ဘယ္ေျခတစ္ေပါက္လွ်မ္းလွ်မ္းေတာက္တဲ့ ဒိုင္ဘာလာကို ေခၚယူဖို႔သတင္းေတြထြက္ေပၚလာတဲ့ မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ ေႏြေဈးကြက္အတြင္း အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ ကစားသမားသစ္ေတြ ေခၚယူသြားဖို႔ လိုအပ္ေနၿပီး အိုဆင္မန္ ဟာရီကိန္းတို႔လို တိုက္စစ္မႉးေတြနဲ႔ သတင္းေတြ ထြက္ေပၚလ်က္ ရွိေနသလို ယခင္ကတည္းက ပစ္မွတ္ေဟာင္း ျဖစ္ခဲ့ဖူးတဲ့ ေပၚလိုဒီဘားလားနဲ႔ပါ အေျပာင္းအေ႐ႊ႕သတင္းေတြ ထပ္မံ ထြက္ေပၚလာခဲ့ရပါတယ္။

မန္ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕ တိုက္စစ္ကစားသမားႀကီး ခရစၥတီယာႏိုေရာ္နယ္လ္ဒိုနဲ႔ လက္တြဲျဖဳတ္လိုက္ရခ်ိန္မွာ နယ္သာလန္ တိုက္စစ္မႉး ဗက္ဟို႔စ္ကို အငွားနဲ႔ ျပန္လည္ ေခၚယူခဲ့ေပမယ့္ ဗက္ဟို႔စ္က လက္ရွိအခ်ိန္ထိ သြင္းဂိုးတစ္ဂိုးတည္းသာ သြင္းယူထားႏိုင္သလို မာရွယ္ကလည္း ဒဏ္ရာေတြနဲ႔ လုံးလည္ခ်ာလည္ လိုက္ေနရတာျဖစ္လို႔ မာရွယ္ကိုပါ ေရာင္းခ်ဖို႔အထိ စီစဥ္လာခဲ့တာေၾကာင့္ မန္ယူႏိုက္တက္အေနနဲ႔ တိုက္စစ္ကစားသမား (၂)ဦးေလာက္အထိ ေခၚယူဖို႔ လိုအပ္လာခဲ့ရတာ ျဖစ္ပါတယ္။

မန္ယူႏိုက္တက္နဲ႔ သတင္းထြက္ေနရတဲ့ တိုက္စစ္ကစားသမားေတြထဲမွာ နာပိုလီရဲ႕ ႏိုင္ဂ်ီးရီးယား တိုက္စစ္မႉး ဗစ္တာအိုဆင္မန္ စပါး တိုက္စစ္မႉး ဟာရီကိန္းတို႔ ပါဝင္ေနၾကေပမယ့္ ဒီကစားသမားေတြထက္ ေျပာင္းေ႐ႊ႕ေၾကး သက္သာႏိုင္မယ့္ တိုက္စစ္ကစားသမားတစ္ဦးနဲ႔လည္း သတင္းထြက္လာခဲ့ရပါတယ္။ သူကေတာ့ ႐ိုးမား တိုက္စစ္ကစားသမား ဒီဘားလားပါ။

ဒီဘားလားက ဒီရာသီကမွ ဂ်ဳဗင္တပ္စ္ကေန ႐ိုးမားအသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဒီရာသီအတြင္း ႐ိုးမားအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း(၂၀) ကစားထားခဲ့ရာ (၁၀)ဂိုး သြင္းယူ (၇)ဂိုး ဖန္တီးထားႏိုင္ခဲ့ပါတယ္။ ႐ိုးမားအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦး ျဖစ္ေနခဲ့သူ ဒီဘားလားဟာ ႐ိုးမားနဲ႔လည္း ၂၀၂၅ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့ေပမယ့္လည္း သူရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ထင္မထားရေလာက္ေအာင္ နည္းပါးလြန္းေနၿပီး ေပါင္(၁၀.၇)သန္းသာ ရွိေနပါတယ္။
crd

unicode

ဘယ်ခြေတစ်ပေါက်လျှမ်းလျှမ်းတောက်တဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့သတင်းတွေထွက်ပေါ်လာတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေဈေးကွက်အတွင်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ လိုအပ်နေပြီး အိုဆင်မန် ဟာရီကိန်းတို့လို တိုက်စစ်မှူးတွေနဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေသလို ယခင်ကတည်းက ပစ်မှတ်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပေါ်လိုဒီဘားလားနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထပ်မံ ထွက်ပေါ်လာခဲ့ရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လက်တွဲဖြုတ်လိုက်ရချိန်မှာ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကို အငှားနဲ့ ပြန်လည် ခေါ်ယူခဲ့ပေမယ့် ဗက်ဟို့စ်က လက်ရှိအချိန်ထိ သွင်းဂိုးတစ်ဂိုးတည်းသာ သွင်းယူထားနိုင်သလို မာရှယ်ကလည်း ဒဏ်ရာတွေနဲ့ လုံးလည်ချာလည် လိုက်နေရတာဖြစ်လို့ မာရှယ်ကိုပါ ရောင်းချဖို့အထိ စီစဉ်လာခဲ့တာကြောင့် မန်ယူနိုက်တက်အနေနဲ့ တိုက်စစ်ကစားသမား (၂)ဦးလောက်အထိ ခေါ်ယူဖို့ လိုအပ်လာခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်နဲ့ သတင်းထွက်နေရတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာအိုဆင်မန် စပါး တိုက်စစ်မှူး ဟာရီကိန်းတို့ ပါဝင်နေကြပေမယ့် ဒီကစားသမားတွေထက် ပြောင်းရွှေ့ကြေး သက်သာနိုင်မယ့် တိုက်စစ်ကစားသမားတစ်ဦးနဲ့လည်း သတင်းထွက်လာခဲ့ရပါတယ်။ သူကတော့ ရိုးမား တိုက်စစ်ကစားသမား ဒီဘားလားပါ။

ဒီဘားလားက ဒီရာသီကမှ ဂျုဗင်တပ်စ်ကနေ ရိုးမားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီအတွင်း ရိုးမားအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၀) ကစားထားခဲ့ရာ (၁၀)ဂိုး သွင်းယူ (၇)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ရိုးမားအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေခဲ့သူ ဒီဘားလားဟာ ရိုးမားနဲ့လည်း ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့်လည်း သူရဲ့ စာချုပ်ဖျက်သိမ်းကြေးက ထင်မထားရလောက်အောင် နည်းပါးလွန်းနေပြီး ပေါင်(၁၀.၇)သန်းသာ ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *