ဘက်တစ်နဲ့ပွဲမှာ အမိုက်စားခြေစွမ်းနဲ့ အသင်းကိုထမ်းတင်ပေးခဲ့တဲ့ သရဲနီကြယ်ပွင့်တစ်ဦးကို အမွှမ်းတင်ချီးကျူးလိုက်တဲ့ အဲရစ်တန်ဟက်ဂ်ျ




crd

unicode

ဘက်တစ်နဲ့ပွဲမှာ အမိုက်စားခြေစွမ်းနဲ့ အသင်းကိုထမ်းတင်ပေးခဲ့တဲ့ သရဲနီကြယ်ပွင့်တစ်ဦးကို အမွှမ်းတင်ချီးကျူးလိုက်တဲ့ အဲရစ်တန်ဟက်ဂျ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်က အန်ဖီးလ်ဒ်က ရှုံးပွဲကို မေ့သွားစေခဲ့ပြီး၊ ယူရိုပါလိဂ်နိုင်ပွဲရရှိအောင် ကူညီပေးခဲ့တဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ချီးကျုးစကားပြောဆိုလိုက်ပါတယ်။ ဘရူနိုဟာ လီ‌ဗာပူးလ်နဲ့ပွဲအပြီးမှာ အကြီးအကျယ်ဝေဖန်မှုတွေ ခံခဲ့ရပေမယ့်၊ ရီးရဲလ်ဘက်တစ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာတော့ အသင်းခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ ခြေစွမ်းမျိုး ပြသခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ ပထမသွင်းနှစ်ဂိုးမှာ သူ ပါဝင် ပတ်သက်ခဲ့သလို၊ အသင်းရဲ့ တတိယမြောက်သွင်းဂိုးကိုလည်း သူကိုယ်တိုင် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို မန်ယူအသင်းအနေနဲ့ တက်ရောက်သွားဖို့ သေချာသလောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ထို့အတွက်ကြောင့် ပွဲအပြီး အင်တာဗျုးမှာ တန်ဟန့်က ဘရူနို ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီး ချီးကျုးစကား ပြောဆိုခဲ့ပါတယ်။ ” ဘရူနို ဖာနန်ဒက်စ်က ဒီနေ့ ကွင်းထဲမှာ အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ ” ကျွန်တော် ထင်ပါတယ်။ သူက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြခဲ့တယ်။ ဒီညမှာ သူ နည်းနည်းလေးအရှေ့ကို တက်ကစားခဲ့တယ်၊ သူ အဲ့ဒီမှာ ထူးချွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူက နောက်ကွယ်ကနေ အသင်းကို ဘောလုံးထိန်းချုပ်မှုရရှိနိုင်အောင် လုပ်ပေးတယ်၊

ခံစစ်တန်းတွေ အကြားမှာ ကောင်းတဲ့ပေးပို့မှုတွေ” လုပ်ခဲ့တယ်၊ အဲ့ဒီကနေပြီးတော့ အခွင့်အ‌ရေးတွေအများကြီး ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီနေ့ သူ့ရဲ့ ကစားပုံက ထူးချွန်ခဲ့ပါတယ်၊ ပထမဆုံးတစ်မိနစ်ကနေ စတင်ပြီးတော့ အသင်းကို သူ ဦးဆောင်ခဲ့တယ်။ ဘောလုံးပိုင်ဆိုင်နေတဲ့အချိန်တွေမှာ သူက ပွဲရဲ့ စည်းချက်ကို ဖန်တီးပေးခဲ့ပြီးတော့၊ တစ်ဂိုးသွင်းခဲ့တယ်၊ ဒီတော့ ကျွန်တော် ကျေနပ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *