ယူနိုက်တက်နည်းပြအဖွဲ့ဝင်ထဲမှာပါဝင်တဲ့ ကစား သမားတွေရဲ့ကြံ့ခိုင်မူအချက်လက်၊ ကစားကွက်နည်းစနစ်ခွဲခြမ်းစိတ်ဖြာတဲ့ (ဒေတာသိပ္ပံဒါရိုက်တာ) ဂျိုဒန် အတွက် နောက်ထပ်အဖွဲ့ဝင်သစ်(4)ဦးလောက်ထပ်မံဖြည့်စွက်ဖို့ နည်းပြတန်ဟတ်က အကြံပြုထားပြီး ဒီဇန်နဝါရီမှာ သက်ဆိုင်ရာတာဝန်အသီးသီးတွက် ပစ်မှတ်ထားခေါ်ယူသွားမယ်လို့သိရပါတယ်။
crd
unicode
မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်း သတင်းတိုများ
ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂါနာနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ပြီးသည်နောက် ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် (5)ကြိမ်ဆက်တိတိဂိုးသွင်းယူနိုင်ခဲ့ သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းသိရသည်။
ဆော်ဒီအာရေဗျ၏ အားကစား၀န်ကြီးသည် ၎င်းတို့၏အစိုးရအနေဖြင့် မန်ချက်စတာယူနိုက်တက် သို့မဟုတ် လီဗာပူး အသင်းတို့အတွက် ဆော်ဒီအာရေဗျ ပုဂ္ဂလိဂဆိုင်ရာ လေလံဈေးအဆိုတင်သွင်းမှုများကို အပြည့်အ၀ထောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။
ဂါနာအသင်းကို ၃-၂ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီအသင်းမှာလည်း ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီး ပေါ်တူဂီအသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေအတွက် တိကျတဲ့ ဂိုးဖန်တီးပေးပို့မှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားအသင်းနဲ့ ၀-၀ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ဥရုဂွေး အသင်း ရဲ့ တောင်ပံတိုက်စစ်အတွက် ယူနိုက်တက် လူငယ်ကစားသမား ပယ်လစ်ထရီ ဟာ ပွဲချိန် ၈၈ မိနစ် အထိ ပါဝင်ကစားသွားခဲ့ပါတယ်။
ယူနိူက်တက်နည်းပြအဖွဲ့ဝင်ထဲမှာပါဝင်တဲ့ ကစား သမားတွေရဲ့ကြံ့ခိုင်မူအချက်လက်၊ ကစားကွက်နည်းစနစ်ခွဲခြမ်းစိတ်ဖြာတဲ့ (ဒေတာသိပ္ပံဒါရိုက်တာ) ဂျိုဒန် အတွက် နောက်ထပ်အဖွဲ့ဝင်သစ်(4)ဦးလောက်ထပ်မံဖြည့်စွက်ဖို့ နည်းပြတန်ဟတ်က အကြံပြုထားပြီး ဒီဇန်နဝါရီမှာ သက်ဆိုင်ရာတာဝန်အသီးသီးတွက် ပစ်မှတ်ထားခေါ်ယူသွားမယ်လို့သိရပါတယ်။
ဩဂုတ်လတွင် ဆေလ်ဘာဂ်အသင်းမှခေါ်ယူကာ အငှားပြန်ကစားနေသော လိုက်ပ်ဇစ်အသင်း၏ (၁၉)နှစ်အရွယ်တိုက်စစ်မှူး ဘန်ဂျမင်ဆက်ဆ်ကိုအား ယူနိုက်တက်မှ စိတ်၀င်စားလျက်ရှိသည်။ထို့အပြင် တန်ဟက်ဂ်အနေဖြင့် အာရွန်၀မ်ဘစ်ဆာကာအား အသင်းမှ လျှော့ချနိုင်ခဲ့ပါက ညာနောက်ခံလူတစ်ဦးထပ်မံခေါ်ယူလိုနေသည်။
အသင်းမှ Cristiano Ronaldo ထွက်ခွါသွားပြီးနောက် ရှယ်ယာတန်ဖိုးကျဆင်းသွားနိုင်တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် လက်ရှိမှာ အသင်းကိုရောင်းချမယ့်သတင်းတွေဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြီးခဲ့တဲ့ ၅ရက်အတွင်း ယူနိုက်တဒ်ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ 50% နီးပါး မြင့်တက်သွားကြောင်း သိရှိရပါတယ်။
Apple ၏ CEO ဖြစ်သူ Tim Cook ၏ ယူနိုက်တက်အတွက် အစီအစဉ်ထဲတွင် နောက်ဆုံးပေါ်နည်းပညာတို့ဖြင့် ကမ္ဘာ့အကောင်းဆုံးဟုသတ်မှတ်၍ရသော ကွင်းအသစ်ပြန်လည် ဆောက်လုပ်ရန်လည်း ပါ၀င်နိုင်သည်။
ယူနိုက်တဒ်နှင့် ရော်နယ်လ်ဒိုကြားနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းရာမှာ ရော်နယ်လ်ဒိုက လစာငွေတစ်စုံတစ်ရာ ထပ်မံရယူခြင်းမပြုရန်သဘောတူခဲ့တဲ့အတွက် ယူနိုက်တဒ်အနေနဲ့ ပေးချရမယ့်လစာငွေပေါင် ၁၇သန်းခန့် သက်သာသွားမှာဖြစ်ပါတယ်။ မူလက ယူနိုက်တဒ်ဟာ ဇူလိုင်လမှာတိုက်စစ်မှူးသစ်အတွက် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ လာမယ့်ဇန်နဝါရီစျေးကွက်မှာ အသင်းတိုက်စစ်ကိုအားဖြည့်ရန်အတွက် စျေးကွက်အတွင်းစတင်လေ့လာလှုပ်ရှားနေပြီဖြစ်တယ်လို့သိရပါတယ်။
ဂျေဒန်ဆန်ချိုဟာ လက်ရှိမှာ နည်းပြအဲရစ်တန်ဟဂ်အကြံပြုထားတဲ့ နယ်သာလန်နည်းပြများနှင့်လက်တွဲပြီး တစ်ဦးချင်းသီးသန့်လေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်နေတယ်လို့သိရပါတယ်။ ဆန်ချိုအနေနဲ့ ကမ္ဘာ့ဖလားအားလပ်ရက်ကို အကျိုးရှိရှိအသုံးချနေပြီး ကလပ်ပွဲတွေ ပြန်လည်စတင်ပါက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေစေရန်နှင့် အာရုံစူးစိုက်မှုအားကောင်းလာစေရန် ဦးစားပေးလေ့ကျင့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်သည် ကစားသမား ဘဝတစ်လျှောက် Nike မှထုတ်ပေးသည့် ဘောကန်ဖိနပ် သာဝတ်ဆင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပွဲစဥ်တုန်းက Adidas ဘောကန်ဖိနပ်ကိုဝတ်ဆင်ခဲ့သည်။ မကြာခင်အချိန်၌ မာတီနက်ဇ်မှာ Adidas နှင့်စာချုပ် ချုပ်ဆိုဖို့ရှိနေသည်။
အသင်းသည် Garnacho အား လက်ရှိမှာရော အနာဂတ်မှာပါ အရေးပါတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ရန် လွန်ခဲ့တဲ့ June လ ကတည်းက ဆွေးနွေးနေခဲ့တာ ဖြစ်ပြီး မကြာခင် သဘောတူညီမှုရလိမ့်မယ် ဟု ယုံကြည်လျက် ရှိသည် ။
crd
မန်ချက်စတာယူနိုက်တက်အသင်း နံနက်ခင်း သတင်းတိုများ
ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂါနာနဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ပြီးသည်နောက် ကမ္ဘာ့ ဖလားပြိုင်ပွဲတစ်လျှောက် (5)ကြိမ်ဆက်တိတိဂိုးသွင်းယူနိုင်ခဲ့ သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်းသိရသည်။
ဆော်ဒီအာရေဗျ၏ အားကစား၀န်ကြီးသည် ၎င်းတို့၏အစိုးရအနေဖြင့် မန်ချက်စတာယူနိုက်တက် သို့မဟုတ် လီဗာပူး အသင်းတို့အတွက် ဆော်ဒီအာရေဗျ ပုဂ္ဂလိဂဆိုင်ရာ လေလံဈေးအဆိုတင်သွင်းမှုများကို အပြည့်အ၀ထောက်ခံသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသွားသည်။
ဂါနာအသင်းကို ၃-၂ ဖြင့်အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီအသင်းမှာလည်း ယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ပွဲချိန်ပြည့်ပါဝင်ကစားသွားခဲ့ပြီး ပေါ်တူဂီအသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေအတွက် တိကျတဲ့ ဂိုးဖန်တီးပေးပို့မှု ၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားအသင်းနဲ့ ၀-၀ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ဥရုဂွေး အသင်း ရဲ့ တောင်ပံတိုက်စစ်အတွက် ယူနိုက်တက် လူငယ်ကစားသမား ပယ်လစ်ထရီ ဟာ ပွဲချိန် ၈၈ မိနစ် အထိ ပါဝင်ကစားသွားခဲ့ပါတယ်။
ယူနိူက်တက်နည်းပြအဖွဲ့ဝင်ထဲမှာပါဝင်တဲ့ ကစား သမားတွေရဲ့ကြံ့ခိုင်မူအချက်လက်၊ ကစားကွက်နည်းစနစ်ခွဲခြမ်းစိတ်ဖြာတဲ့ (ဒေတာသိပ္ပံဒါရိုက်တာ) ဂျိုဒန် အတွက် နောက်ထပ်အဖွဲ့ဝင်သစ်(4)ဦးလောက်ထပ်မံဖြည့်စွက်ဖို့ နည်းပြတန်ဟတ်က အကြံပြုထားပြီး ဒီဇန်နဝါရီမှာ သက်ဆိုင်ရာတာဝန်အသီးသီးတွက် ပစ်မှတ်ထားခေါ်ယူသွားမယ်လို့သိရပါတယ်။
ဩဂုတ်လတွင် ဆေလ်ဘာဂ်အသင်းမှခေါ်ယူကာ အငှားပြန်ကစားနေသော လိုက်ပ်ဇစ်အသင်း၏ (၁၉)နှစ်အရွယ်တိုက်စစ်မှူး ဘန်ဂျမင်ဆက်ဆ်ကိုအား ယူနိုက်တက်မှ စိတ်၀င်စားလျက်ရှိသည်။ထို့အပြင် တန်ဟက်ဂ်အနေဖြင့် အာရွန်၀မ်ဘစ်ဆာကာအား အသင်းမှ လျှော့ချနိုင်ခဲ့ပါက
ညာနောက်ခံလူတစ်ဦးထပ်မံခေါ်ယူလိုနေသည်။
အသင်းမှ Cristiano Ronaldo ထွက်ခွါသွားပြီးနောက် ရှယ်ယာတန်ဖိုးကျဆင်းသွားနိုင်တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် လက်ရှိမှာ အသင်းကိုရောင်းချမယ့်သတင်းတွေဆက်တိုက်ထွက်ပေါ်လာမှုကြောင့် ပြီးခဲ့တဲ့ ၅ရက်အတွင်း ယူနိုက်တဒ်ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ 50% နီးပါး မြင့်တက်သွားကြောင်း သိရှိရပါတယ်။
Apple ၏ CEO ဖြစ်သူ Tim Cook ၏ ယူနိုက်တက်အတွက် အစီအစဉ်ထဲတွင် နောက်ဆုံးပေါ်နည်းပညာတို့ဖြင့် ကမ္ဘာ့အကောင်းဆုံးဟုသတ်မှတ်၍ရသော ကွင်းအသစ်ပြန်လည် ဆောက်လုပ်ရန်လည်း ပါ၀င်နိုင်သည်။
ယူနိုက်တဒ်နှင့် ရော်နယ်လ်ဒိုကြားနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းရာမှာ ရော်နယ်လ်ဒိုက လစာငွေတစ်စုံတစ်ရာ ထပ်မံရယူခြင်းမပြုရန်သဘောတူခဲ့တဲ့အတွက် ယူနိုက်တဒ်အနေနဲ့ ပေးချရမယ့်လစာငွေပေါင် ၁၇သန်းခန့် သက်သာသွားမှာဖြစ်ပါတယ်။ မူလက ယူနိုက်တဒ်ဟာ ဇူလိုင်လမှာတိုက်စစ်မှူးသစ်အတွက် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန်စီစဉ်ထားသော်လည်း လက်ရှိအခြေအနေအရ လာမယ့်ဇန်နဝါရီစျေးကွက်မှာ အသင်းတိုက်စစ်ကိုအားဖြည့်ရန်အတွက် စျေးကွက်အတွင်းစတင်လေ့လာလှုပ်ရှားနေပြီဖြစ်တယ်လို့သိရပါတယ်။
ဂျေဒန်ဆန်ချိုဟာ လက်ရှိမှာ နည်းပြအဲရစ်တန်ဟဂ်အကြံပြုထားတဲ့ နယ်သာလန်နည်းပြများနှင့်လက်တွဲပြီး တစ်ဦးချင်းသီးသန့်လေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်နေတယ်လို့သိရပါတယ်။ ဆန်ချိုအနေနဲ့ ကမ္ဘာ့ဖလားအားလပ်ရက်ကို အကျိုးရှိရှိအသုံးချနေပြီး ကလပ်ပွဲတွေ ပြန်လည်စတင်ပါက ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေစေရန်နှင့် အာရုံစူးစိုက်မှုအားကောင်းလာစေရန် ဦးစားပေးလေ့ကျင့်နေတာဖြစ်ပါတယ်။
ယူနိုက်တက်နောက်ခံလူ မာတီနက်ဇ်သည် ကစားသမား ဘဝတစ်လျှောက် Nike မှထုတ်ပေးသည့် ဘောကန်ဖိနပ် သာဝတ်ဆင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပွဲစဥ်တုန်းက Adidas ဘောကန်ဖိနပ်ကိုဝတ်ဆင်ခဲ့သည်။ မကြာခင်အချိန်၌ မာတီနက်ဇ်မှာ Adidas နှင့်စာချုပ် ချုပ်ဆိုဖို့ရှိနေသည်။
အသင်းသည် Garnacho အား လက်ရှိမှာရော အနာဂတ်မှာပါ အရေးပါတဲ့ ကစားသမားအဖြစ်
သတ်မှတ်ထားတာကြောင့် စာချုပ်သစ် ချုပ်ဆိုနိုင်ရန် လွန်ခဲ့တဲ့ June လ ကတည်းက
ဆွေးနွေးနေခဲ့တာ ဖြစ်ပြီး မကြာခင် သဘောတူညီမှုရလိမ့်မယ် ဟု ယုံကြည်လျက် ရှိသည် ။
crd