မန္ခ်က္စတာဆိုတာ အနီ‌ေရာင္ျဖစ္ေၾကာင္း ေဆးျခယ္ခဲ့ၾကတဲ့ ဒါဘီပြဲမွ ထူးထူးျခားျခားေျပာစရာ အခ်က္မ်ား

မန္ခ်က္စတာဆိုတာ အနီ‌ေရာင္ျဖစ္ေၾကာင္း ေဆးျခယ္ခဲ့ၾကတဲ့ ဒါဘီပြဲမွ ထူးထူးျခားျခားေျပာစရာ အခ်က္မ်ား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ စေနေန႔က မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာစီးတီးကို ေနာက္ကေန အႏိုင္လိုက္ကစားခဲ့ၿပီးေနာက္ ၉ ပြဲအထိ ႏိုင္ပြဲဆက္စံခ်ိန္ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဂရီးလစ္ရွ္က မိနစ္ ၆၀ မွာ မန္စီးတီးအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ၇၈ မိနစ္မွာ ဖာနန္ဒက္စ္က အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ကေနတဆင့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ပုံမွန္ေျခစြမ္း ရရွိေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂါနာခ်ိဳရဲ႕ ေျမလွိမ့္ေဘာ ျဖတ္တင္ေပးပို႔မႈကို ညာေျခနဲ႔ အဆုံးသတ္ပိတ္သြင္းယူၿပီး အံ့အားသင့္ဖြယ္ ႏိုင္ပြဲကို ရယူေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိမွာေတာ့ အာဆင္နယ္၊ လီဗာပူးလ္၊ စပါးစ္၊ မန္စီးတီးတို႔ကို ယခုရာသီ အိမ္ကြင္းမွာ အႏိုင္ရရွိထားခဲ့ၿပီျဖစ္ၿပီး စေနေန႔ညေနပြဲစဥ္မွာ ပရိသတ္ေတြ မျမင္ေတြ႕ခဲ့ဘဲ လြတ္သြားခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ အခိုက္အတန႔္ေတြလည္း ရွိခဲ့ပါတယ္။

ေခါင္းေဆာင္ ဖာနန္ဒက္စ္
ဖာနန္ဒက္စ္ဟာ ပြဲစဥ္တေလွ်ာက္လုံး အသင္းေဖာ္ေတြကို ၫႊန္ၾကားခ်က္ေတြနဲ႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး ဘာေၾကာင့္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ေနရလဲဆိုတာကို ျပသခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္တစ္ကြင္းလုံး ဆူညံပြက္သြားေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးက ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ရွာေဖြဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ေဒးဗစ္ ဒေဟးယားက ခံစစ္မွာ ဆက္တိုက္ ေဘာလုံးအျပန္အလွန္ေပးပို႔မႈေတြမျပဳလုပ္ခင္မွာ ေဘာလုံးေပးပို႔မႈေတြထဲက တစ္ခုကို လြဲေခ်ာ္ခဲ့ပါတယ္။

ဖာနန္ဒက္စ္က အသင္းေဖာ္ေတြကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေခါင္းေအးေအးထားကစားဖို႔ လက္ဟန္ေျခဟန္ျပခဲ့ၿပီးေနာက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ပြဲအၿပီး အင္တာဗ်ဴးမွာ ဖာနန္ဒက္စ္က ရက္ရွ္ဖို႔ဒ္ကို ပရိသတ္ေတြဆီကေန ခ်ီးက်ဴးမႈေတြ ရရွိေအာင္ ေရွ႕ကို တြန္းထုတ္ခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးကို ၫႊန္ျပၿပီး ပရိသတ္ေတြကို အားေပးဖို႔ အမူအရာျပဳလုပ္ခဲ့ပါတယ္။

အႏိုင္ဂိုးကို တန္ဟက္ရဲ႕ တုံ႔ျပန္မႈ
မန္ခ်က္စတာယူႏိုက္တက္နည္းျပဟာ ပြဲကစားခ်ိန္ ၈ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ရက္ရွ္ဖို႔ဒ္က အႏိုင္ဂိုးကို သြင္းယူသြားခ်ိန္မွာ အလြန္ေပ်ာ္႐ႊင္သြားခဲ့ၿပီး ၎ရဲ႕ ဝမ္းေျမာက္မႈကို ျပသဖို႔ ထိန္းခ်ဳပ္ထားျခင္းမရွိဘဲ ကြင္းေဘးစည္းမွာ လက္သီးေတြကို ေလထဲ ထိုးၿပီး ေအာင္ပြဲခံခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ စေနေန႔ညေနမွာ ပရိသတ္ေတြ၊ အသင္းဝန္ထမ္းေတြနဲ႔ ကစားသမားေတြၾကားက စည္းလုံး ညီၫြတ္မႈကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လူစားလဲမယ့္အစီအစဥ္ကို အလ်င္အျမန္ ေျပာင္းလဲခဲ့မႈ
ဖာနန္ဒက္စ္က ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ တန္ဟက္ဟာ ကြင္းထဲကို ေစလႊတ္မယ့္ လူစားလဲလွယ္မႈအမ်ားအျပားကို မျပဳလုပ္ဖို႔ လ်င္လ်င္ျမန္ျမန္ ဆုံးျဖတ္ခဲ့ပါတယ္။ မက္ေတာ္မီေနး၊ လီဆန္ဒ႐ို မာတီနက္ဇ္တို႔ဟာ ကြင္းထဲ ဝင္ဖို႔ ျပင္ေနၾကၿပီျဖစ္ေပမယ့္လည္း ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္တဲ့အသင္းရဲ႕ လမႈိင္းကပ္လာမႈကို အေႏွာင့္အယွက္မျဖစ္ေအာင္ လူစားလဲလွယ္မႈေတြကို မျပဳလုပ္ေသးဘဲ ဆိုင္းငံ့ထားခဲ့တာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ေနာက္က် အႏိုင္ဂိုးကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္မွာ တန္ဟက္ရဲ႕ ႐ုတ္တရက္ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္က မွန္ကန္ခဲ့တယ္ဆိုတာ သက္ေသထူႏိုင္ခဲ့ၿပီး မိနစ္ ၉၀ ေက်ာ္မွသာ မက္ေတာ္မီေနးနဲ႔ မာတီနက္ဇ္တို႔ကို လူစားဝင္ကစားေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာဒါဘီႏိုင္ပြဲကို ေစာင့္ၾကည့္ခဲ့တဲ့ ဗက္ေဟာ့စ္
မန္ခ်က္စတာယူႏိုက္တက္ကစားသမားသစ္ ေဗာက္ ဗက္ေဟာ့စ္ဟာ မန္ခ်က္စတာဒါဘီကို မိသားစုနဲ႔အတူ ပြဲၾကည့္စင္ကေန ေစာင့္ၾကည့္ခဲ့ၿပီး ေသာၾကာေန႔ညေနမွာ ဒတ္ခ်္တိုက္စစ္မႉးကို ယူႏိုက္တက္ကစားသမားအျဖစ္ ေၾကညာခဲ့တာျဖစ္ပါတယ္။ ဗက္ေဟာ့စ္ဟာ စေနေန႔ ဒါဘီပြဲစဥ္မွာ ပါဝင္ကစားေပးဖို႔အတြက္ လူစာရင္းသြင္းတာ ေနာက္က်သြားခဲ့ေပမယ့္လည္း ဗုဒၶဟူးေန႔ ပဲေလ့စ္နဲ႔ပြဲမွာေတာ့ ပြဲဦးထြက္ပါဝင္ကစားေပးသြားဖြယ္ရွိပါတယ္။ ဗက္ေဟာ့စ္ဟာ အိုးထရက္ဖို႔ဒ္က သည္းထိတ္ရင္ဖိုစရာ ဒါဘီပြဲစဥ္ကို ၾကည့္ရႈၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားအျဖစ္ ပါဝင္ကစားေပးရတဲ့အခ်ိန္က်ရင္ ဘယ္လိုေတာင္းဆိုမႈေတြ ရွိလဲဆိုတာကို နားလည္သြားေလာက္ပါတယ္။
crd

Unicode
မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့က မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးကို နောက်ကနေ အနိုင်လိုက်ကစားခဲ့ပြီးနောက် ၉ ပွဲအထိ နိုင်ပွဲဆက်စံချိန် ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂရီးလစ်ရှ်က မိနစ် ၆၀ မှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ၇၈ မိနစ်မှာ ဖာနန်ဒက်စ်က အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကနေတဆင့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က နောက်ထပ် ၄ မိနစ်အကြာမှာ ဂါနာချိုရဲ့ မြေလှိမ့်ဘော ဖြတ်တင်ပေးပို့မှုကို ညာခြေနဲ့ အဆုံးသတ်ပိတ်သွင်းယူပြီး အံ့အားသင့်ဖွယ် နိုင်ပွဲကို ရယူပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာတော့ အာဆင်နယ်၊ လီဗာပူးလ်၊ စပါးစ်၊ မန်စီးတီးတို့ကို ယခုရာသီ အိမ်ကွင်းမှာ အနိုင်ရရှိထားခဲ့ပြီဖြစ်ပြီး စနေနေ့ညနေပွဲစဉ်မှာ ပရိသတ်တွေ မမြင်တွေ့ခဲ့ဘဲ လွတ်သွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။

ခေါင်းဆောင် ဖာနန်ဒက်စ်
ဖာနန်ဒက်စ်ဟာ ပွဲစဉ်တလျှောက်လုံး အသင်းဖော်တွေကို ညွှန်ကြားချက်တွေနဲ့ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပြီး ဘာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်နေရလဲဆိုတာကို ပြသခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်တစ်ကွင်းလုံး ဆူညံပွက်သွားစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ဒုတိယမြောက် ဦးဆောင်ဂိုးကို ရှာဖွေဖို့ ကြိုးပမ်းနေချိန်မှာ ဒေးဗစ် ဒဟေးယားက ခံစစ်မှာ ဆက်တိုက် ဘောလုံးအပြန်အလှန်ပေးပို့မှုတွေမပြုလုပ်ခင်မှာ ဘောလုံးပေးပို့မှုတွေထဲက တစ်ခုကို လွဲချော်ခဲ့ပါတယ်။

ဖာနန်ဒက်စ်က အသင်းဖော်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ခေါင်းအေးအေးထားကစားဖို့ လက်ဟန်ခြေဟန်ပြခဲ့ပြီးနောက် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ပွဲအပြီး အင်တာဗျူးမှာ ဖာနန်ဒက်စ်က ရက်ရှ်ဖို့ဒ်ကို ပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ ရရှိအောင် ရှေ့ကို တွန်းထုတ်ခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးကို ညွှန်ပြပြီး ပရိသတ်တွေကို အားပေးဖို့ အမူအရာပြုလုပ်ခဲ့ပါတယ်။

အနိုင်ဂိုးကို တန်ဟက်ရဲ့ တုံ့ပြန်မှု
မန်ချက်စတာယူနိုက်တက်နည်းပြဟာ ပွဲကစားချိန် ၈ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်က အနိုင်ဂိုးကို သွင်းယူသွားချိန်မှာ အလွန်ပျော်ရွှင်သွားခဲ့ပြီး ၎င်းရဲ့ ဝမ်းမြောက်မှုကို ပြသဖို့ ထိန်းချုပ်ထားခြင်းမရှိဘဲ ကွင်းဘေးစည်းမှာ လက်သီးတွေကို လေထဲ ထိုးပြီး အောင်ပွဲခံခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ စနေနေ့ညနေမှာ ပရိသတ်တွေ၊ အသင်းဝန်ထမ်းတွေနဲ့ ကစားသမားတွေကြားက စည်းလုံး ညီညွတ်မှုကို နောက်ထပ်တစ်ကြိမ် ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လူစားလဲမယ့်အစီအစဉ်ကို အလျင်အမြန် ပြောင်းလဲခဲ့မှု
ဖာနန်ဒက်စ်က ချေပဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် တန်ဟက်ဟာ ကွင်းထဲကို စေလွှတ်မယ့် လူစားလဲလှယ်မှုအများအပြားကို မပြုလုပ်ဖို့ လျင်လျင်မြန်မြန် ဆုံးဖြတ်ခဲ့ပါတယ်။ မက်တော်မီနေး၊ လီဆန်ဒရို မာတီနက်ဇ်တို့ဟာ ကွင်းထဲ ဝင်ဖို့ ပြင်နေကြပြီဖြစ်ပေမယ့်လည်း ချေပဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့အသင်းရဲ့ လမှိုင်းကပ်လာမှုကို အနှောင့်အယှက်မဖြစ်အောင် လူစားလဲလှယ်မှုတွေကို မပြုလုပ်သေးဘဲ ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ကျ အနိုင်ဂိုးကို မြင်တွေ့ခဲ့ရပြီးနောက်မှာ တန်ဟက်ရဲ့ ရုတ်တရက်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်ဆိုတာ သက်သေထူနိုင်ခဲ့ပြီး မိနစ် ၉၀ ကျော်မှသာ မက်တော်မီနေးနဲ့ မာတီနက်ဇ်တို့ကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီနိုင်ပွဲကို စောင့်ကြည့်ခဲ့တဲ့ ဗက်ဟော့စ်
မန်ချက်စတာယူနိုက်တက်ကစားသမားသစ် ဗောက် ဗက်ဟော့စ်ဟာ မန်ချက်စတာဒါဘီကို မိသားစုနဲ့အတူ ပွဲကြည့်စင်ကနေ စောင့်ကြည့်ခဲ့ပြီး သောကြာနေ့ညနေမှာ ဒတ်ချ်တိုက်စစ်မှူးကို ယူနိုက်တက်ကစားသမားအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။ ဗက်ဟော့စ်ဟာ စနေနေ့ ဒါဘီပွဲစဉ်မှာ ပါဝင်ကစားပေးဖို့အတွက် လူစာရင်းသွင်းတာ နောက်ကျသွားခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ ပဲလေ့စ်နဲ့ပွဲမှာတော့ ပွဲဦးထွက်ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။ ဗက်ဟော့စ်ဟာ အိုးထရက်ဖို့ဒ်က သည်းထိတ်ရင်ဖိုစရာ ဒါဘီပွဲစဉ်ကို ကြည့်ရှုပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားအဖြစ် ပါဝင်ကစားပေးရတဲ့အချိန်ကျရင် ဘယ်လိုတောင်းဆိုမှုတွေ ရှိလဲဆိုတာကို နားလည်သွားလောက်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *