ဘက္ေပါင္းစုံက ေဝဖန္ျပစ္တင္မႈေတြမ်ားစြာ ခံေနရတဲ့ ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ရပ္တည္ကာကြယ္ေပးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၲဝင္ႀကီး ဒေရာ့ဘာ

ဘက္ေပါင္းစုံက ေဝဖန္ျပစ္တင္မႈေတြမ်ားစြာ ခံေနရတဲ့ ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ရပ္တည္ကာကြယ္ေပးခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၲဝင္ႀကီး ဒေရာ့ဘာ

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြျဖစ္တဲ့ ဂယ္ရီ နဗီးနဲ႔ ဝိန္း ႐ူနီတို႔အပါအဝင္ အမ်ားစုဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေပၚမွာ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အသင္းေဖာ္ေဟာင္းေတြကို ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဂႏၲဝင္ ဒီဒီယာ ဒေရာ့ဂ္ဘာဟာ ေဝဖန္ျပစ္တင္မႈေတြ မ်ားစြာ ခံေနရတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး မီဆြတ္ အိုေဇးလ္ရဲ႕ မွတ္ခ်က္ကို သေဘာတူေၾကာင္း လူသိရွင္ၾကား ျပသခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ မီဒီယာေတြနဲ႔ ေဘာလုံးေဝဖန္သူေတြဟာ ေပၚတူဂီၾကယ္ပြင့္ကို အာ႐ုံစိုက္ခံရဖို႔အတြက္နဲ႔ မေကာင္းတဲ့မွတ္ခ်က္စကားေတြ ေျပာၾကားခဲ့ၾကတာနဲ႔ပတ္သက္ၿပီး ၎ရဲ႕ ထင္ျမင္ခ်က္ကို မွ်ေဝခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေတြျဖစ္တဲ့ ဂယ္ရီ နဗီးနဲ႔ ဝိန္း ႐ူနီတို႔အပါအဝင္ အမ်ားစုဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေပၚမွာ ျပစ္တင္ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က ပီးယာ့စ္ ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အသင္းေဖာ္ေဟာင္းေတြကို ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အိုးထရက္ဖို႔ဒ္က အျပဳအမူေတြဟာ မၾကာေသးမီကမွ ျပင္းထန္တဲ့ အကဲျဖတ္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ ကြင္းအတြင္းကေန ပြဲမၿပီးဆုံးခင္ ထြက္ခြာသြားတာမ်ိဳးေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ပီးယာ့စ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္ေၾကာင့္လည္း ေရာ္နယ္လ္ဒိုဟာ လူအမ်ားအျပားရဲ႕ ျပစ္တင္ရႈတ္ခ်ျခင္းကို ခံခဲ့ရတာျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ အိုေဇးလ္က အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဘက္ကေန ရပ္တည္ကာကြယ္ေပးခဲ့တာျဖစ္ပါတယ္။

“မီဒီယာေတြကေန ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ဒီလို မေကာင္းသတင္းေတြ ဘယ္လို ဆက္တိုက္ထြက္လာလဲဆိုတာ ကြၽန္ေတာ္ တကယ္နားမလည္ပါဘူး။ မီဒီယာေတြက ကလစ္ရဖို႔ပဲ ႀကိဳးပမ္းေနၿပီး ဘာမွ လုပ္စားစရာမရွိေတာ့တဲ့ ေဘာလုံးေဝဖန္သူေတြက သူ႔ရဲ႕ နာမည္ႀကီးမႈနဲ႔အတူ အာ႐ုံစိုက္မႈလိုခ်င္ေနၿပီး သူ႔ကို မေကာင္းတဲ့ပုံစံမ်ိဳးျဖစ္ေအာင္ ပုံေဖာ္ဖို႔ ႀကိဳးပမ္းေနတာပါ။ မၾကာခင္ သူက အသက္ ၃၈ ႏွစ္ျပည့္ေတာ့မွာပါ။ အဲဒီေတာ့ သူ တစ္ရာသီကို ဂိုး ၅၀ ထပ္မသြင္းႏိုင္ေတာ့ရင္လည္း ဘာ အံ့အားသင့္စရာ ရွိေသးလို႔လဲ”

“ေဘာလုံးပရိသတ္တိုင္းက ႏွစ္ ၂၀ ေလာက္ သူ႔ကို ကမာၻ႔အဆင့္မွာ ကစားေနတာ ျမင္ရတာကိုပဲ ေပ်ာ္႐ႊင္ေနသင့္ပါတယ္။ သူ႔ရဲ႕ ကိန္းဂဏန္းေတြအတိုင္း ေနာက္ထပ္တစ္ႀကိမ္ လုပ္ႏိုင္မယ့္သူက မ်ိဳးဆက္သစ္ေတြထဲမွာ ဘယ္သူမွ ရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူက အၿမဲတမ္း သူ႔ရဲ႕ကိုယ္ပိုင္ အဆင့္အတန္းမွာပဲ ထာဝရရွိေနပါလိမ့္မယ္။ အားကစားသမိုင္းက အႀကီးက်ယ္အခမ္းနားဆုံးအားကစားသမားေတြထဲက တစ္ဦးကို အားလုံးပိုၿပီး ေလးစားမႈျပသင့္ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဂႏၲဝင္တိုက္စစ္မႉး ဒီဒီယာ ဒေရာ့ဂ္ဘာက မီဆြတ္ အိုေဇးလ္ရဲ႕ ေရာ္နယ္လ္ဒိုနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ကို မွန္ကန္ေၾကာင္း ေထာက္ခံတဲ့အေနနဲ႔ “ေျပာသြားတာ ေကာင္းတယ္ ငါ့ညီ”လို႔ ေရးသားၿပီး ျပန္လည္မွ်ေဝခဲ့တာျဖစ္ပါတယ္။
crd

https://mobile.twitter.com/TeamCRonaldo/status/1601542594080944131/photo/1

Unicode
ဘက်ပေါင်းစုံက ဝေဖန်ပြစ်တင်မှုတွေများစွာ ခံနေရတဲ့ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ရပ်တည်ကာကွယ်ပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင်ကြီး ဒရော့ဘာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ဝိန်း ရူနီတို့အပါအဝင် အများစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဂ်ဘာဟာ ဝေဖန်ပြစ်တင်မှုတွေ များစွာ ခံနေရတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး မီဆွတ် အိုဇေးလ်ရဲ့ မှတ်ချက်ကို သဘောတူကြောင်း လူသိရှင်ကြား ပြသခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ မီဒီယာတွေနဲ့ ဘောလုံးဝေဖန်သူတွေဟာ ပေါ်တူဂီကြယ်ပွင့်ကို အာရုံစိုက်ခံရဖို့အတွက်နဲ့ မကောင်းတဲ့မှတ်ချက်စကားတွေ ပြောကြားခဲ့ကြတာနဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို မျှဝေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ဝိန်း ရူနီတို့အပါအဝင် အများစုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က ပီးယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ အသင်းဖော်ဟောင်းတွေကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်က အပြုအမူတွေဟာ မကြာသေးမီကမှ ပြင်းထန်တဲ့ အကဲဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် ကွင်းအတွင်းကနေ ပွဲမပြီးဆုံးခင် ထွက်ခွာသွားတာမျိုးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပီးယာ့စ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်ကြောင့်လည်း ရော်နယ်လ်ဒိုဟာ လူအများအပြားရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရတာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်းဖြစ်တဲ့ အိုဇေးလ်က အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဘက်ကနေ ရပ်တည်ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

“မီဒီယာတွေကနေ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဒီလို မကောင်းသတင်းတွေ ဘယ်လို ဆက်တိုက်ထွက်လာလဲဆိုတာ ကျွန်တော် တကယ်နားမလည်ပါဘူး။ မီဒီယာတွေက ကလစ်ရဖို့ပဲ ကြိုးပမ်းနေပြီး ဘာမှ လုပ်စားစရာမရှိတော့တဲ့ ဘောလုံးဝေဖန်သူတွေက သူ့ရဲ့ နာမည်ကြီးမှုနဲ့အတူ အာရုံစိုက်မှုလိုချင်နေပြီး သူ့ကို မကောင်းတဲ့ပုံစံမျိုးဖြစ်အောင် ပုံဖော်ဖို့ ကြိုးပမ်းနေတာပါ။ မကြာခင် သူက အသက် ၃၈ နှစ်ပြည့်တော့မှာပါ။ အဲဒီတော့ သူ တစ်ရာသီကို ဂိုး ၅၀ ထပ်မသွင်းနိုင်တော့ရင်လည်း ဘာ အံ့အားသင့်စရာ ရှိသေးလို့လဲ”

“ဘောလုံးပရိသတ်တိုင်းက နှစ် ၂၀ လောက် သူ့ကို ကမ္ဘာ့အဆင့်မှာ ကစားနေတာ မြင်ရတာကိုပဲ ပျော်ရွှင်နေသင့်ပါတယ်။ သူ့ရဲ့ ကိန်းဂဏန်းတွေအတိုင်း နောက်ထပ်တစ်ကြိမ် လုပ်နိုင်မယ့်သူက မျိုးဆက်သစ်တွေထဲမှာ ဘယ်သူမှ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက အမြဲတမ်း သူ့ရဲ့ကိုယ်ပိုင် အဆင့်အတန်းမှာပဲ ထာဝရရှိနေပါလိမ့်မယ်။ အားကစားသမိုင်းက အကြီးကျယ်အခမ်းနားဆုံးအားကစားသမားတွေထဲက တစ်ဦးကို အားလုံးပိုပြီး လေးစားမှုပြသင့်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဂန္တဝင်တိုက်စစ်မှူး ဒီဒီယာ ဒရော့ဂ်ဘာက မီဆွတ် အိုဇေးလ်ရဲ့ ရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မှန်ကန်ကြောင်း ထောက်ခံတဲ့အနေနဲ့ “ပြောသွားတာ ကောင်းတယ် ငါ့ညီ”လို့ ရေးသားပြီး ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *