ဘယ္ျခမ္းခံစစ္အတြက္တန္ဟဂ္ေက်နပ္စရာေျခစြမ္းမ်ိဳးျပသေနတဲ့ သရဲနီၾကယ္ပြင့္

လုခ္ေရွာကေတာ့ ခ်ီးက်ဴးရမယ့္ ကစားသမားျဖစ္လာပါၿပီ။ ရာသီအစတုန္းက မက္ဂြိဳင္းယားနဲ႔အတူ အရန္ခုံထိုင္ေနခဲ့ရၿပီး မာလာစီယာကစားတာကို ထိုင္ၾကည့္ေနရတဲ့ အဂၤလန္သားက အခုေတာ့ ပုံမွန္ေျခစြမ္းျပေနၿပီး မာလာစီယာကို အရန္ခုံ ျပန္ပို႔ လိုက္တာပါ။ နည္းျပ တန္ဟက္ အတြက္ေတာ့ သူလိုခ်င္တဲ့ အသင္းသားေတြခ်င္း ေနရာၿပိဳင္ဆိုင္မႈ အတြက္ ေတာ္ေတာ္ေလး ေက်နပ္ေနမွာပါ။ မာလာစီယာက ယူႏိုက္တက္မွာ ေရာက္ေရာက္ခ်င္း ေျခစြမ္းျပၿပီး လုခ္ေရွာကို အရန္ခုံ ပို႔လိုက္ပါတယ္။ ဒါေပမယ့္ ပြဲဆက္လာခ်ိန္မွာ သူလည္း ေျခစြမ္း ျပန္က်လာၿပီး တန္ဟက္ ကံေကာင္းတာက လုခ္ေရွာရဲ႕ ေျခစြမ္းျပမႈပါပဲ။

ခ်ယ္လ္ဆီးနဲ႔ပြဲမွာ လုခ္ေရွာက အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးရဖို႔ ကက္စ္မဲ႐ိုးကို ဖန္တီးေပး ႏိုင္ခဲ့ပါတယ္။ သူ႔ပြဲခ်ိန္တြင္း မွတ္တမ္းကို ၾကည့္မယ္ဆိုရင္ ဖ်က္ထုတ္မႈ ရာႏႈန္းျပည့္ ေအာင္ျမင္ ၊ ေပးပို႔ပုံ ၈၄% တိက် ၊ ထိခ်က္ ၇၉ ႀကိမ္ ၊ ဧရိယာထဲ ေပးပို႔မႈ ၁၈ ႀကိမ္မွာ ၁၆ ႀကိမ္အထိ တိက်ခဲ့ ၊ ေဘာလုံးျပန္ဆယ္ယူမႈ ၉ ႀကိမ္ ၊ ၾကားျဖတ္လုယူမႈ ၄ ႀကိမ္ ၊ အေရးပါတဲ့ေပးဖို႔မႈ ၂ ႀကိမ္ ၊ ဖန္တီးမႈ ၁ ႀကိမ္ လုပ္ေပးႏိုင္ခဲ့တာပါ။

ဒီရာသီအတြက္ ပထမဆုံး ဖန္တီးမႈကို သူ လုပ္ေပးႏိုင္ ခဲ့တာလည္း ျဖစ္ပါတယ္။ အခုဆို လုခ္ေရွာက အသင္းအတြက္ ပရိးမီးယားလိဂ္မွာ ၄ပြဲဆက္တိုက္ ပြဲခ်ိန္ျပည့္ ကစားေပးခဲ့ၿပီး ေနရာရေနပါတယ္။ မန္စီးတီးကို ၆-၃ နဲ႔ ရႈံးခဲ့တဲ့ ပြဲမွာဆိုရင္ သူ ပါဝင္လာၿပီးမွ ယူႏိုက္တက္ ခံစစ္က ျပန္ၿငိမ္သြားခဲ့တာပါ။ အဲဒီကေန ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတာ ျဖစ္ပါတယ္။ အခုဆိုရင္ အဂၤလန္နဲ႔အတူ ကမာၻ႔ဖလားကို လိုက္ခြင့္ရဖို႔ပါ သူ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ။ ဒဏ္ရာျပသနာသာ မေတြ႕ခဲ့ဘူးဆိုရင္ ဒါက ေသခ်ာေပါက္ ျဖစ္လာမွာပါ။

လုခ္ေရွာက ပြဲထြက္ခြင့္အတြက္ မာလာစီယာႏွင့္ယွဥ္ၿပိဳင္ေနရတဲ့အေပၚမွာလည္း ေက်နပ္မႈရွိေနပါတယ္။ “ႀကံ့ခိုင္မႈရွိၿပီး ေျခစြမ္းကိုထိန္းထားႏိုင္ဖို႔က အဓိကပါပဲ။ Tyrell ကလဲ အေကာင္းဆုံးေျခစြမ္းျပကစားထားႏိုင္ပါတယ္။ နည္းျပတစ္ေယာက္အတြက္ တူညီတဲ့ေနရာတစ္ခုမွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ၿပိဳင္ဆိုင္မႈရွိတာက တကယ္ကိုေကာင္းမြန္တဲ့အခ်က္ပါ။ ကြၽန္ေတာ္ Ty (Malacia) ကို အရမ္းသေဘာက်ပါတယ္။ အဝတ္လဲခန္းထဲမွာ သူ႔ေဘးမွာထိုင္ၿပီး ၾကည့္ေနမိတာ သူက အရမ္းေတာ္တဲ့ကစားသမားတစ္ေယာက္ပါ။ ကိုယ္နဲ႔ေနရာတူမွာကစားတဲ့သူနဲ႔ ေပါင္းသင္းဆက္ဆံရတာကို ဝမ္းသာမိပါတယ္။ ဒါက တကယ္ကို အေထာက္အကူျဖစ္ပါတယ္။ သူ (Malacia) ကစားတဲ့အခါ ကြၽန္ေတာ္သူ႔ကိုၾကည့္ၿပီး အသင္းအတြက္ အေကာင္းဆုံး ကစားေပးခ်င္တယ္။ ၿပီးေတာ့ သူလဲ ကြၽန္ေတာ္နဲ႔ထပ္တူခံစားခ်က္ရွိမယ္ဆိုတာလဲ ကြၽန္ေတာ္သိပါတယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။
crd

unicode

ဘယ်ခြမ်းခံစစ်အတွက်တန်ဟဂ်ကျေနပ်စရာခြေစွမ်းမျိုးပြသနေတဲ့ သရဲနီကြယ်ပွင့်

လုခ်ရှောကတော့ ချီးကျူးရမယ့် ကစားသမားဖြစ်လာပါပြီ။ ရာသီအစတုန်းက မက်ဂွိုင်းယားနဲ့အတူ အရန်ခုံထိုင်နေခဲ့ရပြီး မာလာစီယာကစားတာကို ထိုင်ကြည့်နေရတဲ့ အင်္ဂလန်သားက အခုတော့ ပုံမှန်ခြေစွမ်းပြနေပြီး မာလာစီယာကို အရန်ခုံ ပြန်ပို့ လိုက်တာပါ။ နည်းပြ တန်ဟက် အတွက်တော့ သူလိုချင်တဲ့ အသင်းသားတွေချင်း နေရာပြိုင်ဆိုင်မှု အတွက် တော်တော်လေး ကျေနပ်နေမှာပါ။ မာလာစီယာက ယူနိုက်တက်မှာ ရောက်ရောက်ချင်း ခြေစွမ်းပြပြီး လုခ်ရှောကို အရန်ခုံ ပို့လိုက်ပါတယ်။ ဒါပေမယ့် ပွဲဆက်လာချိန်မှာ သူလည်း ခြေစွမ်း ပြန်ကျလာပြီး တန်ဟက် ကံကောင်းတာက လုခ်ရှောရဲ့ ခြေစွမ်းပြမှုပါပဲ။

ချယ်လ်ဆီးနဲ့ပွဲမှာ လုခ်ရှောက အသင်းအတွက် အရေးပါတဲ့ ချေပဂိုးရဖို့ ကက်စ်မဲရိုးကို ဖန်တီးပေး နိုင်ခဲ့ပါတယ်။ သူ့ပွဲချိန်တွင်း မှတ်တမ်းကို ကြည့်မယ်ဆိုရင် ဖျက်ထုတ်မှု ရာနှုန်းပြည့် အောင်မြင် ၊ ပေးပို့ပုံ ၈၄% တိကျ ၊ ထိချက် ၇၉ ကြိမ် ၊ ဧရိယာထဲ ပေးပို့မှု ၁၈ ကြိမ်မှာ ၁၆ ကြိမ်အထိ တိကျခဲ့ ၊ ဘောလုံးပြန်ဆယ်ယူမှု ၉ ကြိမ် ၊ ကြားဖြတ်လုယူမှု ၄ ကြိမ် ၊ အရေးပါတဲ့ပေးဖို့မှု ၂ ကြိမ် ၊ ဖန်တီးမှု ၁ ကြိမ် လုပ်ပေးနိုင်ခဲ့တာပါ။

ဒီရာသီအတွက် ပထမဆုံး ဖန်တီးမှုကို သူ လုပ်ပေးနိုင် ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆို လုခ်ရှောက အသင်းအတွက် ပရိးမီးယားလိဂ်မှာ ၄ပွဲဆက်တိုက် ပွဲချိန်ပြည့် ကစားပေးခဲ့ပြီး နေရာရနေပါတယ်။ မန်စီးတီးကို ၆-၃ နဲ့ ရှုံးခဲ့တဲ့ ပွဲမှာဆိုရင် သူ ပါဝင်လာပြီးမှ ယူနိုက်တက် ခံစစ်က ပြန်ငြိမ်သွားခဲ့တာပါ။ အဲဒီကနေ တောက်လျှောက် ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ အခုဆိုရင် အင်္ဂလန်နဲ့အတူ ကမ္ဘာ့ဖလားကို လိုက်ခွင့်ရဖို့ပါ သူ သေချာသလောက် ဖြစ်နေပါပြီ။ ဒဏ်ရာပြသနာသာ မတွေ့ခဲ့ဘူးဆိုရင် ဒါက သေချာပေါက် ဖြစ်လာမှာပါ။

လုခ်ရှောက ပွဲထွက်ခွင့်အတွက် မာလာစီယာနှင့်ယှဥ်ပြိုင်နေရတဲ့အပေါ်မှာလည်း ကျေနပ်မှုရှိနေပါတယ်။ “ကြံ့ခိုင်မှုရှိပြီး ခြေစွမ်းကိုထိန်းထားနိုင်ဖို့က အဓိကပါပဲ။ Tyrell ကလဲ အကောင်းဆုံးခြေစွမ်းပြကစားထားနိုင်ပါတယ်။ နည်းပြတစ်ယောက်အတွက် တူညီတဲ့နေရာတစ်ခုမှာ ကျွန်တော်တို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုရှိတာက တကယ်ကိုကောင်းမွန်တဲ့အချက်ပါ။ ကျွန်တော် Ty (Malacia) ကို အရမ်းသဘောကျပါတယ်။ အဝတ်လဲခန်းထဲမှာ သူ့ဘေးမှာထိုင်ပြီး ကြည့်နေမိတာ သူက အရမ်းတော်တဲ့ကစားသမားတစ်ယောက်ပါ။ ကိုယ်နဲ့နေရာတူမှာကစားတဲ့သူနဲ့ ပေါင်းသင်းဆက်ဆံရတာကို ဝမ်းသာမိပါတယ်။ ဒါက တကယ်ကို အထောက်အကူဖြစ်ပါတယ်။ သူ (Malacia) ကစားတဲ့အခါ ကျွန်တော်သူ့ကိုကြည့်ပြီး အသင်းအတွက် အကောင်းဆုံး ကစားပေးချင်တယ်။ ပြီးတော့ သူလဲ ကျွန်တော်နဲ့ထပ်တူခံစားချက်ရှိမယ်ဆိုတာလဲ ကျွန်တော်သိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *