မန္ခ်က္စတာမွာ ဘယ္ကတုံးက လက္ေစာင္းပိုထက္လဲဆိုတာကို ႏိုင္ပြဲနဲ႔ သက္ေသျပခဲ့တဲ့ တန္ဟက္ဂ္ရဲ႕ ပြဲၿပီးအင္တာဗ်ဴး
|ႏိုင္ပြဲနဲ႔အတူ ပက္ကတုံးကို ကလဲ့စားေခ်ႏိုင္ခဲ့တဲ့ ဆရာဟက္ကတုံးရဲ႕ ပြဲၿပီးအင္တာဗ်ဴး
မန္ခ်က္စတာမွာ ဘယ္ကတုံးက လက္ေစာင္းပိုထက္လဲဆိုတာကို ႏိုင္ပြဲနဲ႔ သက္ေသျပခဲ့တဲ့ တန္ဟက္ဂ္ရဲ႕ ပြဲၿပီးအင္တာဗ်ဴး
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ နည္းျပ ျဖစ္သူ အဲရစ္ တန္ဟတ္ က မန္ခ်က္စတာ ဒါဘီပြဲမွာ ဗဟို ခံစစ္ ေနရာကို လီဆန္ဒ႐ို မာတီနက္ဇ္ အစား လုခ္ေရွာ ကို သုံးခဲ့ရတာက ႀကံ့ခိုင္မႈ နဲ႔ နည္းစနစ္ပိုင္း အရပဲ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့လိုက္ပါတယ္ ။
ဒါ့အျပင္ ဒဏ္ရာ ျပသနာ ႀကဳံေတြ႕ေနခဲ့ရတဲ့ တိုက္စစ္မႉး အန္သိုနီ မာရွယ္ဟာ ေနာက္ဆုံး ႀကံ့ခိုင္မႈ စမ္းသပ္ခ်က္မွာ အဆင္ေျပေနခဲ့တာေၾကာင့္ ဒီေန႔ပြဲမွာ ေပ်ာ္ေပ်ာ္ႀကီး ထုတ္သုံးခဲ့ရတာပဲ ျဖစ္္ေၾကာင္း တန္ဟတ္က ထုတ္ေျပာသြားခဲ့လိုက္ပါတယ္ ။
မာရွယ္ဟာ ဒီရာသီ ႂကြက္သား ဒဏ္ရာ ၊ ေျခခ်င္းဝတ္ ဒဏ္ရာ ၊ ေနာက္ေက်ာ ဒဏ္ရာေတြေၾကာင့္ အသင္းရဲ႕ ပြဲေတြကို ကစားခြင့္ 13 ပါတ္ အထိ ဆုံးရႈံးထားခဲ့ရပါတယ္ ။ အခုလည္း သူဟာ ဒဏ္ရာ ျပသနာ အနည္းငယ္ ရွိေနခဲ့တာေၾကာင့္ မပါဝင္ေလာက္ဖူးလို႔ ထင္ခဲ့ရပါတယ္ ။
ဒါေပမဲ့ မာရွယ္ဟာ ပြဲစဥ္မတိုင္မီ ႀကံ့ခိုင္မႈ အေနအထား ေကာင္းမြန္ေနခဲ့တဲ့ အတြက္ ဒီပြဲမွာ ပြဲထြက္ လာခဲ့ရတာပဲ ျဖစ္ပါတယ္ ။ ဒါ့အျပင္ အဲရစ္ တန္ဟတ္ဟာ ခံစစ္ပိုင္းကို ပိုၿပီး ဆင္းကူႏိုင္စြမ္းရွိတဲ့ ဖရက္ဒ္ ကို ထည့္သြင္း ကစားေစခဲ့ၿပီး ခံစစ္ ပိုေကာင္းတဲ့ ဘစ္ဆာကာကို ထုတ္သုံးခဲ့ပါတယ္ ။
အခုေတာ့ ပြဲစဥ္မတိုင္မီ သတင္းစာ ရွင္းလင္းပြဲမွာ အဲရစ္ တန္ဟတ္ က ဘာေၾကာင့္ အခုလို ကစားသမား စာရင္းကို ပြဲထုတ္ခဲ့ရတာလဲ ၊ လုခ္ေရွာ နဲ႔ မာရွယ္ တို႔ဟာ ဘာေၾကာင့္ ပြဲထြက္လာခဲ့ၾကတာလဲဆိုတာကို ပရိသတ္ေတြဆီ ရွင္းျပသြားခဲ့လိုက္ပါတယ္ ။
” သူ (မာရွယ္) ႀကံ့ခိုင္ေနပါၿပီ ။ အဲ့တာေၾကာင့္ ဒီပြဲမွာ ပြဲထြက္လာခဲ့တာပါ ။ သူ႔အေနနဲ႔ progress ေတြ ေကာင္းမြန္ဖို႔ ပြဲကစားခ်ိန္ မိနစ္ အခုထက္ပိုၿပီး လိုအပ္ေနခဲ့ပါတယ္ ။ ဒါက ပြဲႀကီးပြဲေကာင္းျဖစ္ၿပီး သူဟာ ဒီလို ပြဲစဥ္ေတြမွာ အစြမ္္းျပႏိုင္ေၾကာင္း အရင္ထဲက ျပသခဲ့ဖူးတယ္ေလ ”
” ၿပီးခဲ့တဲ့ ရက္သတၱပါတ္ေတြတုန္းက ဗာရန္းနဲ႔ လုခ္ေရွာ တို႔ အတူ တြဲဖက္ ကစားရင္း Clean Sheet ေတြ ရယူေပးႏိုင္ခဲ့ၾကတယ္ေလ ။ ၿပီးေတာ့ လီခ်ာ (မာတီနက္ဇ္) လည္း ကမာၻ႔ ဖလား ၿပိဳင္ပြဲႀကီးကေန ျပန္လာပါၿပီ ။ သူဟာ ပြဲခ်ိန္္မိနစ္ေတြ သိပ္မရေသးဘူးေလ ”
” သူဟာ ခ်ာလ္တန္ နဲ႔ ပြဲစဥ္မွာ မိနစ္ 90 အျပည့္ ကစားခြင့္ ရရွိခဲ့ပါတယ္ ။ ဒါေပမဲ့ သူက ပြဲႀကီးပြဲေကာင္းေတြမွာပါဝင္္ ကစားေပးဖို႔ လိုအပ္ေသးတယ္ေလ ။ မိနစ္ 90 ကစားရတာက မ်ားတယ္လို႔ ေျပာလို႔ရပါတယ္ ။ ဘယ္လိုပဲ ျဖစ္ပါေစ ၊ သူဟာ ပါဝင္ ကစားေပးဖို႔ အသင့္ရွိေနပါတယ္ ”
” ၿပီးေတာ့ နည္းစနစ္ပိုင္းလည္း ပါဝင္ပါေသးတယ္ ။ ဒီပြဲမွာ ဟာလန္း ၊ ဒီဘ႐ိုင္း တို႔နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈပိုင္္း ယွဥ္ကစားႏိုင္ဖို႔ ၊ ေနာက္ခံ အစြန္လူေတြကို ကာဗာလုပ္္ေပးႏိုင္ဖို႔လည့္ ထည့္သြင္းစဥ္းစားရပါ့မယ္ ” လို႔ တန္ဟတ္္ က ေျပာခဲ့လိုက္တာပဲ ျဖစ္ပါတယ္ ။
crd
Unicode
နိုင်ပွဲနဲ့အတူ ပက်ကတုံးကို ကလဲ့စားချေနိုင်ခဲ့တဲ့ ဆရာဟက်ကတုံးရဲ့ ပွဲပြီးအင်တာဗျူး
မန်ချက်စတာမှာ ဘယ်ကတုံးက လက်စောင်းပိုထက်လဲဆိုတာကို နိုင်ပွဲနဲ့ သက်သေပြခဲ့တဲ့ တန်ဟက်ဂ်ရဲ့ ပွဲပြီးအင်တာဗျူး
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က မန်ချက်စတာ ဒါဘီပွဲမှာ ဗဟို ခံစစ် နေရာကို လီဆန်ဒရို မာတီနက်ဇ် အစား လုခ်ရှော ကို သုံးခဲ့ရတာက ကြံ့ခိုင်မှု နဲ့ နည်းစနစ်ပိုင်း အရပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။
ဒါ့အပြင် ဒဏ်ရာ ပြသနာ ကြုံတွေ့နေခဲ့ရတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ နောက်ဆုံး ကြံ့ခိုင်မှု စမ်းသပ်ချက်မှာ အဆင်ပြေနေခဲ့တာကြောင့် ဒီနေ့ပွဲမှာ ပျော်ပျော်ကြီး ထုတ်သုံးခဲ့ရတာပဲ ဖြစ််ကြောင်း တန်ဟတ်က ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
မာရှယ်ဟာ ဒီရာသီ ကြွက်သား ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာ ၊ နောက်ကျော ဒဏ်ရာတွေကြောင့် အသင်းရဲ့ ပွဲတွေကို ကစားခွင့် 13 ပါတ် အထိ ဆုံးရှုံးထားခဲ့ရပါတယ် ။ အခုလည်း သူဟာ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေခဲ့တာကြောင့် မပါဝင်လောက်ဖူးလို့ ထင်ခဲ့ရပါတယ် ။
ဒါပေမဲ့ မာရှယ်ဟာ ပွဲစဥ်မတိုင်မီ ကြံ့ခိုင်မှု အနေအထား ကောင်းမွန်နေခဲ့တဲ့ အတွက် ဒီပွဲမှာ ပွဲထွက် လာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အဲရစ် တန်ဟတ်ဟာ ခံစစ်ပိုင်းကို ပိုပြီး ဆင်းကူနိုင်စွမ်းရှိတဲ့ ဖရက်ဒ် ကို ထည့်သွင်း ကစားစေခဲ့ပြီး ခံစစ် ပိုကောင်းတဲ့ ဘစ်ဆာကာကို ထုတ်သုံးခဲ့ပါတယ် ။
အခုတော့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အဲရစ် တန်ဟတ် က ဘာကြောင့် အခုလို ကစားသမား စာရင်းကို ပွဲထုတ်ခဲ့ရတာလဲ ၊ လုခ်ရှော နဲ့ မာရှယ် တို့ဟာ ဘာကြောင့် ပွဲထွက်လာခဲ့ကြတာလဲဆိုတာကို ပရိသတ်တွေဆီ ရှင်းပြသွားခဲ့လိုက်ပါတယ် ။
” သူ (မာရှယ်) ကြံ့ခိုင်နေပါပြီ ။ အဲ့တာကြောင့် ဒီပွဲမှာ ပွဲထွက်လာခဲ့တာပါ ။ သူ့အနေနဲ့ progress တွေ ကောင်းမွန်ဖို့ ပွဲကစားချိန် မိနစ် အခုထက်ပိုပြီး လိုအပ်နေခဲ့ပါတယ် ။ ဒါက ပွဲကြီးပွဲကောင်းဖြစ်ပြီး သူဟာ ဒီလို ပွဲစဥ်တွေမှာ အစွမ််းပြနိုင်ကြောင်း အရင်ထဲက ပြသခဲ့ဖူးတယ်လေ ”
” ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ဗာရန်းနဲ့ လုခ်ရှော တို့ အတူ တွဲဖက် ကစားရင်း Clean Sheet တွေ ရယူပေးနိုင်ခဲ့ကြတယ်လေ ။ ပြီးတော့ လီချာ (မာတီနက်ဇ်) လည်း ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးကနေ ပြန်လာပါပြီ ။ သူဟာ ပွဲချိန််မိနစ်တွေ သိပ်မရသေးဘူးလေ ”
” သူဟာ ချာလ်တန် နဲ့ ပွဲစဥ်မှာ မိနစ် 90 အပြည့် ကစားခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမဲ့ သူက ပွဲကြီးပွဲကောင်းတွေမှာပါဝင်် ကစားပေးဖို့ လိုအပ်သေးတယ်လေ ။ မိနစ် 90 ကစားရတာက များတယ်လို့ ပြောလို့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူဟာ ပါဝင် ကစားပေးဖို့ အသင့်ရှိနေပါတယ် ”
” ပြီးတော့ နည်းစနစ်ပိုင်းလည်း ပါဝင်ပါသေးတယ် ။ ဒီပွဲမှာ ဟာလန်း ၊ ဒီဘရိုင်း တို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုင််း ယှဥ်ကစားနိုင်ဖို့ ၊ နောက်ခံ အစွန်လူတွေကို ကာဗာလုပ််ပေးနိုင်ဖို့လည့် ထည့်သွင်းစဥ်းစားရပါ့မယ် ” လို့ တန်ဟတ်် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
crd