ဘာ့ေၾကာင့္တန္ဟဂ္လက္ေအာက္မွာကစားရတာကိုႀကိဳက္ႏွစ္သက္ေနရသလဲဆိုတာရွင္းျပလာတဲ့ ဒီေယဂို ဒါးေလာ့

မန္ခ်က္စတာယူႏိုက္တက္ညာေနာက္ခံလူ ဒီေယဂို ဒါးေလာ့ဟာ ဒီရာသီမွာ မန္ယူအသင္းအတြက္ အဓိက ကစားသမားတစ္ဦးျဖစ္ေနၿပီး၊ ပြဲတိုင္းနီးပါး ပြဲထြက္ကစားခြင့္ ရရွိေနပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ေရာက္ရွိလာခဲ့တဲ့ ဒါးေလာ့ဟာ ၂၀၂၀ ခုႏွစ္မွာ ေအစီမီလန္အသင္းကို အငွားနဲ႔ ထြက္ကစားခဲ့ၿပီးကာမွ၊ အခုခ်ိန္မွာ ပထမဦးစားေပးကစားသမား ျဖစ္လာတာ ျဖစ္ပါတယ္။အခုအခ်ိန္မွာေတာ့ ဒါးေလာ့က နည္းျပေဟာင္း အိုလီ ဂန္းနား ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ေဘာလုံးကစားတာကို မႏွစ္သက္ခဲ့ေၾကာင္းနဲ႔ အငွားနဲ႔ထြက္ ကစားတာက သူ႔ရဲ႕ ေျခစြမ္းကို ျပန္လည္ရွာေတြ႕ဖို႔ အကူအညီျဖစ္ေစခဲ့ေၾကာင္း ေျပာဆိုလာပါတယ္။

“ အငွားနဲ႔ထြက္တာက ကြၽန္ေတာ့္အတြက္ အလွည့္အေျပာင္းျဖစ္ေစခဲ့ပါတယ္၊ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာ ျပန္လည္ျပည့္ဝလာၿပီး ”“ ပြဲေတြအမ်ားႀကီးကို ဆက္တိုက္ကစားႏိုင္ခဲ့တယ္၊ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ ကစားပုံကိုလည္း ျပန္ၿပီးေတာ့ ႏွစ္သက္လာခဲ့တယ္၊ အဲ့ဒါက ကြၽန္ေတာ္ အရင္ ဒီမွာ ရွိခဲ့တုန္းက ေပ်ာက္ဆုံးခဲ့တဲ့အရာပါ။ ခ်ဳံေျပာရရင္ေတာ့ အဲ့ဒါက ကြၽန္ေတာ္ဟာ ကစားသမားေကာင္းတစ္ဦးဆိုတာကို သက္ေသျပခြင့္ရေစခဲ့တယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္ၿပီး နည္းျပသစ္ အဲရစ္ တန္ဟန႔္ရဲ႕လက္ေအာက္မွာ ကစားရ တာကို ဘာေၾကာင့္ႏွစ္သက္သလဲဆိုတာကိုလည္း ဒါးေလာ့က ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ “ ခံစစ္အစြန္ ကစားသမားေတြဟာ မတူညီတဲ့ေနရာအမ်ိဳးမ်ိဳးမွာ ကစားႏိုင္စြမ္းရွိပါတယ္၊ ကြင္းလယ္မွာ အနည္းငယ္ေလး ကစားႏိုင္တယ္၊ ကြင္းလယ္ခံစစ္လိုလည္း ကစားႏိုင္တယ္၊ ၿပီးေတာ့ နံပါတ္ ၈၊ နံပါတ္ ၁၀ ေနရာေတြမွာလည္း ကစားႏိုင္တယ္ ”

“ ကြၽန္ေတာ္ကေတာ့ အဲ့ဒါကို ႀကိဳက္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ အဲ့ဒါက ကြၽန္ေတာ့္ကို ၿပီးျပည့္စုံဖို႔အတြက္ ႀကိဳးစားခြင့္ရေစလို႔ပါ။ ဒီနည္းျပကို ကြၽန္ေတာ္ အရမ္းႀကိဳက္ပါတယ္၊ သူက ကြၽန္ေတာ့္ကို မတူတဲ့အရာေတြ လုပ္ခိုင္းတယ္၊ မတူတဲ့ပြဲေတြမွာ မတူတဲ့အခန္းက႑ေတြမွာ ကစားခိုင္းတယ္၊ ကြၽန္ေတာ့္ဘက္ကလည္း တတ္ႏိုင္သေလာက္ အသားက်ေအာင္ ႀကိဳးစားပါတယ္ ” လို႔
ေျပာဆိုခဲ့ပါတယ္။
crd

unicode

ဘာ့ကြောင့်တန်ဟဂ်လက်အောက်မှာကစားရတာကိုကြိုက်နှစ်သက်နေရသလဲဆိုတာရှင်းပြလာတဲ့ ဒီယေဂို ဒါးလော့

မန်ချက်စတာယူနိုက်တက်ညာနောက်ခံလူ ဒီယေဂို ဒါးလော့ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး၊ ပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့် ရရှိနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရောက်ရှိလာခဲ့တဲ့ ဒါးလော့ဟာ ၂၀၂၀ ခုနှစ်မှာ အေစီမီလန်အသင်းကို အငှားနဲ့ ထွက်ကစားခဲ့ပြီးကာမှ၊ အခုချိန်မှာ ပထမဦးစားပေးကစားသမား ဖြစ်လာတာ ဖြစ်ပါတယ်။အခုအချိန်မှာတော့ ဒါးလော့က နည်းပြဟောင်း အိုလီ ဂန်းနား ဆိုးလ်ရှားရဲ့လက်အောက်မှာ ဘောလုံးကစားတာကို မနှစ်သက်ခဲ့ကြောင်းနဲ့ အငှားနဲ့ထွက် ကစားတာက သူ့ရဲ့ ခြေစွမ်းကို ပြန်လည်ရှာတွေ့ဖို့ အကူအညီဖြစ်စေခဲ့ကြောင်း ပြောဆိုလာပါတယ်။

“ အငှားနဲ့ထွက်တာက ကျွန်တော့်အတွက် အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြန်လည်ပြည့်ဝလာပြီး ”“ ပွဲတွေအများကြီးကို ဆက်တိုက်ကစားနိုင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ကစားပုံကိုလည်း ပြန်ပြီးတော့ နှစ်သက်လာခဲ့တယ်၊ အဲ့ဒါက ကျွန်တော် အရင် ဒီမှာ ရှိခဲ့တုန်းက ပျောက်ဆုံးခဲ့တဲ့အရာပါ။ ချုံပြောရရင်တော့ အဲ့ဒါက ကျွန်တော်ဟာ ကစားသမားကောင်းတစ်ဦးဆိုတာကို သက်သေပြခွင့်ရစေခဲ့တယ် ” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး နည်းပြသစ် အဲရစ် တန်ဟန့်ရဲ့လက်အောက်မှာ ကစားရ တာကို ဘာကြောင့်နှစ်သက်သလဲဆိုတာကိုလည်း ဒါးလော့က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ “ ခံစစ်အစွန် ကစားသမားတွေဟာ မတူညီတဲ့နေရာအမျိုးမျိုးမှာ ကစားနိုင်စွမ်းရှိပါတယ်၊ ကွင်းလယ်မှာ အနည်းငယ်လေး ကစားနိုင်တယ်၊ ကွင်းလယ်ခံစစ်လိုလည်း ကစားနိုင်တယ်၊ ပြီးတော့ နံပါတ် ၈၊ နံပါတ် ၁၀ နေရာတွေမှာလည်း ကစားနိုင်တယ် ”

“ ကျွန်တော်ကတော့ အဲ့ဒါကို ကြိုက်ပါတယ်၊ ဘာလို့လဲဆိုတော့ အဲ့ဒါက ကျွန်တော့်ကို ပြီးပြည့်စုံဖို့အတွက် ကြိုးစားခွင့်ရစေလို့ပါ။ ဒီနည်းပြကို ကျွန်တော် အရမ်းကြိုက်ပါတယ်၊ သူက ကျွန်တော့်ကို မတူတဲ့အရာတွေ လုပ်ခိုင်းတယ်၊ မတူတဲ့ပွဲတွေမှာ မတူတဲ့အခန်းကဏ္ဍတွေမှာ ကစားခိုင်းတယ်၊ ကျွန်တော့်ဘက်ကလည်း တတ်နိုင်သလောက် အသားကျအောင် ကြိုးစားပါတယ် ” လို့
ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *