ဘာကာႏွင့္ပြဲက အန္တိုနီရဲ႕သြင္းဂိုးေၾကာင့္ ဉေရာပရဲ႕နည္းစနစ္ဘုရင္တစ္ပါးအျဖစ္ မွတ္ေက်ာက္တင္ႏိုင္ခဲ့တဲ့ အဲရစ္တန္ဟက္ဂ်္
|ဘာကာႏွင့္ပြဲက အန္တိုနီရဲ႕သြင္းဂိုးေၾကာင့္ ဉေရာပရဲ႕နည္းစနစ္ဘုရင္တစ္ပါးအျဖစ္ မွတ္ေက်ာက္တင္ႏိုင္ခဲ့တဲ့ အဲရစ္တန္ဟက္ဂ်္
ဘာစီလိုနာနဲ႔ပြဲမွာ လူစားဝင္ကစားသမား အန္တိုနီက ယူႏိုက္တက္အတြက္ အႏိုင္ဂိုးသြင္းေပးခဲ့ၿပီးေနာက္ တန္ဟတ္ဟာ နည္းစနစ္ပိုင္းမွာ ဆရာတစ္ဆူျဖစ္ေၾကာင္း အခ်က္အလက္ေတြကသက္ေသျပလာပါတယ္။ စပိန္ဘီလူးႀကီးေတြနဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲစဥ္ရဲ႕ ပထမပိုင္းကေတာ့ တန္ဟတ္အတြက္ဘဝင္က်စရာျဖစ္မလာခဲ့ေပမယ့္ ဝက္စ္ေဟာ့ကို အန္တိုနီနဲ႔လူစားလဲလိုက္တဲ့ သူ႔ရဲ႕ဆုံးျဖတ္ခ်က္က တကယ့္ပါရမီရွင္လို႔ ဆိုရမွာျဖစ္တယ္။
ဒီလိုအခ်ိန္မွာ ဘယ္ေတာင္ပံတိုက္စစ္အျဖစ္ ကစားေနတဲ့ ရက္ရွ္ဖို႔ဒ္က နံပါတ္ ၉ ေနရာေျပာင္းလဲသြားခဲ့ၿပီး ဆန္ခ်ိဳက ဘယ္ေတာင္ပံေရာက္သြားသလို ညာေတာင္ပံတိုက္စစ္အျဖစ္ ကစားေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က ကြင္းလယ္ဗဟိုလူအျဖစ္ အလိုက္သင့္ေမ်ာပါသြားခဲ့ပါတယ္။ အန္တိုနီကြင္းထဲေရာက္လာတဲ့ေနာက္ သူ႔ရဲ႕အရွိန္အဟုန္နဲ႔ရႈပ္ေထြးေပြလီတဲ့ ကစားဟန္က ဘာစီလိုနာကို ျပႆနာေပါင္းစုံျဖစ္ေပၚေစခဲ့တာပါ။
အံ့ၾသစရာေကာင္းတာက ဘရာဇီးသားဟာ အႏိုင္ဂိုးပါသြင္းသြားခဲ့ၿပီး ဒီရာသီမွာ ယူႏိုက္တက္အတြက္ လူစားဝင္ကစားသမားဆီကေနရရွိတဲ့ ၁၉ ႀကိမ္ေျမာက္သြင္းဂိုးျဖစ္ခဲ့သလို ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္မွာ ဘယ္အသင္းမွ သရဲနီေတြလိုမစြမ္းေဆာင္ ထားႏိုင္ပါဘူး။
တန္ဟတ္ဟာ အရန္ခုံေပၚကေန ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္၊ မာရွယ္နဲ႔ ဆန္ခ်ိဳတို႔ကိုဆြဲထုတ္ၿပီး ရာသီတစ္ေလွ်ာက္လုံးမွာ ဂိုးေတြရေအာင္လုပ္ျပထားႏိုင္တာျဖစ္တယ္။ ဒီရာသီမွာ ယူႏိုက္တက္ဟာ လူစားဝင္ကစားသမားဆီကေန ၁၉ ဂိုး အထိရရွိခဲ့ၿပီး သူတို႔ရဲ႕ေနာက္မွာေတာ့ စပယ္လက္တီရဲ႕ နာပိုလီ(၁၇ ဂိုး)၊ ဗီလာရီးရဲလ္(၁၇ ဂိုး)၊ ဘာစီလိုနာ(၁၄ ဂိုး)နဲ႔ တီကို၊ ဘိုင္ယန္၊ ေဒါ့တ္မန္၊ ဖီအိုရင္တီးနား၊ မိုနာကို၊ ရီးရဲလ္နဲ႔ရိမ္းစ္တို႔က(၁၂ ဂိုး)စီနဲ႔ အသီးသီးရပ္တည္ေနတာေတြ႕ရပါတယ္။ တနည္းအားျဖင့္ေတာ့ တန္ဟတ္ရဲ႕ ကစားသမားေတြကိုအခ်ိန္ကိုက္ လူစားလဲပုံနဲ႔ နည္းစနစ္အေျပာင္းအလဲေတြက ထိပ္တန္းနည္းျပေတြ အားလုံးထဲမွာအထိေရာက္ဆုံးလို႔ေျပာရမွာပါ။
crd
unicode
ဘာကာနှင့်ပွဲက အန်တိုနီရဲ့သွင်းဂိုးကြောင့် ဉရောပရဲ့နည်းစနစ်ဘုရင်တစ်ပါးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အဲရစ်တန်ဟက်ဂျ်
ဘာစီလိုနာနဲ့ပွဲမှာ လူစားဝင်ကစားသမား အန်တိုနီက ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီးနောက် တန်ဟတ်ဟာ နည်းစနစ်ပိုင်းမှာ ဆရာတစ်ဆူဖြစ်ကြောင်း အချက်အလက်တွေကသက်သေပြလာပါတယ်။ စပိန်ဘီလူးကြီးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းကတော့ တန်ဟတ်အတွက်ဘဝင်ကျစရာဖြစ်မလာခဲ့ပေမယ့် ဝက်စ်ဟော့ကို အန်တိုနီနဲ့လူစားလဲလိုက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က တကယ့်ပါရမီရှင်လို့ ဆိုရမှာဖြစ်တယ်။
ဒီလိုအချိန်မှာ ဘယ်တောင်ပံတိုက်စစ်အဖြစ် ကစားနေတဲ့ ရက်ရှ်ဖို့ဒ်က နံပါတ် ၉ နေရာပြောင်းလဲသွားခဲ့ပြီး ဆန်ချိုက ဘယ်တောင်ပံရောက်သွားသလို ညာတောင်ပံတိုက်စစ်အဖြစ် ကစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်က ကွင်းလယ်ဗဟိုလူအဖြစ် အလိုက်သင့်မျောပါသွားခဲ့ပါတယ်။ အန်တိုနီကွင်းထဲရောက်လာတဲ့နောက် သူ့ရဲ့အရှိန်အဟုန်နဲ့ရှုပ်ထွေးပွေလီတဲ့ ကစားဟန်က ဘာစီလိုနာကို ပြဿနာပေါင်းစုံဖြစ်ပေါ်စေခဲ့တာပါ။
အံ့သြစရာကောင်းတာက ဘရာဇီးသားဟာ အနိုင်ဂိုးပါသွင်းသွားခဲ့ပြီး ဒီရာသီမှာ ယူနိုက်တက်အတွက် လူစားဝင်ကစားသမားဆီကနေရရှိတဲ့ ၁၉ ကြိမ်မြောက်သွင်းဂိုးဖြစ်ခဲ့သလို ဥရောပထိပ်တန်းလိဂ် ၅ ရပ်မှာ ဘယ်အသင်းမှ သရဲနီတွေလိုမစွမ်းဆောင် ထားနိုင်ပါဘူး။
တန်ဟတ်ဟာ အရန်ခုံပေါ်ကနေ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ မာရှယ်နဲ့ ဆန်ချိုတို့ကိုဆွဲထုတ်ပြီး ရာသီတစ်လျှောက်လုံးမှာ ဂိုးတွေရအောင်လုပ်ပြထားနိုင်တာဖြစ်တယ်။ ဒီရာသီမှာ ယူနိုက်တက်ဟာ လူစားဝင်ကစားသမားဆီကနေ ၁၉ ဂိုး အထိရရှိခဲ့ပြီး သူတို့ရဲ့နောက်မှာတော့ စပယ်လက်တီရဲ့ နာပိုလီ(၁၇ ဂိုး)၊ ဗီလာရီးရဲလ်(၁၇ ဂိုး)၊ ဘာစီလိုနာ(၁၄ ဂိုး)နဲ့ တီကို၊ ဘိုင်ယန်၊ ဒေါ့တ်မန်၊ ဖီအိုရင်တီးနား၊ မိုနာကို၊ ရီးရဲလ်နဲ့ရိမ်းစ်တို့က(၁၂ ဂိုး)စီနဲ့ အသီးသီးရပ်တည်နေတာတွေ့ရပါတယ်။ တနည်းအားဖြင့်တော့ တန်ဟတ်ရဲ့ ကစားသမားတွေကိုအချိန်ကိုက် လူစားလဲပုံနဲ့ နည်းစနစ်အပြောင်းအလဲတွေက ထိပ်တန်းနည်းပြတွေ အားလုံးထဲမှာအထိရောက်ဆုံးလို့ပြောရမှာပါ။
crd
ဘာကာနှင့်ပွဲက အန်တိုနီရဲ့သွင်းဂိုးကြောင့် ဉရောပရဲ့နည်းစနစ်ဘုရင်တစ်ပါးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အဲရစ်တန်ဟက်ဂျ်
ဘာစီလိုနာနဲ့ပွဲမှာ လူစားဝင်ကစားသမား အန်တိုနီက ယူနိုက်တက်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီးနောက် တန်ဟတ်ဟာ နည်းစနစ်ပိုင်းမှာ ဆရာတစ်ဆူဖြစ်ကြောင်း အချက်အလက်တွေကသက်သေပြလာပါတယ်။ စပိန်ဘီလူးကြီးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းကတော့ တန်ဟတ်အတွက်ဘဝင်ကျစရာဖြစ်မလာခဲ့ပေမယ့် ဝက်စ်ဟော့ကို အန်တိုနီနဲ့လူစားလဲလိုက်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က တကယ့်ပါရမီရှင်လို့ ဆိုရမှာဖြစ်တယ်။
ဒီလိုအချိန်မှာ ဘယ်တောင်ပံတိုက်စစ်အဖြစ် ကစားနေတဲ့ ရက်ရှ်ဖို့ဒ်က နံပါတ် ၉ နေရာပြောင်းလဲသွားခဲ့ပြီး ဆန်ချိုက ဘယ်တောင်ပံရောက်သွားသလို ညာတောင်ပံတိုက်စစ်အဖြစ်
ကစားနေတဲ့ ဘရူနိုဖာနန်ဒက်စ်က ကွင်းလယ်ဗဟိုလူအဖြစ် အလိုက်သင့်မျောပါသွားခဲ့ပါတယ်။ အန်တိုနီကွင်းထဲရောက်လာတဲ့နောက် သူ့ရဲ့အရှိန်အဟုန်နဲ့ရှုပ်ထွေးပွေလီတဲ့ ကစားဟန်က ဘာစီလိုနာကို ပြဿနာပေါင်းစုံဖြစ်ပေါ်စေခဲ့တာပါ။