ဘယ္ေနရာမွာပဲ ကစားရ ကစားရ မန္ယူျဖစ္ေနဖို႔ကသာ အေရးႀကီးတာပါလို႔ ဆိုလိုက္တဲ့ ပရိသတ္အခ်စ္ေတာ္ မာတီနက္ဇ္

ဘယ္ေနရာမွာပဲ ကစားရ ကစားရ မန္ယူျဖစ္ေနဖို႔ကသာ အေရးႀကီးတာပါလို႔ ဆိုလိုက္တဲ့ ပရိသတ္အခ်စ္ေတာ္ မာတီနက္ဇ္

မန္ခ်က္စတာယူႏိုက္တက္ခံစစ္ကစားသမားျဖစ္သူ လီဆန္ဒ႐ို မာတီးနက္ဇ္က နည္းျပ အဲရစ္ တန္ဟန႔္ဟာ သူ႔ကို ကြင္းလယ္ပိုင္းေနရာမွာ ေျပာင္းလဲကစားခိုင္းမယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး၊ သူ႔အေနနဲ႔ တန္ဟန႔္က ဘယ္ေနရာမွာ ကစားခိုင္းခိုင္း အသင့္ျပင္ထားတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ အာဂ်င္တီးနားလက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေအဂ်က္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီး၊ သူ႔ရဲ႕ အရပ္အေမာင္းေၾကာင့္ အထင္ေသးျခင္းခံခဲ့ရေပမယ့္ အေကာင္းဆုံးေျခစြမ္းမ်ိဳးနဲ႔ ကစား ျပထားႏိုင္ခဲ့ပါတယ္။

 

မန္ယူအသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ အဲရစ္ဆန္က ကာလရွည္ဒဏ္ရာေၾကာင့္ အနားယူေနရသလို၊ ကတ္စ္မဲ႐ိုးကလည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ေနာက္ေလးပြဲကို လြဲေခ်ာ္သြားေတာ့မာ ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ တန္ဟန႔္ဟာ လာမယ့္ပြဲေတြမွာ မတ္ေတာ္မီေနး၊ ဖရက္ဒ္နဲ႔ ဆာဘစ္ဇာတို႔ ေ႐ြးခ်ယ္စရာရွိေနတာေတာင္ မာတီးနက္ဇ္ကို အေရွ႕ကို အနည္းငယ္တက္ကစားခိုင္းဖို႔ စဥ္းစားေနတယ္ဆိုၿပီး ေျပာဆိုမႈေတြ ရွိလာခဲ့ပါတယ္။

 

ထိုေျပာဆိုမႈေတြအေပၚ မာတီးနက္ဇ္က ” ကြၽန္ေတာ္တို႔မွာ ေကာင္းတဲ့ကြင္းလယ္ကစားသမားေတြ အမ်ားႀကီးရွိပါတယ္ ” ကြၽန္ေတာ္ေနရာေျပာင္းၿပီးကစားရမဲ့အေပၚလား ? ဒါကိုအဲရစ္တန္ဟတ္ အတည္မျပဳေသးပါဘူး ကြၽန္ေတာ္အေနနဲ႔ကေတာ့ ဘယ္ေနရာပဲကစားရပါေစ အသင္းအတြက္ ကစားေပးသြားမွာပါ ။ ဒီအတြက္ဘာမွမွတ္ခ်က္ေပးစရာမရွိသလို ဘာမွလဲေျပာသြားမွာမဟုတ္ပါဘူး ။ ဒါေပမဲ့တစ္ခုရွိတာက ခင္ဗ်ားဟာ ယူႏိုက္တက္မွာ ကစားေတာ့မယ္ဆိုရင္ အသင္းအတြက္ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္အေရးႀကဳံလာရင္ ကစားဖို႔လိုအပ္မယ္ဆို
အဆင္သင့္ျဖစ္ေနဖို႔ကအေရးႀကီးပါတယ္ ။ ဥပမာ ဝိန္း႐ြန္းနီပုံစံေပါ့ဗ်ာ ကြၽန္ေတာ္သူ႔ကိုအရမ္းသေဘာၾကပါတယ္ သူကတစ္ကြင္းလုံးကိုေျပးလႊားၿပီးကစားေနတဲ့သူပါ ။ ဒီအသင္းကေတာင္းဆိုမႈေတြ အရမ္းမ်ားပါတယ္ အနည္းငယ္အမွားလုပ္မိရင္ ခင္ဗ်ားဟာ အရန္ခုံတန္းေပၚေရာက္သြားမွာပါ ။ ကြၽန္ေတာ္ကယူႏိုက္တက္မွာကစားခ်င္တာပါ ဘယ္ေနရာပဲျဖစ္ျဖစ္ေပါ့ ” လို႔ ဆိုခဲ့ပါတယ္။

 

ဆက္လက္၍ မန္ယူပရိသတ္ေတြအေပၚ မာတီးနက္ဇ္က ခ်ီးက်ဳးစကားေျပာဆိုခဲ့ပါတယ္။ “ ကစားသမားတစ္ေယာက္အတြက္ အေရးႀကီးတာက စိတ္အားထက္သန္မႈ၊ ႏိုင္လိုစိတ္ျပင္းထန္မႈနဲ႔ ေဘာလုံးကို ႏွလုံးသားနဲ႔ကစားဖို႔လိုပါတယ္။ က်ေနာ္တို႔နဲ႔ ပရိသတ္ေတြၾကားမွာ အရမ္းေကာင္းတဲ့ဆက္သြယ္မႈတစ္ခုရွိပါတယ္။ ပရိသတ္ေတြက က်ေနာ့္နာမည္ကို သံၿပိဳင္ေအာ္ဟစ္ၿပီး အားေပးၾကတာကိုၾကားရတဲ့အခ်ိန္တိုင္း က်ေနာ္အရမ္းေပ်ာ္လို႔ မ်က္ရည္ေတာင္ဝဲမိပါတယ္။ ပိုၿပီးသန္မာလာသလိုလည္း ခံစားရတယ္။ မန္ခ်က္စတာယူႏိုက္တဒ္မွာ ကစားခြင့္ရဖို႔ဆိုတာ က်ေနာ္ဟိုအရင္ကတည္းက အၿမဲမက္ခဲ့တဲ့ အိပ္မက္တစ္ခုပါ။ “” လို႔ ဆိုခဲ့ပါတယ္။
crd

unicode

ဘယ်နေရာမှာပဲ ကစားရ ကစားရ မန်ယူဖြစ်နေဖို့ကသာ အရေးကြီးတာပါလို့ ဆိုလိုက်တဲ့ ပရိသတ်အချစ်တော် မာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဖြစ်သူ လီဆန်ဒရို မာတီးနက်ဇ်က နည်းပြ အဲရစ် တန်ဟန့်ဟာ သူ့ကို ကွင်းလယ်ပိုင်းနေရာမှာ ပြောင်းလဲကစားခိုင်းမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး၊ သူ့အနေနဲ့ တန်ဟန့်က ဘယ်နေရာမှာ ကစားခိုင်းခိုင်း အသင့်ပြင်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အေဂျက်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး၊ သူ့ရဲ့ အရပ်အမောင်းကြောင့် အထင်သေးခြင်းခံခဲ့ရပေမယ့် အကောင်းဆုံးခြေစွမ်းမျိုးနဲ့ ကစား ပြထားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အဲရစ်ဆန်က ကာလရှည်ဒဏ်ရာကြောင့် အနားယူနေရသလို၊ ကတ်စ်မဲရိုးကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် နောက်လေးပွဲကို လွဲချော်သွားတော့မာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် တန်ဟန့်ဟာ လာမယ့်ပွဲတွေမှာ မတ်တော်မီနေး၊ ဖရက်ဒ်နဲ့ ဆာဘစ်ဇာတို့ ရွေးချယ်စရာရှိနေတာတောင် မာတီးနက်ဇ်ကို အရှေ့ကို အနည်းငယ်တက်ကစားခိုင်းဖို့ စဥ်းစားနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ထိုပြောဆိုမှုတွေအပေါ် မာတီးနက်ဇ်က ” ကျွန်တော်တို့မှာ ကောင်းတဲ့ကွင်းလယ်ကစားသမားတွေ အများကြီးရှိပါတယ် ” ကျွန်တော်နေရာပြောင်းပြီးကစားရမဲ့အပေါ်လား ? ဒါကိုအဲရစ်တန်ဟတ် အတည်မပြုသေးပါဘူး ကျွန်တော်အနေနဲ့ကတော့ ဘယ်နေရာပဲကစားရပါစေ အသင်းအတွက် ကစားပေးသွားမှာပါ ။ ဒီအတွက်ဘာမှမှတ်ချက်ပေးစရာမရှိသလို ဘာမှလဲပြောသွားမှာမဟုတ်ပါဘူး ။ ဒါပေမဲ့တစ်ခုရှိတာက ခင်ဗျားဟာ ယူနိုက်တက်မှာ ကစားတော့မယ်ဆိုရင် အသင်းအတွက် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်အရေးကြုံလာရင် ကစားဖို့လိုအပ်မယ်ဆို အဆင်သင့်ဖြစ်နေဖို့ကအရေးကြီးပါတယ် ။ ဥပမာ ဝိန်းရွန်းနီပုံစံပေါ့ဗျာ ကျွန်တော်သူ့ကိုအရမ်းသဘောကြပါတယ် သူကတစ်ကွင်းလုံးကိုပြေးလွှားပြီးကစားနေတဲ့သူပါ ။ ဒီအသင်းကတောင်းဆိုမှုတွေ အရမ်းများပါတယ် အနည်းငယ်အမှားလုပ်မိရင် ခင်ဗျားဟာ အရန်ခုံတန်းပေါ်ရောက်သွားမှာပါ ။ ကျွန်တော်ကယူနိုက်တက်မှာကစားချင်တာပါ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့ ” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်၍ မန်ယူပရိသတ်တွေအပေါ် မာတီးနက်ဇ်က ချီးကျုးစကားပြောဆိုခဲ့ပါတယ်။ “ ကစားသမားတစ်ယောက်အတွက် အရေးကြီးတာက စိတ်အားထက်သန်မှု၊ နိုင်လိုစိတ်ပြင်းထန်မှုနဲ့ ဘောလုံးကို နှလုံးသားနဲ့ကစားဖို့လိုပါတယ်။ ကျနော်တို့နဲ့ ပရိသတ်တွေကြားမှာ အရမ်းကောင်းတဲ့ဆက်သွယ်မှုတစ်ခုရှိပါတယ်။ ပရိသတ်တွေက ကျနော့်နာမည်ကို သံပြိုင်အော်ဟစ်ပြီး အားပေးကြတာကိုကြားရတဲ့အချိန်တိုင်း ကျနော်အရမ်းပျော်လို့ မျက်ရည်တောင်ဝဲမိပါတယ်။ ပိုပြီးသန်မာလာသလိုလည်း ခံစားရတယ်။ မန်ချက်စတာယူနိုက်တဒ်မှာ ကစားခွင့်ရဖို့ဆိုတာ ကျနော်ဟိုအရင်ကတည်းက အမြဲမက်ခဲ့တဲ့ အိပ်မက်တစ်ခုပါ။ “” လို့ ဆိုခဲ့ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *