crd
Unicode
ဘာစီလိုနာက တပည့်ဟောင်း အရုပ်မလေးကို အိုးထရက်ဖိုဒ့်ထံခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်အုံးမယ့် မန်ယူနည်းပြအဲရစ်တန်ဟက်ဂ်
အကြိမ်ကြိမ်အငြင်းခံထားရသော်လည်း စိတ်မနာနိုင်သေးဘဲ တပည့်ဟောင်းဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ နည်းပြအဲရစ်တန်ဟက်ဂ်
ယခုနှစ်ဘောလုံးရာသီမစတင်မှီကတည်းက မန်ချက်စတာယူနိုက်တက်အသင်းသည် ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်ကို ၎င်းတို့အသင်းရဲ့ထိပ်တန်းပစ်မှတ်တစ်ခုအဖြစ်ထားရှိပြီး အိုးထရက်ဖိုဒ့်ထံခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းခဲ့သော်လည်း ယင်းနယ်သာလန်သားကို အိုးထရက်ဖိုဒ့်သို့ပြောင်းရွှေ့ရန် မဆွဲဆောင်နိုင်ခဲ့ပေ။
ယူနိုက်တက်နှင့် ဘာစီလိုနာတို့ကြား အစောပိုင်းမှာကတည်းက ယင်းကစားသမားအတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရယူထားနိုင်ခဲ့သော်လည်း ဒီဂျောင်ဟာ သူ့ရဲ့အိမ်မက်အသင်းဖြစ်တဲ့ ဘာစီလိုနာမှထွက်ခွာလိုစိတ်မရှိတာကြောင့် ယူနိုက်တက်ထံပြောင်းရွှေ့ဖို့ကို နောက်ဆုံးအချိန်အထိ ငြင်းဆန်နေခဲ့ပါတယ်။
ယခုအခါ BBC Sport နဲ့ ဖော်ပြချက်ချက်အရ ‘ ယူနိုက်တက်နည်းပြကြီး Erik ten Hag သည် ၎င်း၏တပည့်ဟောင်းဖြစ်သူ Frenkie de Jong အား ခေါ်ယူရန် လာမည့်နွေရာသီတွင် နောက်တစ်ကြိမ် ထပ်မံကြိုးစားလိုကြောင်း ‘ သိရှိရပါတယ်။ ဖရန်ကီ ဒီဂျောင်နှင့် တန်ဟဂ်တို့သည် အေဂျက်စ်အသင်းတွင် အတူတကွလက်တွဲခဲ့ဖူးပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိနေတာ ဖြစ်ပါတယ်။
ယခုနှစ်နွေရာသီတွင် မိမိစိတ်ကြိုက် ကစားသမားအသစ်များ ခေါ်ယူနိုင်ခဲ့သော်လည်း နည်းပြ Erik ten Hag အနေဖြင့် တပည့်ဟောင်းဖြစ်သူ ဒီဂျောင် သည် ၎င်း၏နည်းစနစ်ဖြင့် အသင်းတွင် ကွက်တိအံ့ဝင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ယူနိုက်တက်နှင့်နီးစပ်သည့် သတင်းအချို့က ဖော်ပြလာခဲ့ပါသည်။
ဖရန်ကီဒီဂျောင်သည် ယခုရာသီတွင် လာလီဂါ၌ 13 ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး 2 ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု 1 ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း နယ်သာလန်အသင်းနှင့်အတူ အကောင်းဆုံးပုံစံပြသထားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
crd