မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ ထိပ္တိုက္ရင္ဆိုင္ရဖြယ္ရွိေနတဲ့ ပရိတ္သတ္အခ်စ္ေတာ္ သရဲနီေဟာင္းႀကီး ဝိန္း႐ြန္းနီ

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၿပိဳင္ဘက္ေတြအျဖစ္ ထိပ္တိုက္ရင္ဆိုင္ရဖြယ္ရွိေနတဲ့ ပရိတ္သတ္အခ်စ္ေတာ္ သရဲနီေဟာင္းႀကီး ဝိန္း႐ြန္းနီ
ပရိတ္သတ္အခ်စ္ေတာ္ သရဲနီေဟာင္းႀကီး ဝိန္း႐ြန္းနီကို ပရီးမီးယားလိဂ္ကို ျပန္လာႏိုင္ေအာင္ အကူအညီေပးႏိုင္ဖို႔ အခြင့္အေရးရွိေနတဲ့ မန္ယူႏိုက္တက္

အဲဗာတန္အသင္းဟာ သူတို႔အသင္းရဲ႕ နည္းျပျဖစ္သူ ဖရန္႔လမ္းပတ္ကိုသာ အသင္းနည္းျပရာထူးကေန ထုတ္ပယ္ျဖစ္လိုက္မယ္ဆိုရင္ အသင္းရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္သူ ဝိန္း႐ြန္းနီကို နည္းျပသစ္အျဖစ္ အစားထိုး ခန္႔အပ္သြားလိမ့္မယ္လို႔ talkSPORT ကေန ေဖာ္ျပလာခဲ့ပါတယ္။

လမ္းပတ္ရဲ႕ အဲဗာတန္အသင္း အီတီဟတ္မွာ မန္စီးတီးကို သေရရေအာင္ ကစားထားႏိုင္ခဲ့ေပမယ့္လည္း အသင္းက ပြဲစဥ္(၁၄)ကတည္းကေန ပြဲစဥ္(၁၉)ထိ လုံးဝ ႏိုင္ပြဲမရွိထားခဲ့သလို ပရီးမီးယားလိဂ္ ပြဲစဥ္မွာဆိုရင္လည္း ဂြတ္ဒီဆင္ပတ္ခ္မွာပါ ဘ႐ိုက္တန္အသင္းကို (၁)ဂိုး (၄)ဂိုးနဲ႔ပါ အျပတ္အသတ္ ရႈံးနိမ့္ခဲ့ရပါတယ္။

ဒီရႈံးပြဲေၾကာင့္ အဲဗာတန္အသင္း တာဝန္ရွိသူေတြက နည္းျပလမ္းပတ္ကို အသင္းက ထုတ္ပယ္ဖို႔အထိပါ ျပင္ဆင္လာခဲ့ၿပီး လာမယ့္ weekend အတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ အက္ေအဖလားပြဲမွာပါ ရလဒ္ထပ္ဆိုးမယ္ဆိုရင္ လမ္းပတ္ကို လုံးဝ ထုတ္ပယ္သြားဖြယ္ ရွိေနပါတယ္။

ေဘာလုံးသမားဘဝကေန အနားယူၿပီးေနာက္ ဒါဘီေကာင္တီ ခ်ယ္လ္ဆီးတို႔မွာ နည္းျပအျဖစ္ လုပ္ေဆာင္ခဲ့တဲ့ လမ္းပတ္ဟာ ၂၀၂၂ခုႏွစ္ ႏွစ္အစပိုင္းမွာပဲ အဲဗာတန္နည္းျပအျဖစ္ ခန္႔အပ္ခံခဲ့ရၿပီး အသင္းကို တန္းမဆင္းရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အသင္းက ရလဒ္ေတြ ျပန္လည္ ဆိုး႐ႊားေနတာေၾကာင့္ အဆင့္(၁၉)ေနရာထိပါ ေရာက္ရွိေနရပါတယ္။

ဒါေၾကာင့္ အဲဗာတန္အသင္းဘက္က နည္းျပအေျပာင္းအလဲ လုပ္ေဆာင္သြားဖို႔ စဥ္းစားလာခဲ့ၿပီး တကယ္လို႔ လမ္းပတ္ကိုသာ ထုတ္ပယ္လိုက္ၿပီဆိုရင္ သူ႔ေနရာမွာ ျပန္အစားထိုးဖို႔အတြက္ အသင္းရဲ႕ ကစားသမားေဟာင္းႀကီး ႐ြန္နီကို မ်က္စိက်ေနပါတယ္။ လက္ရွိမွာ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္အသင္းရဲ႕ နည္းျပအျဖစ္ ေဆာင္႐ႊက္ေနတဲ့ ႐ြန္နီဟာ အသင္းေဟာင္း ဒါဘီကေန ထြက္ခြာၿပီးေနာက္ သူ႔ကို အဲဗာတန္အသင္းက ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တယ္လို႔ ႐ြန္နီကိုယ္တိုင္ ေျပာဆိုထားခဲ့ဖူးၿပီး အခုလည္း လမ္းပတ္သာ ထုတ္ပယ္ခံရမယ္ဆိုရင္ ႐ြန္နီကို ေနာက္တစ္ႀကိမ္ ကမ္းလွမ္းလာႏိုင္ပါတယ္။

လက္ရွိမွာ ႐ြန္နီဟာ ဒီစီယူႏိုက္တက္အသင္းနဲ႔ လာမယ့္ ေဘာလုံးရာသီသစ္ကို ေဖေဖာ္ဝါရီလကုန္မွသာ စတင္ ကိုင္တြယ္ရမွာျဖစ္ေပမယ့္ ဒီစီနဲ႔ လက္တြဲထားတာက လပိုင္းသာ ရွိေနေသးတာေၾကာင့္ ဒီတစ္ႀကိမ္မွာလည္း အဲဗာတန္ရဲ႕ ကမ္းလွမ္းခ်က္ကို ႐ြန္နီ ပယ္ခ်ႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရပါလိမ့္မယ္။
crd

Unicode
မန်ချက်စတာယူနိုက်တက်နဲ့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိနေတဲ့ ပရိတ်သတ်အချစ်တော် သရဲနီဟောင်းကြီး ဝိန်းရွန်းနီ
ပရိတ်သတ်အချစ်တော် သရဲနီဟောင်းကြီး ဝိန်းရွန်းနီကို ပရီးမီးယားလိဂ်ကို ပြန်လာနိုင်အောင် အကူအညီပေးနိုင်ဖို့ အခွင့်အရေးရှိနေတဲ့ မန်ယူနိုက်တက်

အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ကိုသာ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်လိုက်မယ်ဆိုရင် အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဝိန်းရွန်းနီကို နည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်သွားလိမ့်မယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

လမ်းပတ်ရဲ့ အဲဗာတန်အသင်း အီတီဟတ်မှာ မန်စီးတီးကို သရေရအောင် ကစားထားနိုင်ခဲ့ပေမယ့်လည်း အသင်းက ပွဲစဉ်(၁၄)ကတည်းကနေ ပွဲစဉ်(၁၉)ထိ လုံးဝ နိုင်ပွဲမရှိထားခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင်လည်း ဂွတ်ဒီဆင်ပတ်ခ်မှာပါ ဘရိုက်တန်အသင်းကို (၁)ဂိုး (၄)ဂိုးနဲ့ပါ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီရှုံးပွဲကြောင့် အဲဗာတန်အသင်း တာဝန်ရှိသူတွေက နည်းပြလမ်းပတ်ကို အသင်းက ထုတ်ပယ်ဖို့အထိပါ ပြင်ဆင်လာခဲ့ပြီး လာမယ့် weekend အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် အက်အေဖလားပွဲမှာပါ ရလဒ်ထပ်ဆိုးမယ်ဆိုရင် လမ်းပတ်ကို လုံးဝ ထုတ်ပယ်သွားဖွယ် ရှိနေပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ဒါဘီကောင်တီ ချယ်လ်ဆီးတို့မှာ နည်းပြအဖြစ် လုပ်ဆောင်ခဲ့တဲ့ လမ်းပတ်ဟာ ၂၀၂၂ခုနှစ် နှစ်အစပိုင်းမှာပဲ အဲဗာတန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အသင်းက ရလဒ်တွေ ပြန်လည် ဆိုးရွှားနေတာကြောင့် အဆင့်(၁၉)နေရာထိပါ ရောက်ရှိနေရပါတယ်။

ဒါကြောင့် အဲဗာတန်အသင်းဘက်က နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ စဉ်းစားလာခဲ့ပြီး တကယ်လို့ လမ်းပတ်ကိုသာ ထုတ်ပယ်လိုက်ပြီဆိုရင် သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်းကြီး ရွန်နီကို မျက်စိကျနေပါတယ်။ လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ရွန်နီဟာ အသင်းဟောင်း ဒါဘီကနေ ထွက်ခွာပြီးနောက် သူ့ကို အဲဗာတန်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ရွန်နီကိုယ်တိုင် ပြောဆိုထားခဲ့ဖူးပြီး အခုလည်း လမ်းပတ်သာ ထုတ်ပယ်ခံရမယ်ဆိုရင် ရွန်နီကို နောက်တစ်ကြိမ် ကမ်းလှမ်းလာနိုင်ပါတယ်။

လက်ရှိမှာ ရွန်နီဟာ ဒီစီယူနိုက်တက်အသင်းနဲ့ လာမယ့် ဘောလုံးရာသီသစ်ကို ဖေဖော်ဝါရီလကုန်မှသာ စတင် ကိုင်တွယ်ရမှာဖြစ်ပေမယ့် ဒီစီနဲ့ လက်တွဲထားတာက လပိုင်းသာ ရှိနေသေးတာကြောင့် ဒီတစ်ကြိမ်မှာလည်း အဲဗာတန်ရဲ့ ကမ်းလှမ်းချက်ကို ရွန်နီ ပယ်ချနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *