မန္ခ်က္စတာဆိုတာ အနီေရာင္ေျမျဖစ္ေၾကာင္း ေဆးေရာင္ျခယ္ခဲ့ၾကတဲ့ ဒါဘီပြဲမွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား

မန္ခ်က္စတာဆိုတာ အနီေရာင္ေျမျဖစ္ေၾကာင္း ေဆးေရာင္ျခယ္ခဲ့ၾကတဲ့ ဒါဘီပြဲမွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား
မန္ခ်က္စတာ‌ၿမိဳ႕ရဲ႕ အစစ္အမွန္ပိုင္ရွင္ေတြဟာ အနီေရာင္ျဖစ္ေၾကာင္း သက္ေသျပခဲ့တဲ့ ဒါဘီပြဲမွ သရဲနီကစားသမားမ်ားရဲ႕ Player Ratings အဆင့္သတ္မွတ္ခ်က္မ်ား

ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ ႏွစ္သင္း ျဖစ္ၾကတဲ့ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ မန္စီးတီး အသင္းတို႔ဟာ အိုးလ္ ထရပ္ဖို႔ဒ္ ကြင္းထဲမွာ မန္ခ်က္စတာ ဒါဘီပြဲ ကစားခဲ့ၾကၿပီး သရဲနီ တို႔ဟာ 2 – 1 ဆိုတဲ့ ရလဒ္နဲ႔ ေနာက္ထပ္ ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ၾကပါတယ္ ။

ဒီပြဲစဥ္ရဲ႕ ပထမပိုင္းမွာေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ႀကီးမားတဲ့ အခြင့္အေရး ႏွစ္ႀကိမ္ ရရွိခဲ့ေပမဲ့ အဆုံးသတ္ ညံ့ခဲ့တဲ့အတြက္ ဂိုးမရပဲ ျဖစ္ခဲ့ရပါတယ္ ။ အဲ့ဒီေနာက္ ပြဲခ်ိန္ ဒုတိယပိုင္းမွာေတာ့ မန္စီးတီး အတြက္ လူစားဝင္လာခဲ့တဲ့ ဂရီလစ္ရွ္ က ဦးေဆာင္ဂိုး သြင္းယူခဲ့ပါတယ္ ။

ဒါေပမဲ့ ပြဲခ်ိန္ 78 မိနစ္မွာ ရပ္ရွ္ဖို႔ ရဲ႕ ပါးနပ္မႈေၾကာင့္ ဘ႐ူႏို ဖာနန္ဒက္စ္ က ေျခပဂိုး ျပန္လည္ သြင္းယူသြားႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ ဒီဂိုးဟာ လူကြၽံေနခဲ့တယ္ဆိုတဲ့ ေလသံေတြ ထြက္ေပၚေနခဲ့ရတာေၾကာင့္ ကြၽမ္းက်င္သူေတြ ဘယ္္လို သုံးသပ္မလဲဆိုတာ ေစာင့္ၾကည့္ရပါေတာ့မယ္ ။

အဲ့ဒီေနာက္ 4 မိနစ္ အၾကာမွာပဲ ဂါနာခ်ိဳ ရဲ႕ ဖန္တီးေပးမႈကတဆင့္ ရပ္ရွ္ဖို႔ က ဦးေဆာင္ဂိုး ျပန္လည္ သြင္းယူသြားႏိုင္ခဲ့ပါတယ္ ။ အဲ့ဒီေနာက္ ပြဲခ်ိန္ 90 မိနစ္မွာ တန္ဟတ္က ခံစစ္ ကစားသမားေတြကို ထည့္သြင္းခဲ့ၿပီး ရလဒ္ကို ထိန္းသြားခဲ့ပါတယ္ ။

ဒီရလဒ္ေၾကာင့္ ယူႏိုက္တက္တို႔ဟာ မန္စီးတီးေအာက္ 1 မွတ္ အကြာ ၊ အာဆင္နယ္ ေအာက္ 6 မွတ္ အကြာ အဆင့္ 3 ေနရာကို တက္လွမ္းသြားႏိုင္ခဲ့ၾကပါတယ္ ။ ဒါေပမဲ့ မန္စီးတီး အာဆင္နယ္ အသင္းကို ထပ္မံ ဖိအားေပးႏိုင္ျခင္း မရွိခဲ့ပဲ ျဖစ္သြားခဲ့ရပါတယ္ ။

ရပ္ရွ္ဖို႔ ကေတာ့ 7 ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ 9 ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ ယူႏိုက္တက္ သမိုင္းရဲ႕ ဒုတိယေျမာက္ ကစားသမား ျဖစ္သြားခဲ့ရပါၿပီ ။ ကမာၻ႔ ဖလား ၿပိဳင္ပြဲၿပီးေနာက္ ယူႏိုက္တက္တို႔ ရာႏႈန္းျပည့္ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့တဲ့ ပြဲမွ ႏွစ္ဖက္ ကစားသမားေတြရဲ႕ rating ကို ေဖာ္ျပေပးလိုက္ပါတယ္ ။

မန္ခ်က္စတာ ယူႏိုက္တက္
ဒီဂီယာ (6)
လက္ထက္ ေျခေထာက္ကို ပိုၿပီး အသုံးျပဳ ကစားခဲ့ရပါတယ္ ။ ေပးဂိုးအတြက္ ဘာမွ လုပ္ႏိုင္ခြင့္ မရွိခဲ့ရပါဘူး ။

ဘစ္ဆာကာ (7)
ခံစစ္ အေတာ္ေလးလုံခဲ့ၿပီး တိုက္စစ္ လိုက္ပါ ကစားခ်ိန္မွာလည္း အရင္က ဘစ္ဆာကာမွ ဟုတ္ရဲ႕လားလို႔ ေတြးရေလာက္တဲ့အထိ တိုးတက္လာခဲ့ရပါတယ္ ။

ဗာရန္း (7)
ဟာလန္းကို ေကာင္းေကာင္း ထိန္းကစားႏိုင္ခဲ့ၿပီး အျမင့္ေဘာေတြလည္း တည္တည္ၿငိမ္ၿငိမ္ ဦးယူႏိုင္ခဲ့ပါတယ္ ။

ေရွာ (7)
ဗာရန္းနဲ႔ အတြဲအဖက္ ညီေအာင္ ကစားႏိုင္ခဲ့ျပန္ၿပီး ေျခစြမ္းေကာင္း ျပသသြားႏိုင္ခဲ့ျပန္ပါတယ္ ။ လိုအပ္ခ်ိန္ေတြမွာ တိုက္စစ္အထိ လိုက္ပါေပးခဲ့ပါတယ္ ။

မာလာစီယာ (6)
ပြဲထြက္ခြင့္ ျပန္လည္ ထပ္မံရရွိခဲ့တဲ့ ပြဲမွာ ပထမအေက်ာ့တုန္းကထက္ ပိုေကာင္းျပႏိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ ဂရီလစ္ရွ္ ရဲ႕ ေပးဂိုးအတြက္ အမွားမကင္းခဲ့ျပန္ပါဘူး ။

ကာစီမီ႐ို (6)
ဒီဘ႐ိုင္း နဲ႔ ႐ိုဒရီ တို႔ကို ထိန္းခ်ဳပ္ကစားႏိုင္ဖို႔ အခက္ေတြ႕ခဲ့ရပါတယ္ ။ ဒီဘ႐ိုင္းမွ ဂရီလစ္ရွ္ဆီ ေဘာလုံး ေပးပို႔ခ်ိန္မွာ မျဖတ္ေတာက္ႏိုင္ခဲ့ပါဘူး ။

ဖရက္ဒ္ (8)
ကာစီမီ႐ိုကို အကူအညီေပးႏိုင္ၿပီး တိုက္စစ္လည္း လိုက္္ပါႏိုင္တဲ့ ကစားသမား လိုအပ္ေနတဲ့ပြဲမ်ိဳးမွာ ပြဲထြက္ခြင့္ရရွိိခဲ့ၿပီး ဒီဘ႐ိုင္းကို အေတာ္ေလး ဒုကၡေပးသြားႏိုင္ခဲ့ပါတယ္္ ။

အဲရစ္ဆင္ (5)
နံပါတ္ 10 ေနရာမွာ ကစားခဲ့ရၿပီး ပထမပိုင္း ခ်ိတ္ဆက္ ကစားပုံေတြ ၊ ထိခ်က္ေတြ ေကာင္းခဲ့ပါတယ္ ။ ဒါေပမဲ့ ဒုတိိယပိုင္းမွာ ေပ်ာက္ဆုံးေနခဲ့တဲ့အတြက္ လူစားလဲခံခဲ့ရပါတယ္ ။

ဘ႐ူႏို (7)
အခြင့္အေရးေကာင္း တစ္ႀကိမ္ကို ဆုံးရႈံးခဲ့ေပမဲ့ အေကာင္္းဆုံး ျပန္လည္ ကစားျပႏိုင္ခဲ့ၿပီး အေရးႀကီးတဲ့ ေျခပဂိုးကို သြင္းယူေပးသြားႏိုင္ခဲ့ပါတယ္ ။

ရပ္ရွ္ဖို႔ (8)
ကမာၻ႔ ဖလား ၿပိဳင္ပြဲထဲက ဂိုးျမဴးလာခဲ့တဲ့ ရပ္ရွ္ဖို႔ ဟာ ဒီပြဲမွာလည္း အေကာင္းဆုံး စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ၿပီး အဖိုးတန္ ေျခပဂိုး သြင္းယူသြားႏိုင္ခဲ့ပါတယ္ ။

မာရွယ္ (4)
ဒဏ္ရာေၾကာင့္ ပြဲေတြ သိပ္မကစားခဲ့ရတဲ့ ကစားသမားဟာ အခြင့္အေရးေတြ မၾကာခန ရရွိခဲ့ခ်ိန္မွာလည္း ေျခစြမ္္းမျပႏိုင္ပဲ ႐ုန္းကန္ခဲ့ရပါတယ္ ။

လူစားဝင္ ကစားသမားမ်ား…
အန္တိုနီ (5)
ဂါနာခ်ိဳ (7)
မာတီနက္ (NA)
ေတာ္မီေနး (NA)
မက္ဂြားယား (NA)
crd

Unicode
မန်ချက်စတာဆိုတာ အနီရောင်မြေဖြစ်ကြောင်း ဆေးရောင်ခြယ်ခဲ့ကြတဲ့ ဒါဘီပွဲမှ သရဲနီကစားသမားများရဲ့ Player Ratings အဆင့်သတ်မှတ်ချက်များ
မန်ချက်စတာ‌မြို့ရဲ့ အစစ်အမှန်ပိုင်ရှင်တွေဟာ အနီရောင်ဖြစ်ကြောင်း သက်သေပြခဲ့တဲ့ ဒါဘီပွဲမှ သရဲနီကစားသမားများရဲ့ Player Ratings အဆင့်သတ်မှတ်ချက်များ

ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး အသင်းတို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်ချက်စတာ ဒါဘီပွဲ ကစားခဲ့ကြပြီး သရဲနီ တို့ဟာ 2 – 1 ဆိုတဲ့ ရလဒ်နဲ့ နောက်ထပ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် ရရှိခဲ့ပေမဲ့ အဆုံးသတ် ညံ့ခဲ့တဲ့အတွက် ဂိုးမရပဲ ဖြစ်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ဒုတိယပိုင်းမှာတော့ မန်စီးတီး အတွက် လူစားဝင်လာခဲ့တဲ့ ဂရီလစ်ရှ် က ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 78 မိနစ်မှာ ရပ်ရှ်ဖို့ ရဲ့ ပါးနပ်မှုကြောင့် ဘရူနို ဖာနန်ဒက်စ် က ခြေပဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီဂိုးဟာ လူကျွံနေခဲ့တယ်ဆိုတဲ့ လေသံတွေ ထွက်ပေါ်နေခဲ့ရတာကြောင့် ကျွမ်းကျင်သူတွေ ဘယ််လို သုံးသပ်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

အဲ့ဒီနောက် 4 မိနစ် အကြာမှာပဲ ဂါနာချို ရဲ့ ဖန်တီးပေးမှုကတဆင့် ရပ်ရှ်ဖို့ က ဦးဆောင်ဂိုး ပြန်လည် သွင်းယူသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 90 မိနစ်မှာ တန်ဟတ်က ခံစစ် ကစားသမားတွေကို ထည့်သွင်းခဲ့ပြီး ရလဒ်ကို ထိန်းသွားခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ဟာ မန်စီးတီးအောက် 1 မှတ် အကွာ ၊ အာဆင်နယ် အောက် 6 မှတ် အကွာ အဆင့် 3 နေရာကို တက်လှမ်းသွားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မန်စီးတီး အာဆင်နယ် အသင်းကို ထပ်မံ ဖိအားပေးနိုင်ခြင်း မရှိခဲ့ပဲ ဖြစ်သွားခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ ကတော့ 7 ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာ 9 ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ယူနိုက်တက် သမိုင်းရဲ့ ဒုတိယမြောက် ကစားသမား ဖြစ်သွားခဲ့ရပါပြီ ။ ကမ္ဘာ့ ဖလား ပြိုင်ပွဲပြီးနောက် ယူနိုက်တက်တို့ ရာနှုန်းပြည့်နိုင်ပွဲ ရယူသွားနိုင်ခဲ့တဲ့ ပွဲမှ နှစ်ဖက် ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်
ဒီဂီယာ (6)
လက်ထက် ခြေထောက်ကို ပိုပြီး အသုံးပြု ကစားခဲ့ရပါတယ် ။ ပေးဂိုးအတွက် ဘာမှ လုပ်နိုင်ခွင့် မရှိခဲ့ရပါဘူး ။

ဘစ်ဆာကာ (7)
ခံစစ် အတော်လေးလုံခဲ့ပြီး တိုက်စစ် လိုက်ပါ ကစားချိန်မှာလည်း အရင်က ဘစ်ဆာကာမှ ဟုတ်ရဲ့လားလို့ တွေးရလောက်တဲ့အထိ တိုးတက်လာခဲ့ရပါတယ် ။

ဗာရန်း (7)
ဟာလန်းကို ကောင်းကောင်း ထိန်းကစားနိုင်ခဲ့ပြီး အမြင့်ဘောတွေလည်း တည်တည်ငြိမ်ငြိမ် ဦးယူနိုင်ခဲ့ပါတယ် ။

ရှော (7)
ဗာရန်းနဲ့ အတွဲအဖက် ညီအောင် ကစားနိုင်ခဲ့ပြန်ပြီး ခြေစွမ်းကောင်း ပြသသွားနိုင်ခဲ့ပြန်ပါတယ် ။ လိုအပ်ချိန်တွေမှာ တိုက်စစ်အထိ လိုက်ပါပေးခဲ့ပါတယ် ။

မာလာစီယာ (6)
ပွဲထွက်ခွင့် ပြန်လည် ထပ်မံရရှိခဲ့တဲ့ ပွဲမှာ ပထမအကျော့တုန်းကထက် ပိုကောင်းပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဂရီလစ်ရှ် ရဲ့ ပေးဂိုးအတွက် အမှားမကင်းခဲ့ပြန်ပါဘူး ။

ကာစီမီရို (6)
ဒီဘရိုင်း နဲ့ ရိုဒရီ တို့ကို ထိန်းချုပ်ကစားနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ဒီဘရိုင်းမှ ဂရီလစ်ရှ်ဆီ ဘောလုံး ပေးပို့ချိန်မှာ မဖြတ်တောက်နိုင်ခဲ့ပါဘူး ။

ဖရက်ဒ် (8)
ကာစီမီရိုကို အကူအညီပေးနိုင်ပြီး တိုက်စစ်လည်း လိုက််ပါနိုင်တဲ့ ကစားသမား လိုအပ်နေတဲ့ပွဲမျိုးမှာ ပွဲထွက်ခွင့်ရရှိိခဲ့ပြီး ဒီဘရိုင်းကို အတော်လေး ဒုက္ခပေးသွားနိုင်ခဲ့ပါတယ်် ။

အဲရစ်ဆင် (5)
နံပါတ် 10 နေရာမှာ ကစားခဲ့ရပြီး ပထမပိုင်း ချိတ်ဆက် ကစားပုံတွေ ၊ ထိချက်တွေ ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိိယပိုင်းမှာ ပျောက်ဆုံးနေခဲ့တဲ့အတွက် လူစားလဲခံခဲ့ရပါတယ် ။

ဘရူနို (7)
အခွင့်အရေးကောင်း တစ်ကြိမ်ကို ဆုံးရှုံးခဲ့ပေမဲ့ အကောင််းဆုံး ပြန်လည် ကစားပြနိုင်ခဲ့ပြီး အရေးကြီးတဲ့ ခြေပဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (8)
ကမ္ဘာ့ ဖလား ပြိုင်ပွဲထဲက ဂိုးမြူးလာခဲ့တဲ့ ရပ်ရှ်ဖို့ ဟာ ဒီပွဲမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး အဖိုးတန် ခြေပဂိုး သွင်းယူသွားနိုင်ခဲ့ပါတယ် ။

မာရှယ် (4)
ဒဏ်ရာကြောင့် ပွဲတွေ သိပ်မကစားခဲ့ရတဲ့ ကစားသမားဟာ အခွင့်အရေးတွေ မကြာခန ရရှိခဲ့ချိန်မှာလည်း ခြေစွမ််းမပြနိုင်ပဲ ရုန်းကန်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…
အန်တိုနီ (5)
ဂါနာချို (7)
မာတီနက် (NA)
တော်မီနေး (NA)
မက်ဂွားယား (NA)
crd

Add a Comment

Your email address will not be published. Required fields are marked *