ဘာစီကိုအနိုင်ယူပြီး မင်းအထာငါအသိဆုံးပါလို့ တပည့်ဟောင်း အရုပ်ကလေးကို သာသာနဲ့နာနာ နှပ်ချလိုက်တဲ့ နည်းပြတန်ဟက်ဂ်ျ
crd
unicode
ဘာစီကိုအနိုင်ယူပြီး မင်းအထာငါအသိဆုံးပါလို့ တပည့်ဟောင်း အရုပ်ကလေးကို သာသာနဲ့နာနာ နှပ်ချလိုက်တဲ့ နည်းပြတန်ဟက်ဂျ်
အိပ်မက်ကဇာတ်ရုံတဲ့ အလည်လာတဲ့ စပိန်ဘုရင်ကြီးတော့ တူးဝမ်းနဲ့ ယူရိုပါလိဂ်ကနေ ပြုတ်သွားပါပြီ။ ခြေစွမ်းခြေစကောင်းပေမဲ့ ကွင်းလယ်က ဘောလုံးမထွက်အောင် တန်ဟတ်ပြလိုက်တဲ့ တစ်ကွက်အပြီးမှာ ဘာစီလိုနာတို့ ရှုံးသွားတာဖြစ်ပါတယ်။ ပတ်ဒရီ၊ ဂါဗီတို့နဲ့ ကစားကွက်တည်ဆောက်ထားတဲ့ ဘာစီကွင်းလယ်ကို သူတို့မပါဘဲ လာကစားရင် ဒီဂျောင်တစ်ယောက်တည်းအားနဲ့ရုန်းတင်ရတော့မှာကို တန်ဟတ်က ကြိုသိခဲ့ပါတယ်။ ဒီအတွက် ကွင်းလယ်ကို ထိန်းချုပ်ဖို့ သေချာစီစဉ်လိုက်တာက ဖရက်ဒ်ကို လူကပ်ခိုင်းဖို့ပါ။
တစ်ချိန်လုံး ဒီဂျောင်ကို ဖိအားပေးလူကပ်နေဖို့ပဲဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် ကစားခွင့်မရတော့ပါဘူး။ ရလဒ်ကတော့ မြင်တဲ့အတိုင်း (၂-၁)နဲ့ ရင်ဆိုင်သွားရပါတယ်။ ဒီလိုပြောလို့ ဒီဂျောင်မကောင်းတာမဟုတ်ပါဘူး။ ဖရက်ဒ်က လုပ်အားပိုကောင်းခဲ့တာပါ။ ပွဲအပြီးမှာ တန်ဟတ်ကို ဒီဂျောင်နဲ့ပတ်သက်လို့ အင်တာဗျူးမေးချိန်မှာ ဖရက်ဒ်ကို အဲဒီလိုကစားခဲ့ခိုင်းကြောင်းဝန်ခံခဲ့သလို တပည့်ဟောင်းကို သာသာနဲ့နာနာနှက်လိုက်ပါတယ်။ သူတို့ခေါ်တဲ့အချိန်တုန်းက မလာခဲ့တဲ့အပေါ် တန်ဟတ်လည်း မမေ့သေးကြောင်း စကားထဲမှာပေါ်ခဲ့ပါတယ်။
” မန်ချက်စတာမှာရှိနေခဲ့တဲ့ သူ့အချိန်ကာလလေးတွေကို ပျော်ခဲ့မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း သူ လေယာဉ်အမီပြန်ကို ပြန်ရမှာပါ” ဆိုပြီး ကလိလိုက်တာဖြစ်ပါတယ်။ သဘောက မန်ယူကစားတာ အားကျနေရင်တောင် ဘာစီနဲ့အတူ အိမ်ပြန်တော့လို့ဆိုလိုက်တာဖြစ်ပါတယ်။
နောက်နှစ်မှာ ဒါမျိုးမပြန်ချင်ရင်တော့ လုပ်စရာတစ်ခုပဲရှိပါတယ်။ မန်ယူကိုလာဖို့ပါ။ တန်ဟတ်က ဒီဂျောင်ကို လုံးဝအလိုရှိနေသေးတာမလို့ တပည့်ဟောင်းကို မင်းအထာငါအသိဆုံးပါလို့ ဖရက်ဒ်နဲ့ ကစားပြပြီးချိန်မှာ ဒီဂျောင်လည်း သဘောပေါက်နေလောက်ပါပြီ။ နောက်နှစ်မှာ လာချင်စိတ်ရှိမလား တစ်ချက်စောင့်ကြည့်ရမှာပါပဲ။
Add a Comment
Your email address will not be published. Required fields are marked *