နယ္သာလန္ လက္ေ႐ြးစင္အသင္းေဖာ္ဂတ္ပိုက ယူႏိုက္တက္မွာေတာက္ပဖို႔ အဆင္သင့္ျဖစ္ေနၿပီဟု ယူႏိုက္တက္ေနာက္ခံလူ မာလာစီယာ

နယ္သာလန္ လက္ေ႐ြးစင္အသင္းေဖာ္ဂတ္ပိုက ယူႏိုက္တက္မွာေတာက္ပဖို႔ အဆင္သင့္ျဖစ္ေနၿပီဟု ယူႏိုက္တက္ေနာက္ခံလူ မာလာစီယာ
နယ္သာလန္ လက္ေ႐ြးစင္အသင္းေဖာ္ဂတ္ပိုကို ယူႏိုက္တက္မွာ အေကာင္းဆုံ ေတာက္ပႏိုင္ဖို႔ ေအးဂ်င့္လုပ္ေပးေနတဲ့ ေနာက္ခံလူ မာလာစီယာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ နယ္သာလန္လက္ေ႐ြးစင္ ဘယ္ေနာက္ခံလူ မာလာစီယာက ၎၏ႏိုင္ငံအသင္းေဖာ္ တိုက္စစ္ကစားသမားျဖစ္တဲ့ ကိုဒီ ဂတ္ပိုသည္ အိုးထရက္ဖိုဒ့္ကလပ္ထံ ေျပာင္းေ႐ႊ႕လာခဲ့ပါက ေျခစြမ္းျပသဖို႔ အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

ကိုဒီဂတ္ပိုဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ပုံစံေကာင္းျပသထားႏိုင္ၿပီး ယခုရာသီမွာလည္း PSV အသင္းအတြက္ အထူးေျခစြမ္းျပသထားႏိုင္ၿပီး လိဂ္ ၁၄ ပြဲမွာ သြင္းဂိုး ၉ ဂိုးသြင္းယူကာ ဂိုးဖန္တီူမႈ ၁၄ ႀကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။ ယခု ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္းမွာလည္း ဂတ္ပိုဟာ နယ္သာလန္အသင္းအတြက္ အုပ္စုပြဲစဥ္ ၃ပြဲ စလုံးတြင္ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

ယခုအခါ အီတလီဂ်ာနယ္လစ္ ဂါလက္တီရဲ႕ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဂတ္ပိုကို ေခၚယူႏိုင္‌ေရးအတြက္ အေကာင္းဆုံးအေျခအေနမွာ ေရာက္ရွိေနၿပီး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ ေနာက္ဆုံးအဆင့္ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

ကစားသမားကိုယ္တိုင္က မန္ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕လိုေၾကာင္း ထုတ္ေဖာ္ထားၿပီးျဖစ္ၿပီး မန္ယူႏိုက္တက္အသင္းနည္းျပ အဲရစ္တန္ဟဂ္ႏွင့္ေဆြးေႏြးခဲ့ဖူးေၾကာင္း မၾကာေသးခင္ကမွ သတင္းအခ်ိဳ႕က အတည္ျပဳခဲ့ေပမယ့္ PSV အမႈေဆာင္အရာရွိ မာဆယ္ဘရန္းစ္က ‘ ေႏြရာသီအတြင္း ဂတ္ပိုအတြက္ မန္ယူအသင္းရဲ႕ကမ္းလွမ္းခ်က္ဟာ အသင္းဘက္က သတ္မွတ္ခ်က္ကို စံခ်ိန္မျပည့္မီေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ ‘

နယ္သာလန္အသင္းမွာ အသင္းေဖာ္ျဖစ္ေနတဲ့ ယူႏိုက္တက္ၾကယ္ပြင့္ မာလာစီယာက – ”ဂတ္ပိုဟာ ထိပ္တန္းအဆင့္မွာ ကစားဖို႔အတြက္ လုံေလာက္တဲ့အရည္အေသြးရွိေနပါတယ္။ ဒါကို သံသယဝင္စရာမရွိပါဘူး။ မန္ခ်က္စတာယူႏိုက္တက္အသင္းကို လာကစားရင္လည္း သူက႐ုန္းကန္ရလိမ့္မယ္လို႔ မထင္ပါဘူး။ သူသာကြၽန္ေတာ္တို႔အသင္းဆီ ေျပာင္းလာရင္ တကယ္ေပ်ာ္႐ႊင္မိမွာပါ။ ”လို႔ ၎က ဆိုထားခဲ့သည္။

နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ကလည္း ဂတ္ပိုရဲ႕ေျခစြမ္းျပမႈကို ခ်ီးက်ဴးခဲ့ေပမယ့္ အသင္းသစ္ေ႐ြးခ်ယ္ရာမွာ ေသခ်ာေ႐ြးခ်ယ္ဖို႔ သတိေပးထားတာေၾကာင့္ လာမည့္ဇန္နဝါရီမွာ ဂတ္ပိုအေနျဖင့္ မည္သည့္အသင္းကို ေျပာင္းေ႐ႊ႕သြားမလဲဆိုတာ စိတ္ဝင္စားစရာပါဘဲ။
crd

Unicode
နယ်သာလန် လက်ရွေးစင်အသင်းဖော်ဂတ်ပိုက ယူနိုက်တက်မှာတောက်ပဖို့ အဆင်သင့်ဖြစ်နေပြီဟု ယူနိုက်တက်နောက်ခံလူ မာလာစီယာ
နယ်သာလန် လက်ရွေးစင်အသင်းဖော်ဂတ်ပိုကို ယူနိုက်တက်မှာ အကောင်းဆုံ တောက်ပနိုင်ဖို့ အေးဂျင့်လုပ်ပေးနေတဲ့ နောက်ခံလူ မာလာစီယာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ဘယ်နောက်ခံလူ မာလာစီယာက ၎င်း၏နိုင်ငံအသင်းဖော် တိုက်စစ်ကစားသမားဖြစ်တဲ့ ကိုဒီ ဂတ်ပိုသည် အိုးထရက်ဖိုဒ့်ကလပ်ထံ ပြောင်းရွှေ့လာခဲ့ပါက ခြေစွမ်းပြသဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ကိုဒီဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပုံစံကောင်းပြသထားနိုင်ပြီး ယခုရာသီမှာလည်း PSV အသင်းအတွက် အထူးခြေစွမ်းပြသထားနိုင်ပြီး လိဂ် ၁၄ ပွဲမှာ သွင်းဂိုး ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီူမှု ၁၄ ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာလည်း ဂတ်ပိုဟာ နယ်သာလန်အသင်းအတွက် အုပ်စုပွဲစဉ် ၃ပွဲ စလုံးတွင် ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ယခုအခါ အီတလီဂျာနယ်လစ် ဂါလက်တီရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂတ်ပိုကို ခေါ်ယူနိုင်‌ရေးအတွက် အကောင်းဆုံးအခြေအနေမှာ ရောက်ရှိနေပြီး စာချုပ်ချုပ်ဆိုဖို့အတွက် နောက်ဆုံးအဆင့်ရောက်ရှိနေပြီလို့ သိရပါတယ်။

ကစားသမားကိုယ်တိုင်က မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ထားပြီးဖြစ်ပြီး မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟဂ်နှင့်ဆွေးနွေးခဲ့ဖူးကြောင်း မကြာသေးခင်ကမှ သတင်းအချို့က အတည်ပြုခဲ့ပေမယ့် PSV အမှုဆောင်အရာရှိ မာဆယ်ဘရန်းစ်က ‘ နွေရာသီအတွင်း ဂတ်ပိုအတွက် မန်ယူအသင်းရဲ့ကမ်းလှမ်းချက်ဟာ အသင်းဘက်က သတ်မှတ်ချက်ကို စံချိန်မပြည့်မီကြောင်း ဖွင့်ဟခဲ့ပါတယ်။ ‘

နယ်သာလန်အသင်းမှာ အသင်းဖော်ဖြစ်နေတဲ့ ယူနိုက်တက်ကြယ်ပွင့် မာလာစီယာက – ”ဂတ်ပိုဟာ ထိပ်တန်းအဆင့်မှာ ကစားဖို့အတွက် လုံလောက်တဲ့အရည်အသွေးရှိနေပါတယ်။ ဒါကို သံသယဝင်စရာမရှိပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းကို လာကစားရင်လည်း သူကရုန်းကန်ရလိမ့်မယ်လို့ မထင်ပါဘူး။ သူသာကျွန်တော်တို့အသင်းဆီ ပြောင်းလာရင် တကယ်ပျော်ရွှင်မိမှာပါ။ ”လို့ ၎င်းက ဆိုထားခဲ့သည်။

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း ဂတ်ပိုရဲ့ခြေစွမ်းပြမှုကို ချီးကျူးခဲ့ပေမယ့် အသင်းသစ်ရွေးချယ်ရာမှာ သေချာရွေးချယ်ဖို့ သတိပေးထားတာကြောင့် လာမည့်ဇန်နဝါရီမှာ ဂတ်ပိုအနေဖြင့် မည်သည့်အသင်းကို ပြောင်းရွှေ့သွားမလဲဆိုတာ စိတ်ဝင်စားစရာပါဘဲ။
crd

Add a Comment

Your email address will not be published. Required fields are marked *