ဘူပိတ္ေနတဲ့တိုက္စစ္ေၾကာင့္ခ်ဲလ္ဆီးနဲ႔ပြဲမွာ goatႀကီးကိုသတိရမိတယ္လို႔ ဖြင့္ဟဝန္ခံလိုက္တဲ့ တန္ဟဂ္
|ဘူပိတ္ေနတဲ့တိုက္စစ္ေၾကာင့္ခ်ဲလ္ဆီးနဲ႔ပြဲမွာ goatႀကီးကိုသတိရမိတယ္လို႔ ဖြင့္ဟဝန္ခံလိုက္တဲ့ တန္ဟဂ္
ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္းတသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ နည္းျပျဖစ္သူ အဲရစ္ တန္ဟက္ဂ္က ယမန္ေန႔ညမွာ ပရီးမီးယားလိဂ္ ပြဲစဥ္(၁၃) အျဖစ္ ခ်ယ္လ္ဆီးနဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္မွာ တဂိုးစီ သေရရလဒ္သာ ရခဲ့ၿပီးေနာက္ သူဟာ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ႐ိုနယ္ဒိုကို သတိရမိေၾကာင္း ပြဲအၿပီးမွာ ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္က ပရီးမီးယားလိဂ္ ပြဲစဥ္(၁၃) အျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္လုဘက္ ခ်ယ္လ္ဆီးကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားခဲ့ရာ ကစားကြက္ပိုင္းအရ အသာစီး ရခဲ့ေပမယ့္ တိုက္စစ္ကစားသမားေတြ ျဖစ္ၾကတဲ့ အန္တိုနီနဲ႔ ရက္ဖို႔ဒ္တို႔ရဲ႕ ဂိုးသြင္းမေသခ်ာမႈေၾကာင့္ သြင္းဂိုးေတြ ရရွိဖို႔ ႐ုန္းကန္ခဲ့ရၿပီး အဓိက ကြင္းလယ္ခံစစ္ ကစားသမား ကတ္စီမီ႐ိုရဲ႕ ေနာက္က်ေခ်ပဂိုးေၾကာင့္သာ သေရတမွတ္နဲ႔ အိမ္ျပန္ႏိုင္ခဲ့တာပါ။
ခ်ယ္လ္ဆီး ၁-၁ မန္ခ်က္စတာ ယူႏိုက္တက္ ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္က ေျခစြမ္းပိုင္း အသာစီးနဲ႔ ကစားႏိုင္ခဲ့သလို ဂိုးသြင္းခြင့္ေတြလည္း ရခဲ့ေပမယ့္ အန္တိုနီနဲ႔ ရက္ဖို႔ဒ္တို႔ရဲ႕ ဂိုးသြင္း မေသခ်ာမႈ ၊ ကီပါနဲ႔ ေဆးလ္ဗားတို႔ ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီးေနာက္တန္းရဲ႕ မာေက်ာ က်စ္လ်စ္မႈတို႔ေၾကာင့္ သြင္းဂိုးေတြ ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဂ္ကလည္း ဒဏ္ရာရေနတဲ့ မာရွယ္ ၊ ျပစ္ဒဏ္ေပးထားတဲ့ ႐ိုနယ္ဒိုတို႔ မရွိတာေၾကာင့္ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ သြင္းဂိုးေတြ လိုအပ္ေနခ်ိန္ တိုက္စစ္ျမႇင့္ဖို႔ ခက္ခဲခဲ့ပါတယ္။
ပြဲၿပီးဆုံးခ်ိန္မွာေတာ့ တန္ဟက္ဂ္က သူဟာ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ ႐ိုနယ္ဒိုနဲ႔ မာရွယ္တို႔လို အသင္းရဲ႕ အဓိက တိုက္စစ္မႉးေတြကို လြမ္းဆြတ္မိေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။ တန္ဟက္ဂ္က – “ကြၽန္ေတာ္တို႔မွာ မာရွယ္ မရွိေနသလို ခရစၥတီယာႏိုကလည္း ကြၽန္ေတာ္တို႔နဲ႔အတူ မရွိေနႏိုင္ခဲ့ပါဘူး။ သူတို႔ႏွစ္ေယာက္လုံးက ကြၽန္ေတာ္တို႔ရဲ႕ သြင္းဂိုးအမ်ားစုကို သြင္းယူေပးထားသူေတြပါ။ ဒါေၾကာင့္ ကြၽန္ေတာ္က သူတို႔ကို သတိရမိပါတယ္။ ႐ိုနယ္ဒိုကို ဒီပြဲရဲ႕ လူစာရင္း ကေန ခ်န္လွပ္ဖို႔ ဆုံးျဖတ္ခဲ့ရတာဟာ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ တခုပါ။ ဒါက သိသာပါတယ္။ ဒါေပမယ့္ စည္းကမ္းပ်က္မႈေတြ ထပ္မရွိလာေအာင္ ဒီလိုမ်ိဳး အျပစ္ေပးဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔က မေကာင္းတဲ့ အျပဳအမူ တခုကို ပထမအႀကိမ္မွာ ခြင့္လႊတ္ေပးႏိုင္ေပမယ့္ ဒုတိယအႀကိမ္မွာေတာ့ ခြင့္လႊတ္ေပးလို႔ မရေတာ့ပါဘူး။ မဟုတ္ရင္ ဒါက အနာဂတ္မွာ အသင္းအတြက္ ဒုကၡမ်ားေစမယ့္ ကိစၥတခု ျဖစ္လာႏိုင္ပါတယ္”
” အၿမဲတမ္း လိုလိုပါပဲ။ ေရာ္နယ္ဒိုက ဘယ္အခ်ိန္မဆို ဂိုးသြင္းႏိုင္တဲ့ ကစားသမားပါ။ သူက ကြၽန္ေတာ္တို႔ အတြက္ အဖိုး မျဖတ္ႏိုင္ဖူး။ ကြၽန္ေတာ္တို႔ သူ႔ကို လိုအပ္ပါတယ္ ။ အဲ့တာ ရွင္းရွင္းေလးပါ။ ” ” ခင္ဗ်ားတို႔လည္း ဒီပြဲ အေျခေနကို ျမင္ခဲ့မွာပဲ။ ေရာ္နယ္ဒိုသာဆိုရင္ အခြင့္ေရးေတြကို အေကာင္းဆုံး အဆုံးသတ္ႏိုင္ ခဲ့မွာပါ။” ဆိုၿပီး တန္ဟဂ္က လြမ္းဆြတ္ျပ သြားခဲ့ပါတယ္။ ဒီပြဲစဥ္ ရလဒ္ေၾကာင့္ စေနည ပြဲစဥ္ေတြ အၿပီးမွာ ခ်ဲဆီး အသင္းက ၂၁ မွတ္နဲ႔ အဆင့္ ၄၊ မန္ယူအသင္းကေတာ့ ၂၀ မွတ္နဲ႔ အဆင့္ ၅ေနရာမွာ အသီးသီး ရပ္တည္ သြားခဲ့ပါတယ္။ မန္ယူ အသင္း အေနနဲ႔ကေတာ့ ပြဲစဥ္ ၁၁ပြဲ ကစားၿပီးခ်ိန္မွာ ထိပ္သီး အသင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး မန္စီးတီး တသင္းကိုသာ ရႈံးနိမ့္ကာ၊ လီပါပူး၊ အာဆင္နယ္၊ ေတာ့တင္ဟမ္တို႔ကို အႏိုင္၊ ခ်ဲဆီးကို သေရ ကစားထားႏိုင္ခဲ့တာေၾကာင့္ တိုးတက္လာတဲ့ အေနထား တရပ္ကို တန္ဟဂ္ လက္ထက္မွာ ျမင္ေတြ႕ေနရၿပီလို႔ ဆိုေနၾကပါတယ္။
crd
unicode
ဘူပိတ်နေတဲ့တိုက်စစ်ကြောင့်ချဲလ်ဆီးနဲ့ပွဲမှာ goatကြီးကိုသတိရမိတယ်လို့ ဖွင့်ဟဝန်ခံလိုက်တဲ့ တန်ဟဂ်
ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ တဂိုးစီ သရေရလဒ်သာ ရခဲ့ပြီးနောက် သူဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ရိုနယ်ဒိုကို သတိရမိကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် ချယ်လ်ဆီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ကစားကွက်ပိုင်းအရ အသာစီး ရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ အန်တိုနီနဲ့ ရက်ဖို့ဒ်တို့ရဲ့ ဂိုးသွင်းမသေချာမှုကြောင့် သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စီမီရိုရဲ့ နောက်ကျချေပဂိုးကြောင့်သာ သရေတမှတ်နဲ့ အိမ်ပြန်နိုင်ခဲ့တာပါ။
ချယ်လ်ဆီး ၁-၁ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ခြေစွမ်းပိုင်း အသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် အန်တိုနီနဲ့ ရက်ဖို့ဒ်တို့ရဲ့ ဂိုးသွင်း မသေချာမှု ၊ ကီပါနဲ့ ဆေးလ်ဗားတို့ ဦးဆောင်နေတဲ့ ချယ်လ်ဆီးနောက်တန်းရဲ့ မာကျော ကျစ်လျစ်မှုတို့ကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကလည်း ဒဏ်ရာရနေတဲ့ မာရှယ် ၊ ပြစ်ဒဏ်ပေးထားတဲ့ ရိုနယ်ဒိုတို့ မရှိတာကြောင့် ချယ်လ်ဆီးနဲ့ပွဲမှာ သွင်းဂိုးတွေ လိုအပ်နေချိန် တိုက်စစ်မြှင့်ဖို့ ခက်ခဲခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်မှာတော့ တန်ဟက်ဂ်က သူဟာ ချယ်လ်ဆီးနဲ့ပွဲမှာ ရိုနယ်ဒိုနဲ့ မာရှယ်တို့လို အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေကို လွမ်းဆွတ်မိကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့မှာ မာရှယ် မရှိနေသလို ခရစ္စတီယာနိုကလည်း ကျွန်တော်တို့နဲ့အတူ မရှိနေနိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံးက ကျွန်တော်တို့ရဲ့ သွင်းဂိုးအများစုကို သွင်းယူပေးထားသူတွေပါ။ ဒါကြောင့် ကျွန်တော်က သူတို့ကို သတိရမိပါတယ်။ ရိုနယ်ဒိုကို ဒီပွဲရဲ့ လူစာရင်း ကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့ရတာဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တခုပါ။ ဒါက သိသာပါတယ်။ ဒါပေမယ့် စည်းကမ်းပျက်မှုတွေ ထပ်မရှိလာအောင် ဒီလိုမျိုး အပြစ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က မကောင်းတဲ့ အပြုအမူ တခုကို ပထမအကြိမ်မှာ ခွင့်လွှတ်ပေးနိုင်ပေမယ့် ဒုတိယအကြိမ်မှာတော့ ခွင့်လွှတ်ပေးလို့ မရတော့ပါဘူး။ မဟုတ်ရင် ဒါက အနာဂတ်မှာ အသင်းအတွက် ဒုက္ခများစေမယ့် ကိစ္စတခု ဖြစ်လာနိုင်ပါတယ်”
” အမြဲတမ်း လိုလိုပါပဲ။ ရော်နယ်ဒိုက ဘယ်အချိန်မဆို ဂိုးသွင်းနိုင်တဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့ အတွက် အဖိုး မဖြတ်နိုင်ဖူး။ ကျွန်တော်တို့ သူ့ကို လိုအပ်ပါတယ် ။ အဲ့တာ ရှင်းရှင်းလေးပါ။ ” ” ခင်ဗျားတို့လည်း ဒီပွဲ အခြေနေကို မြင်ခဲ့မှာပဲ။ ရော်နယ်ဒိုသာဆိုရင် အခွင့်ရေးတွေကို အကောင်းဆုံး အဆုံးသတ်နိုင် ခဲ့မှာပါ။” ဆိုပြီး တန်ဟဂ်က လွမ်းဆွတ်ပြ သွားခဲ့ပါတယ်။ ဒီပွဲစဉ် ရလဒ်ကြောင့် စနေည ပွဲစဉ်တွေ အပြီးမှာ ချဲဆီး အသင်းက ၂၁ မှတ်နဲ့ အဆင့် ၄၊ မန်ယူအသင်းကတော့ ၂၀ မှတ်နဲ့ အဆင့် ၅နေရာမှာ အသီးသီး ရပ်တည် သွားခဲ့ပါတယ်။ မန်ယူ အသင်း အနေနဲ့ကတော့ ပွဲစဉ် ၁၁ပွဲ ကစားပြီးချိန်မှာ ထိပ်သီး အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီး တသင်းကိုသာ ရှုံးနိမ့်ကာ၊ လီပါပူး၊ အာဆင်နယ်၊ တော့တင်ဟမ်တို့ကို အနိုင်၊ ချဲဆီးကို သရေ ကစားထားနိုင်ခဲ့တာကြောင့် တိုးတက်လာတဲ့ အနေထား တရပ်ကို တန်ဟဂ် လက်ထက်မှာ မြင်တွေ့နေရပြီလို့ ဆိုနေကြပါတယ်။