ဘုရင္ႀကီး CR 7 ျပန္လာႏိုင္ျခင္းႏွင့္အတူ အေျပာင္းအလဲရွိလာႏိုင္တဲ့ ယူႏိုက္တက္ရဲ႕‌ ဂႏၶဝင္ေက်ာနံပတ္မ်ား

ဘုရင္ႀကီး CR 7 ျပန္လာႏိုင္ျခင္းႏွင့္အတူ အေျပာင္းအလဲရွိလာႏိုင္တဲ့ ယူႏိုက္တက္ရဲ႕‌ ဂႏၶဝင္ေက်ာနံပတ္မ်ား

မာစီရယ္နဲ႔ ပက္သတ္တဲ့သတင္းေတြဟာခိုင္လုံတဲ့ရပ္ကြက္ကေနထြက္လာျခင္းမဟုတ္သည့္တိုင္ လက္ရွိအေနထားမွာေတာ့ ယုံၾကည္ရတဲ့ ရင္းျမစ္တခ်ိဳ႕မွာေတာင္ မာစီရယ္ ရဲ႕ ယူႏိုက္တဒ္ ကစားသမားဘဝေန႔ရက္ေတြဟာ ကုန္ဆုံးလာၿပီလို႔ ဆိုလာပါတယ္။

မာစီရယ္ ဟာ ဆိုးလ္ရွား ယုံၾကည္အားထားခဲ့တဲ့ တိုက္စစ္မႈး ျဖစ္ၿပီး လူကာကူ ထံ က ေက်ာနံပတ္ (၉) ကို ျပန္လည္လႊဲေျပာင္းေပးကာ ပထမရာသီမွာ (၂၄) ဂိုးသြင္း (၁၂) ဂိုးဖန္တီးကာသူ ကိုယ္တိုင္ အိုးထရဒ့္ဖိုဒ့္ ကြင္းေရွ႕ မားမားမတ္မတ္ ရပ္ႏိုင္ခဲ့ေပမယ့္ ဒုတိယရာသီမွာေတာ့ မာစီရယ္ ဟာ ေပ်ာက္ျခင္းမလွ ေပ်ာက္ဆုံးသြားခဲ့ရပါတယ္။

အသက္ (၂၅) ႏွစ္အ႐ြယ္ ကစားသမား တစ္ေယာက္အေနနဲ႔ တည္ၿငိမ္တဲ့ ေျခစြမ္း ကို မထိန္းႏိုင္တဲ့ အေနထားက ဆိုးလ္ရွား အေနနဲ႔ သည္းခံစိတ္ကို ကုန္ဆုံးခဲ့ဟန္ရွိၿပီး ဒဏ္ရာကေနျပန္လည္သက္သာလာတာေတာင္ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲမွာ အသင္း နဲ႔အတူ လိုက္ပါဖို႔ မေခၚေဆာင္ သြားခဲ့ပဲ ခ်န္လွပ္ထားခဲ့ပါတယ္။

မာစီရယ္ ရဲ႕ ဇနီး ဟာ ရီးရဲလ္မက္ဒရစ္ ဟာ အိမ္မက္ အသင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္မွာေတာ့ ယူႏိုက္တဒ္ နဲ႔ ျပင္သစ္ သားၾကား အကြဲၿပဲဇာတ္လမ္းတခ်ိဳ႕ ထြက္ေပၚလာပါတယ္။

ဆိုးလ္ရွား ဟာ တိုက္စစ္မႈး စစ္စစ္ ျဖစ္ခဲ့တာနဲ႔အညီ သူ႔ရဲ႕ အျမင္ေတြဟာ တိုက္စစ္မႈးအရည္အခ်င္း ရွိ/မရွိ ဆုံးျဖတ္ရာမွာ ထက္ျမက္ၿပီး ယူႏိုက္တဒ္ ရဲ႕ တိုက္စစ္မွာ ေျခမက်ိဳးမွာ မေၾကာက္တဲ့ ေခါင္းကြဲတာ မမႈ႕မယ့္ တိုက္စစ္မႈး မ်ိဳး လိုအပ္တယ္လို႔ ဆိုခဲ့တဲ့နည္းျပႀကီးဟာ တိုက္စစ္မႈး အသစ္ကို အိမ္မက္ျပဇာတ္႐ုံႀကီးထံ တင္သြင္းလိုေနတာေသခ်ာပါတယ္။

မာစီရယ္ ဟာ ေျခစြမ္းထက္ျမက္ေပမယ့္ ျပင္ပပုဂၢိဳလ္ေရး ခံစားခ်က္ေတြကို မွီခိုလြန္းၿပီး ၊ေျခစြမ္းအတက္ မက် မၿငိမ္လြန္းတဲ့ ျပသနာ ေတြက သူ႔ရဲ႕ကစားသမားဘဝကို ဖ်တ္ဆီးေနၿပီး ယူႏိုက္တဒ္ရဲ႕သန္း(၆၀) တန္ ဆယ္ေက်ာ္သက္ခ်ာတိတ္ ရဲ႕အျမင့္ပ်ံ ခရီးကအဆုံးသတ္ကို နီးကပ္လာၿပီလို႔ဆိုရပါမယ္။

ယူႏိုက္တဒ္ အေနနဲ႔ ယူဗင္းတပ္စ္ ရဲ႕ ေရာ္နယ္ဒို ကို ေခၚယူလိုေနတာ ေသခ်ာသေလာက္ ရွိလာခ်ိန္မွာ မာစီရယ္ ရဲ႕သတင္း ေတြထြက္ေပၚလာမႈ႕ကလည္း တိုက္ဆိုင္မႈ႕ေတာ့ မျဖစ္ႏိုင္ပါဘူး။တစ္ပတ္ေပါင္ႏွစ္သိန္း တန္ မာစီရယ္ကို အသင္းလူစာရင္းကေန ထုတ္ပယ္ႏိုင္ခဲ့ရင္ ယူႏိုက္တဒ္ အတြက္ ဘက္ဂ်က္ေလွ်ာ့ခ်ႏိုင္ၿပီး ေက်ာနံပတ္ (၉) အတြက္ ေနရာတစ္ခု ပိုလာမွာျဖစ္ပါတယ္။

အက္ဒီဆင္ကာဗာနီ အေနနဲ႔ ေက်ာနံပတ္ (၉) ကိုရယူႏိုင္ၿပီး နံပတ္(၇) ဟာပိုင္ရွင္ေဟာင္း ထံ ျပန္လည္ခိုနားတာမ်ိဳး က ယူႏိုက္တဒ္ ပရိတ္သတ္ေတြသာမက အသင္းတာဝန္ရွိသူေတြကိုယ္တိုင္လည္း ျမင္လိုမွာေတာ့အေသခ်ာပါပဲ။ေဂ်ဒန္ဆန္ခ်ိဳ ေခၚယူေရးကို ဦးစားေပးလုပ္ေဆာင္ေနၿပီး ဒီအေျပာင္းေ႐ႊ႕ေနာက္မွာ ယူႏိုက္တဒ္အေနနဲ႔ ျဖစ္လာႏိုင္ေခ်ရွိတဲ့ အေျပာင္းေ႐ႊ႕အားလုံးကိုခ်ိန္ဆထားၿပီး ေရာ္နယ္ဒို သာေဈးကြက္အတြင္းေရာက္လာတာနဲ႔ အားကုန္သုံး ျပန္လည္ေခၚယူႏိုင္တယ္လို႔ သိရကာ မာစီရယ္ကေတာ့ အသင္းေျပာင္းေ႐ႊ႕သြားရႏိုင္ပါတယ္။

crd

unicode
ဘုရင်ကြီး CR 7 ပြန်လာနိုင်ခြင်းနှင့်အတူ အပြောင်းအလဲရှိလာနိုင်တဲ့ ယူနိုက်တက်ရဲ့‌ ဂန္ဓဝင်ကျောနံပတ်များ

မာစီရယ်နဲ့ ပက်သတ်တဲ့သတင်းတွေဟာခိုင်လုံတဲ့ရပ်ကွက်ကနေထွက်လာခြင်းမဟုတ်သည့်တိုင် လက်ရှိအနေထားမှာတော့ ယုံကြည်ရတဲ့ ရင်းမြစ်တချို့မှာတောင် မာစီရယ် ရဲ့ ယူနိုက်တဒ် ကစားသမားဘဝနေ့ရက်တွေဟာ ကုန်ဆုံးလာပြီလို့ ဆိုလာပါတယ်။

မာစီရယ် ဟာ ဆိုးလ်ရှား ယုံကြည်အားထားခဲ့တဲ့ တိုက်စစ်မှုး ဖြစ်ပြီး လူကာကူ ထံ က ကျောနံပတ် (၉) ကို ပြန်လည်လွှဲပြောင်းပေးကာ ပထမရာသီမှာ (၂၄) ဂိုးသွင်း (၁၂) ဂိုးဖန်တီးကာသူ ကိုယ်တိုင် အိုးထရဒ့်ဖိုဒ့် ကွင်းရှေ့ မားမားမတ်မတ် ရပ်နိုင်ခဲ့ပေမယ့် ဒုတိယရာသီမှာတော့ မာစီရယ် ဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ရပါတယ်။

အသက် (၂၅) နှစ်အရွယ် ကစားသမား တစ်ယောက်အနေနဲ့ တည်ငြိမ်တဲ့ ခြေစွမ်း ကို မထိန်းနိုင်တဲ့ အနေထားက ဆိုးလ်ရှား အနေနဲ့ သည်းခံစိတ်ကို ကုန်ဆုံးခဲ့ဟန်ရှိပြီး ဒဏ်ရာကနေပြန်လည်သက်သာလာတာတောင် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အသင်း နဲ့အတူ လိုက်ပါဖို့ မခေါ်ဆောင် သွားခဲ့ပဲ ချန်လှပ်ထားခဲ့ပါတယ်။

မာစီရယ် ရဲ့ ဇနီး ဟာ ရီးရဲလ်မက်ဒရစ် ဟာ အိမ်မက် အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက်မှာတော့ ယူနိုက်တဒ် နဲ့ ပြင်သစ် သားကြား အကွဲပြဲဇာတ်လမ်းတချို့ ထွက်ပေါ်လာပါတယ်။

ဆိုးလ်ရှား ဟာ တိုက်စစ်မှုး စစ်စစ် ဖြစ်ခဲ့တာနဲ့အညီ သူ့ရဲ့ အမြင်တွေဟာ တိုက်စစ်မှုးအရည်အချင်း ရှိ/မရှိ ဆုံးဖြတ်ရာမှာ ထက်မြက်ပြီး ယူနိုက်တဒ် ရဲ့ တိုက်စစ်မှာ ခြေမကျိုးမှာ မကြောက်တဲ့ ခေါင်းကွဲတာ မမှု့မယ့် တိုက်စစ်မှုး မျိုး လိုအပ်တယ်လို့ ဆိုခဲ့တဲ့နည်းပြကြီးဟာ တိုက်စစ်မှုး အသစ်ကို အိမ်မက်ပြဇာတ်ရုံကြီးထံ တင်သွင်းလိုနေတာသေချာပါတယ်။

မာစီရယ် ဟာ ခြေစွမ်းထက်မြက်ပေမယ့် ပြင်ပပုဂ္ဂိုလ်ရေး ခံစားချက်တွေကို မှီခိုလွန်းပြီး ၊ခြေစွမ်းအတက် မကျ မငြိမ်လွန်းတဲ့ ပြသနာ တွေက သူ့ရဲ့ကစားသမားဘဝကို ဖျတ်ဆီးနေပြီး ယူနိုက်တဒ်ရဲ့သန်း(၆၀) တန် ဆယ်ကျော်သက်ချာတိတ် ရဲ့အမြင့်ပျံ ခရီးကအဆုံးသတ်ကို နီးကပ်လာပြီလို့ဆိုရပါမယ်။

ယူနိုက်တဒ် အနေနဲ့ ယူဗင်းတပ်စ် ရဲ့ ရော်နယ်ဒို ကို ခေါ်ယူလိုနေတာ သေချာသလောက် ရှိလာချိန်မှာ မာစီရယ် ရဲ့သတင်း တွေထွက်ပေါ်လာမှု့ကလည်း တိုက်ဆိုင်မှု့တော့ မဖြစ်နိုင်ပါဘူး။တစ်ပတ်ပေါင်နှစ်သိန်း တန် မာစီရယ်ကို အသင်းလူစာရင်းကနေ ထုတ်ပယ်နိုင်ခဲ့ရင် ယူနိုက်တဒ် အတွက် ဘက်ဂျက်လျှော့ချနိုင်ပြီး ကျောနံပတ် (၉) အတွက် နေရာတစ်ခု ပိုလာမှာဖြစ်ပါတယ်။

အက်ဒီဆင်ကာဗာနီ အနေနဲ့ ကျောနံပတ် (၉) ကိုရယူနိုင်ပြီး နံပတ်(၇) ဟာပိုင်ရှင်ဟောင်း ထံ ပြန်လည်ခိုနားတာမျိုး က ယူနိုက်တဒ် ပရိတ်သတ်တွေသာမက အသင်းတာဝန်ရှိသူတွေကိုယ်တိုင်လည်း မြင်လိုမှာတော့အသေချာပါပဲ။ဂျေဒန်ဆန်ချို ခေါ်ယူရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ဒီအပြောင်းရွှေ့နောက်မှာ ယူနိုက်တဒ်အနေနဲ့ ဖြစ်လာနိုင်ချေရှိတဲ့ အပြောင်းရွှေ့အားလုံးကိုချိန်ဆထားပြီး ရော်နယ်ဒို သာဈေးကွက်အတွင်းရောက်လာတာနဲ့ အားကုန်သုံး ပြန်လည်ခေါ်ယူနိုင်တယ်လို့ သိရကာ မာစီရယ်ကတော့ အသင်းပြောင်းရွှေ့သွားရနိုင်ပါတယ်။

crd

Add a Comment

Your email address will not be published. Required fields are marked *