မက္ဆီဖန္ေတြနဲ႔ အာဂ်င္ပရိတ္သတ္ေတြ ဘယ္ေလာက္မုန္းမုန္း ေရာ္နယ္လ္ဒိုကို ႐ူးသြပ္ကိုးကြယ္ေနဆဲျဖစ္ေၾကာင္း သက္ေသျပလိုက္တဲ့ သရဲနီေလး ဂါနာခ်ိဳ

မက္ဆီဖန္ေတြနဲ႔ အာဂ်င္ပရိတ္သတ္ေတြ ဘယ္ေလာက္မုန္းမုန္း ေရာ္နယ္လ္ဒိုကို ႐ူးသြပ္ကိုးကြယ္ေနဆဲျဖစ္ေၾကာင္း သက္ေသျပလိုက္တဲ့ သရဲနီေလး ဂါနာခ်ိဳ
သရဲနီဘုရင္ႀကိး စီေရာ္နယ္ဒိုကို ဘယ္ေလာက္အထိ ႐ူးသြပ္စြာ အားေပးတဲ့ ပရိသတ္တစ္ဦး ျဖစ္ေနလဲဆိုတာ ကို ျပသ သြားခဲ့တဲ့ သရဲနီေလး ဂါနာခ်ိဳ

မန္ယူႏိုက္တက္တို႔ရဲ႕ လူငယ္ကစားသမားေလး ဂနာခ်ိဳကေတာ့ မန္ယူႏိုက္တက္ ပရိသတ္ေတြ အတြက္ေတာ့ အသင္းအကယ္ဒမီကေန ထြက္ေပၚလာတဲ့ ေနာက္ဆုံး ထုတ္ကုန္တစ္ခုလို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
ဂရင္းဝုဒ္နဲ႔ ရက္ဖို႔ဒ္တို႔ ၿပီးရင္ အသင္းကေန ထြက္ေပၚလာတဲ့ အကယ္ဒမီထြက္ကစားသမားေတြထဲမွာ ဂနာခ်ိဳဟာ အလားအလာအေကာင္းဆုံးနဲ႔ အေတာက္ပဆုံး ကစားသမားတစ္ေယာက္အျဖစ္ ရွိေနတဲ့ သူလို႔ ဆိုရမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္က ကစားခဲ့တဲ့ အဲဗာတန္နဲ႔ အက္ဖ္ေအဖလား ပြဲစဥ္မွာလည္း ပြဲကစားခ်ိန္ မိနစ္(၇၀)ေလာက္မွာ လူစားဝင္ကစားသမား အျဖစ္ ဝင္ေရာက္ကစားခြင့္ရခဲ့ေပမဲ့ ဂနာခ်ိဳတစ္ေယာက္ ေျခစြမ္းျပကစားသြားႏိုင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။
ရက္ဖို႔ဒ္ရဲ႕ ပင္နယ္တီ သြင္းဂိုးကလည္း ဂနာခ်ိဳေၾကာင့္ ရရွိခဲ့တာ ျဖစ္ၿပီး ဂနာခ်ိဳတစ္ေယာက္က လက္ရွိမွာ မန္ယူႏိုက္တက္ အသင္းႀကီး အတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ရပ္တည္လ်က္ ရွိေနၿပီပဲ ျဖစ္ပါတယ္။

အာဂ်င္တီးနားသားတစ္ေယာက္ ျဖစ္ေပမဲ့လည္း စီေရာ္နယ္ဒိုကို ႐ူးသြပ္စြာ အားေပးတဲ့ကစားသမားေလး ဂနာခ်ိဳဟာ အဲဗာတန္နဲ႔ ပြဲစဥ္မွာ သူဟာ စီေရာ္နယ္ဒိုကို ဘယ္ေလာက္ အထိ ႐ူးသြပ္စြာ အားေပးတဲ့ ပရိသတ္တစ္ဦး ျဖစ္ေနလဲဆိုတာ ကို ျပသ သြားခဲ့ပါတယ္။

ပရိသတ္ေတြ အေနနဲ႔ ဂနာခ်ိဳဟာ စီေရာ္နယ္ဒို ပရိသတ္ အႀကီးစားတစ္ေယာက္ ျဖစ္တယ္ဆိုတာကို ပြဲကစားခ်ိန္အတြင္းမွာ သတိထားမိခဲ့ၾကတာ ျဖစ္ၿပီးေတာ့ ဂနာခ်ိဳဝတ္ထားတဲ့ ေအာက္ခံေဘာင္းဘီတံဆိပ္ဟာ CR(7) တံဆိပ္ ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။

စီေရာ္နယ္ဒို အေနနဲ႔ မန္ယူႏိုက္တက္နဲ႔ ျပႆနာတက္ၿပီး အသင္းကေန ထြက္ခြာ သြားခဲ့ရတယ္ဆိုေပမဲ ဒီကစားသမားရဲ႕ လႊမ္းမိုးမႈေတြကေတာ့ လူငယ္ကစားသမား ဂနာခ်ိဳ အေပၚမွာ သက္ေရာက္မႈ ႀကီးမားလ်က္ ရွိေနဆဲ ျဖစ္တယ္လို႔ ဆိုရမွာပါ။

စီေရာ္နယ္ဒိုဟာ မၾကာေသးခင္ကမွ ထြက္ေပၚလာခဲ့တဲ့ အင္တာဗ်ဴးမွာ မန္ယူႏိုက္တက္ အသင္းတာဝန္ရွိသူေတြ၊ နည္းျပျဖစ္သူ တန္ဟတ္နဲ႔ အသင္းေဖာ္ေဟာင္းေတြ၊ မန္ယူႏိုက္တက္မွာ ရွိစဥ္က ကစားသမားေတြကို ျပင္းထန္တဲ့ ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တဲ့ သူ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ပဲ မန္ယူႏိုက္တက္ ပရိသတ္ အခ်ိဳ႕က စီေရာ္နယ္ဒိုရဲ႕ လုပ္ရပ္ေတြ အေပၚမွာ စိတ္ပ်က္ခဲ့ၾကတာ ျဖစ္ၿပီး လက္ရွိ အသင္းရဲ႕ လူငယ္ကစားသမားေလး ဂနာခ်ိဳ အေပၚမွာလည္း စီေရာ္နယ္ဒိုရဲ႕ လႊမ္းမိုးမႈေတြ ရွိေနခဲ့တာကို သေဘာ မေတြ႕ ျဖစ္ေနခဲ့ၾကပါတယ္။

အထူးသျဖင့္ အသင္းအတြက္ ႏွစ္ေပါင္းမ်ားစြာ အားထားရမယ့္ ကစားသမားေလးတစ္ဦး အေပၚမွာ အသင္းအတြက္ အႏုတ္သေဘာေဆာင္ၿပီး ထြက္ခြာ သြားရတဲ့ ကစားသမားတစ္ဦးရဲ႕ လႊမ္းမိုးမႈေတြ ရွိေနတာကို ပရိသတ္ေတြကေတာ့ မလိုလားၾကပါဘူး။

မည္သို႔ပင္ဆိုေစာကာမူ ဂနာခ်ိဳကေတာ့ စီေရာ္နယ္ဒိုရဲ႕ ပရိသတ္ အႀကီးစားတစ္ဦး ျဖစ္ၿပီး တစ္ႏိုင္ငံထဲသာ မက္ဆီကိုေက်ာ္ၿပီးေတာ့ေတာင္ စီေရာ္နယ္ဒိုကို အိုင္ေဒါ အျဖစ္ သက္မွတ္ထားခဲ့တဲ့ သူ ျဖစ္တာေၾကာင့္ ဂနာခ်ိဳ အေပၚ စီေရာ္နယ္ဒိုရဲ႕ လႊမ္းမိုးမႈေတြက ေတာ္ေတာ္ေလးေတာ့ ႀကီးမားေနတာပဲ ျဖစ္ပါတယ္။
crd

Unicode
မက်ဆီဖန်တွေနဲ့ အာဂျင်ပရိတ်သတ်တွေ ဘယ်လောက်မုန်းမုန်း ရော်နယ်လ်ဒိုကို ရူးသွပ်ကိုးကွယ်နေဆဲဖြစ်ကြောင်း သက်သေပြလိုက်တဲ့ သရဲနီလေး ဂါနာချို
သရဲနီဘုရင်ကြိး စီရော်နယ်ဒိုကို ဘယ်လောက်အထိ ရူးသွပ်စွာ အားပေးတဲ့ ပရိသတ်တစ်ဦး ဖြစ်နေလဲဆိုတာ ကို ပြသ သွားခဲ့တဲ့ သရဲနီလေး ဂါနာချို

မန်ယူနိုက်တက်တို့ရဲ့ လူငယ်ကစားသမားလေး ဂနာချိုကတော့ မန်ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ အသင်းအကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ နောက်ဆုံး ထုတ်ကုန်တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
ဂရင်းဝုဒ်နဲ့ ရက်ဖို့ဒ်တို့ ပြီးရင် အသင်းကနေ ထွက်ပေါ်လာတဲ့ အကယ်ဒမီထွက်ကစားသမားတွေထဲမှာ ဂနာချိုဟာ အလားအလာအကောင်းဆုံးနဲ့ အတောက်ပဆုံး ကစားသမားတစ်ယောက်အဖြစ် ရှိနေတဲ့ သူလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ အဲဗာတန်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ပွဲကစားချိန် မိနစ်(၇၀)လောက်မှာ လူစားဝင်ကစားသမား အဖြစ် ဝင်ရောက်ကစားခွင့်ရခဲ့ပေမဲ့ ဂနာချိုတစ်ယောက် ခြေစွမ်းပြကစားသွားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ရက်ဖို့ဒ်ရဲ့ ပင်နယ်တီ သွင်းဂိုးကလည်း ဂနာချိုကြောင့် ရရှိခဲ့တာ ဖြစ်ပြီး ဂနာချိုတစ်ယောက်က လက်ရှိမှာ မန်ယူနိုက်တက် အသင်းကြီး အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် ရပ်တည်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားသားတစ်ယောက် ဖြစ်ပေမဲ့လည်း စီရော်နယ်ဒိုကို ရူးသွပ်စွာ အားပေးတဲ့ကစားသမားလေး ဂနာချိုဟာ အဲဗာတန်နဲ့ ပွဲစဉ်မှာ သူဟာ စီရော်နယ်ဒိုကို ဘယ်လောက် အထိ ရူးသွပ်စွာ အားပေးတဲ့ ပရိသတ်တစ်ဦး ဖြစ်နေလဲဆိုတာ ကို ပြသ သွားခဲ့ပါတယ်။

ပရိသတ်တွေ အနေနဲ့ ဂနာချိုဟာ စီရော်နယ်ဒို ပရိသတ် အကြီးစားတစ်ယောက် ဖြစ်တယ်ဆိုတာကို ပွဲကစားချိန်အတွင်းမှာ သတိထားမိခဲ့ကြတာ ဖြစ်ပြီးတော့ ဂနာချိုဝတ်ထားတဲ့ အောက်ခံဘောင်းဘီတံဆိပ်ဟာ CR(7) တံဆိပ် ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်နဲ့ ပြဿနာတက်ပြီး အသင်းကနေ ထွက်ခွာ သွားခဲ့ရတယ်ဆိုပေမဲ ဒီကစားသမားရဲ့ လွှမ်းမိုးမှုတွေကတော့ လူငယ်ကစားသမား ဂနာချို အပေါ်မှာ သက်ရောက်မှု ကြီးမားလျက် ရှိနေဆဲ ဖြစ်တယ်လို့ ဆိုရမှာပါ။

စီရော်နယ်ဒိုဟာ မကြာသေးခင်ကမှ ထွက်ပေါ်လာခဲ့တဲ့ အင်တာဗျူးမှာ မန်ယူနိုက်တက် အသင်းတာဝန်ရှိသူတွေ၊ နည်းပြဖြစ်သူ တန်ဟတ်နဲ့ အသင်းဖော်ဟောင်းတွေ၊ မန်ယူနိုက်တက်မှာ ရှိစဉ်က ကစားသမားတွေကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တဲ့ သူ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ မန်ယူနိုက်တက် ပရိသတ် အချို့က စီရော်နယ်ဒိုရဲ့ လုပ်ရပ်တွေ အပေါ်မှာ စိတ်ပျက်ခဲ့ကြတာ ဖြစ်ပြီး လက်ရှိ အသင်းရဲ့ လူငယ်ကစားသမားလေး ဂနာချို အပေါ်မှာလည်း စီရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေ ရှိနေခဲ့တာကို သဘော မတွေ့ ဖြစ်နေခဲ့ကြပါတယ်။

အထူးသဖြင့် အသင်းအတွက် နှစ်ပေါင်းများစွာ အားထားရမယ့် ကစားသမားလေးတစ်ဦး အပေါ်မှာ အသင်းအတွက် အနုတ်သဘောဆောင်ပြီး ထွက်ခွာ သွားရတဲ့ ကစားသမားတစ်ဦးရဲ့ လွှမ်းမိုးမှုတွေ ရှိနေတာကို ပရိသတ်တွေကတော့ မလိုလားကြပါဘူး။

မည်သို့ပင်ဆိုစောကာမူ ဂနာချိုကတော့ စီရော်နယ်ဒိုရဲ့ ပရိသတ် အကြီးစားတစ်ဦး ဖြစ်ပြီး တစ်နိုင်ငံထဲသာ မက်ဆီကိုကျော်ပြီးတော့တောင် စီရော်နယ်ဒိုကို အိုင်ဒေါ အဖြစ် သက်မှတ်ထားခဲ့တဲ့ သူ ဖြစ်တာကြောင့် ဂနာချို အပေါ် စီရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုတွေက တော်တော်လေးတော့ ကြီးမားနေတာပဲ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *