crd
unicode
ဘရိုက်တန်နှင့်ပွဲစဥ်မတိုင်မီ ယူနိုက်တက်ပရိသတ်တွေအတွက် သတင်းကောင်းနှစ်ရပ်
အန်သိုနီ မာရှယ်က ရာသီအဖွင့်ပွဲစဥ်ကို ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြင်ဆင်မှု အစီအစဥ်တွေကုိ အနည်းငယ် အခက်တွေ့စေပါတယ် ။ မာရှယ်ရဲ့ ရာသီကြိုမှာ ပြသထားတဲ့ ခြေစွမ်းတွေ ၊ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ နည်းပါးတဲ့ အချက်တွေကြောင့် ဒီသတင်းက နည်းပြ အဲရစ် တင်ဟာ့ခ်ကို ခေါင်းကိုက်စေမှာ သေချာပါတယ်။
တိုက်စစ်မှူး မာစီယဲလ်သည် ဒဏ်ရာကြောင့် ဘရိုက်တန် နှင့်ပွဲကို လွဲချော်မည်ဟု နည်းပြတန်ဟက်မှ အတည်ပြုခဲ့ သည်။ယခုလို ဒဏ်ရာပြဿနာသတင်းတွေ ရှိနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အတွက် သတင်းကောင်းအချို့လည်း ရှိနေပါတယ်။ ဖျားနာမှုတွေကြောင့် ယူနိုက်တက်ရဲ့ ကစားသမား ( ၂ ) ဦးဟာ လာမယ့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ပွဲစဥ်မှာ ပါဝင်လာနိုင်တော့မယ်လို့ သိရပါတယ်။
တယ်လီဂရပ်သတင်းဌာနက “ ဆန်ချိုဟာ စနေနေ့ အက်လသက်တီကိုနဲ့ ပွဲစဥ်ကို ဖျားနာမှုကြောင့် လွဲချော်ခဲ့ပြီးနောက် ပြန်လည်ကစားနိုင်ပြီဖြစ်ပါတယ်။ ဘယ်အစွန်နောက်ခံလူ လုခ်ရှောကလည်း နော်ဝေမှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဥ်ကို ဖျားနာမှုကြောင့် လွဲချော်ခဲ့တယ်။” လို့ ‌ေရးသားထားပါတယ်။
ကြာသပတေးနေ့က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ မျှဝေခဲ့တဲ့ လေ့ကျင့်‌ေရး ဓာတ်ပုံတွေမှာ ရှောကိုလည်း မြင်တွေ့ရပါတယ်။ ယူနိုက်တက်ရဲ့ နောက်ဆုံးရ ဒဏ်ရာသတင်းတွေအရ သူတို့ ( ၂ ) ဦးစလုံး ပါဝင်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒါကို အဲရစ်တင်ဟာ့ခ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုသွားခဲ့ပါတယ် ။
Add a Comment
Your email address will not be published. Required fields are marked *