွိလာေသာ ေရာ္နယ္ဒိုကို ႀကိဳဆိုေနၾကသည့္ ပရိသတ္မ်ား
နယူးကာဆယ္သည္ လက္ရွိေဘာလုံးရာသီတြင္ အဆင့္ ၄ အတြင္းဝင္ၿပီး လာမည့္ႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရပါက ေရာ္နယ္ဒိုသည္ စိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔အငွားျဖင့္လာေရာက္၍ ကစားခြင့္ျပဳရန္ ၎၏စာခ်ဳပ္တြင္ထည့္သြင္းသေဘာတူညီခ်က္ယူထားေၾကာင္း မာကာသတင္းစာက ေဖာ္ျပျခင္းျဖစ္သည္။ နယူးကာဆယ္သည္ လာမည့္ႏွစ္တြင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရပါက ဆယ္စုႏွစ္ႏွစ္ခု အတြင္းပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရျခင္းအျဖစ္ မွတ္တမ္းဝင္မည္ျဖစ္သည္။
ခရက္ဒစ္

Unicode
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြိုင်ဘက်တွေအဖြစ် မထင်မှတ်ဘဲ ရင်ဆိုင်ရနိုင်တဲ့ သရဲနီဘုရင်ဟောင်းကြီး ရော်နယ်ဒို
တန်ဟက်ဂ်၊ မန်ယူနိုက်တက်တို့နဲ့ ပြိုင်ဘက်တွေအဖြစ် မထင်မှတ်ဘဲ မထင်မှတ်ဘဲ ရင်ဆိုင်ယှဉ်ပြိုင်ရနိုင်တဲ့ ဆော်ဒီကလပ် အယ်လ်နက်ဆာရောက် GOATကြီး ရော်နယ်ဒို

ရော်နယ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နက်ဆာနှင့် တစ်နှစ်လုပ်ခပေါင် ၁၇၅ သန်းဖြင့် စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သော်လည်း ၎င်း၏စာချုပ်တွင် နယူးကာဆယ်အသင်း၌ အငှားဖြင့် သွားရောက်ကစားခွင့် စာပိုဒ်တစ်ခုကို ထည့်သွင်းချုပ်ဆိုထားကြောင်း သတင်းများက ဖော်ပြသည်။

နယူးကာဆယ်အနေဖြင့် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ပရီးမီးယားလိဂ်ကလပ်အသင်းတွင် အငှားဖြင့်သွားကစားခြင်းကိုခွင့်ပြုရန် ရော်နယ်ဒိုက အယ်လ်နက်ဆာအသင်းနှင့် ယခုကတည်းက သဘောတူညီမှုယူထားခြင်းဖြစ်သည်။

မန်နေဂျာ အက်ဒီဟောင်ဝီ၏နယူးကာဆယ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ် အဆင့် ၃ နေရာ၌ရပ်တည်နေသည်။ ဆော်ဒီအခြေစိုက်စီးပွားရေးလုပ်ငန်းစုတစ်ခုက ပိုင်ဆိုင်သောနယူးကာဆယ်သည် ပြီးခဲ့သောနှစ်တွင် ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် ကစားသမားသစ် အများအပြားခေါ်ယူအားဖြည့်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရရန်လည်း အလားအလာ ကောင်းနေသည်။

အယ်လ်နက်ဆာအသင်းသို့ရောက်ရှိလာသော ရော်နယ်ဒိုကို ကြိုဆိုနေကြသည့် ပရိသတ်များ
နယူးကာဆယ်သည် လက်ရှိဘောလုံးရာသီတွင် အဆင့် ၄ အတွင်းဝင်ပြီး လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ရော်နယ်ဒိုသည် စိန့်ဂျိမ်းစ်ပါ့ခ်သို့အငှားဖြင့်လာရောက်၍ ကစားခွင့်ပြုရန် ၎င်း၏စာချုပ်တွင်ထည့်သွင်းသဘောတူညီချက်ယူထားကြောင်း မာကာသတင်းစာက ဖော်ပြခြင်းဖြစ်သည်။ နယူးကာဆယ်သည် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ဆယ်စုနှစ်နှစ်ခု အတွင်းပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *