ဗီလာနဲ႔ရႈံးပြဲအတြက္ေရာ္နယ္ဒိုတစ္ဦးတည္းကိုအျပစ္တင္ေနတာမတရားဘူးလို႔ ဆိုလိုက္တဲ့ အဲရစ္တန္ဟဂ္
|ဗီလာနဲ႔ရႈံးပြဲအတြက္ေရာ္နယ္ဒိုတစ္ဦးတည္းကိုအျပစ္တင္ေနတာမတရားဘူးလို႔ ဆိုလိုက္တဲ့ အဲရစ္တန္ဟဂ္
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ အက္စတြန္ဗီလာ အသင္းကို ၃-၁ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး၊ အဆိုပါပြဲမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက အသင္းေခါင္းေဆာင္ လက္ပတ္ဝတ္ဆင္ကာ ပါဝင္ကစားသြားခဲ့ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနည္းျပ အဲရစ္တန္ဟဂ္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အသင္းေခါင္းေဆာင္ အျဖစ္ ေ႐ြးခ်ယ္ရမယ့္ ေလးေယာက္ေျမာက္ ကစားသမား ျဖစ္တယ္လို႔ ဝန္ခံသြားခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ စည္းကမ္းပိုင္းဆိုင္ရာ အားနည္းမႈေၾကာင့္ အဲရစ္တန္ဟဂ္နဲ႔ ထိပ္တိုက္ ေတြ႕ဆုံထားခဲ့ဖူးသူ ျဖစ္ေပမယ့္ ဗီလာပါ့ခ္ကို သြားေရာက္ ယွဥ္ၿပိဳင္တဲ့ပြဲမွာေတာ့ အသင္းေခါင္းေဆာင္ အျဖစ္ အံ့အားသင့္ဖြယ္ ခန္႔အပ္ ခံခဲ့ရပါတယ္။
အဆိုပါပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ကို တေက်ာ့ျပန္ ေရာက္ရွိလာတဲ့ အူႏိုင္းအမ္မရီရဲ႕ အက္စတြန္ဗီလာ အသင္းကို ၃-၁ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ၿပီး၊ ပြဲအၿပီးမွာ ေရာ္နယ္လ္ဒိုကို ဘာေၾကာင့္ အသင္းေခါင္းေဆာင္ လက္ပတ္ ေပးခဲ့သလဲ ဆိုတာ တန္ဟဂ္က အခုလို ရွင္းျပသြားခဲ့ပါတယ္။ “အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ ဟယ္ရီ မက္ဂြိဳင္းယားက အရံခုံေပၚမွာပဲ ရွိေနတယ္ေလ။ သူက ကြၽန္ေတာ္တို႔ရဲ႕ အသင္းေခါင္းေဆာင္ပါ။ အဲဒီေနာက္ အျခား အသင္းေခါင္းေဆာင္ တေယာက္ ေ႐ြးခ်ယ္ရဖို႔ ရွိလာတဲ့သူက ေဒးဗစ္ ဒီဂီယာပဲ ျဖစ္ပါတယ္။” “ဒါေပမယ့္ ဒီဂီယာက ဂိုးသမား တေယာက္ ျဖစ္ေနၿပီး အျခား အသင္းေဖာ္ေတြကို ၫႊန္ၾကားဖို႔ အေဝးမွာ ရွိေနတဲ့သူပါ။ ဒီဂီယာၿပီးေတာ့ ေနာက္ထပ္ ေ႐ြးခ်ယ္ရမယ့္သူက ကက္စီမီ႐ိုပါ။ ဒါေပမယ့္ သူကက်ေတာ့ အဂၤလိပ္စကား သိပ္မေျပာတတ္လို႔ ေရာ္နယ္လ္ဒိုကိုပဲ အသင္းေခါင္းေဆာင္ အျဖစ္ ေ႐ြးခဲ့ရပါတယ္။”
ေရာ္နယ္လ္ဒိုဟာ အက္စတြန္ဗီလာ အသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာ အန္တိုနီ မာရွယ္၊ မားကပ္စ္ ရပ္ခ္်ဖို႔ဒ္ တို႔နဲ႔အတူ ယူႏိုက္တက္ရဲ႕ တိုက္စစ္ပိုင္းမွာ ပြဲခ်ိန္ျပည့္ ပါဝင္ ကစားသြားခဲ့ေပမယ့္ အသင္းအတြက္ အေပါင္းလကၡဏာ ေဆာင္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ခဲ့ျခင္း မရွိပါဘူး။ အက္စတြန္ဗီလာ အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး၁၀ပြဲမွာ ပထမဆုံး ရႈံးပြဲႀကဳံခဲ့ရတာပါ။ ဒါေပမယ့္ အဲရစ္ တန္ဟဂ္ကေတာ့ ယခုပြဲ ရလဒ္အတြက္ ေရာ္နယ္လ္ဒိုကို အျပစ္တင္ဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ အက္စတြန္ဗီလာ အသင္းနဲ႔ပြဲမွာ ပထမပိုင္း အေစာပိုင္းနဲ႔ ဒုတိယပိုင္း အေစာပိုင္း ပြဲခ်ိန္ေတြမွာ အထေႏွးခဲ့ေၾကာင္းနဲ႔ သူ႔ရဲ႕ အသင္းဟာ ေကာင္းမြန္စြာ ကစားႏိုင္ခဲ့ျခင္း မရွိေၾကာင္း အဲရစ္တန္ဟဂ္က အခုလို ထပ္ေျပာသြားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အသင္းဟာ ဒီပြဲရဲ႕ ပထမပိုင္း အေစာပိုင္းနဲ႔ ဒုတိယပိုင္း အေစာပိုင္း ပြဲခ်ိန္ေတြမွာ ရႈံးနိမ့္ခဲ့တာပါ။ အဲလို အေျခအေနကို လက္ခံႏိုင္စရာ မရွိပါဘူး။ အက္စတြန္ဗီလာ အသင္းဟာ ကြၽန္ေတာ္တို႔ အသင္းထက္ ပိုတက္ႂကြေနပုံမ်ိဳး ျမင္ရၿပီး၊ ကြၽန္ေတာ္တို႔ထက္ ပြဲအတြက္ အဆင္သင့္ ျဖစ္ေနခဲ့ပါတယ္။” “ရလဒ္ကေတာ့ အားလုံး သိတဲ့အတိုင္းပါပဲ။ ကြၽန္ေတာ္တို႔ အဖက္ဖက္က မယွဥ္ႏိုင္လို႔ ရႈံးနိမ့္ခဲ့တာကို ဘယ္ေတာ့မွ လိမ္လို႔မရပါဘူး။ ေဘာလုံးေလာကမွာ အၿမဲတမ္း ကိုယ့္ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ တူညီတဲ့အရာ ျပန္ရတာပါပဲ။ ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ရဲ႕ ကစားပုံက သိပ္မေကာင္းခဲ့ပါဘူး။” “ဒီလို ဆိုး႐ြားတဲ့ ကစားပုံမ်ိဳး အခ်ိန္ အေတာ္ၾကာၿပီးေနာက္မွ ထပ္ျဖစ္ခဲ့တာပါ။ အသင္းရဲ႕ ကစားပုံနဲ႔ ရလဒ္ေတြက ကြၽန္ေတာ္တို႔ေပၚမွာပဲ မူတည္ေနတယ္လို႔ ကြၽန္ေတာ္ ေျပာခဲ့ဖူးပါတယ္။ ဒီေန႔ပြဲမွာ ကြၽန္ေတာ္တို႔ အသင္းက ေဘာလုံးကို ထိန္းခ်ဳပ္ႏိုင္စြမ္း မရွိခဲ့ပါဘူး။”
“ေနာက္ၿပီး အသင္းအတြက္ မွန္ကန္တဲ့ ကစားသမား ဖြဲ႕စည္း တည္ေဆာက္ပုံမ်ိဳးလည္း မရခဲ့ပါဘူး။ အဓိကကေတာ့ လိုက္နာရမယ့္ စည္းကမ္းေတြကို ေဖာက္ဖ်က္ခဲ့မိလို႔ အရႈံးေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားေတြက အေတြ႕အႀကဳံေတြ ရွိၾကပါတယ္။” “ဒါေပမယ့္ အဲဒါနဲ႔ မရပါဘူး၊ ပြဲအေျခအေနကို နားလည္ႏိုင္ဖို႔လည္း လိုပါေသးတယ္။ ဒီပြဲမွာ ကြၽန္ေတာ္တို႔ဘက္ကသာ မွန္ကန္တဲ့ အစုအဖြဲ႕မ်ိဳး ရွိမယ္ဆိုရင္ ပြဲခ်ိန္ ပထမပိုင္းနဲ႔ ဒုတိယပိုင္း အစေတြမွာ ဂိုး၂ဂိုး ေပးခဲ့ရမွာ မဟုတ္ပါဘူး။ အဲဒီဂိုးေတြက လုံးဝကို ခြင့္ျပဳစရာမလိုတဲ့ သြင္းဂိုးေတြပါ။” “ကြၽန္ေတာ္တို႔ အေနနဲ႔ ၿပိဳင္ဘက္ထက္ ပိုၿပီး ရပ္တည္ခ်က္ ျပတ္သားႏိုင္ဖို႔ လိုပါတယ္။ ေနာက္ၿပီး ကစားပုံ က်စ္က်စ္လစ္လစ္နဲ႔ ေဘာလုံးကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုပါတယ္။ အသင္းတိုင္းဟာ သူတို႔ရဲ႕ တိုက္ပြဲေတြကို အႏိုင္ယူဖို႔ ႀကိဳးစားမွာ ျဖစ္ေပမယ့္၊ ကြၽန္ေတာ္တို႔ကေတာ့ အဲလို မလုပ္ႏိုင္ခဲ့လို႔ စိတ္ပ်က္မိပါတယ္။” ဆိုၿပီး တနဟဂ္က ထုတ္ေျပာသြား ခဲ့ပါတယ္။
crd
unicode
ဗီလာနဲ့ရှုံးပွဲအတွက်ရော်နယ်ဒိုတစ်ဦးတည်းကိုအပြစ်တင်နေတာမတရားဘူးလို့ ဆိုလိုက်တဲ့ အဲရစ်တန်ဟဂ်
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာ အသင်းကို ၃-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၊ အဆိုပါပွဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ကာ ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟဂ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းခေါင်းဆောင် အဖြစ် ရွေးချယ်ရမယ့် လေးယောက်မြောက် ကစားသမား ဖြစ်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုကြောင့် အဲရစ်တန်ဟဂ်နဲ့ ထိပ်တိုက် တွေ့ဆုံထားခဲ့ဖူးသူ ဖြစ်ပေမယ့် ဗီလာပါ့ခ်ကို သွားရောက် ယှဉ်ပြိုင်တဲ့ပွဲမှာတော့ အသင်းခေါင်းဆောင် အဖြစ် အံ့အားသင့်ဖွယ် ခန့်အပ် ခံခဲ့ရပါတယ်။
အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာတဲ့ အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာ အသင်းကို ၃-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၊ ပွဲအပြီးမှာ ရော်နယ်လ်ဒိုကို ဘာကြောင့် အသင်းခေါင်းဆောင် လက်ပတ် ပေးခဲ့သလဲ ဆိုတာ တန်ဟဂ်က အခုလို ရှင်းပြသွားခဲ့ပါတယ်။ “အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဟယ်ရီ မက်ဂွိုင်းယားက အရံခုံပေါ်မှာပဲ ရှိနေတယ်လေ။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ အဲဒီနောက် အခြား အသင်းခေါင်းဆောင် တယောက် ရွေးချယ်ရဖို့ ရှိလာတဲ့သူက ဒေးဗစ် ဒီဂီယာပဲ ဖြစ်ပါတယ်။” “ဒါပေမယ့် ဒီဂီယာက ဂိုးသမား တယောက် ဖြစ်နေပြီး အခြား အသင်းဖော်တွေကို ညွှန်ကြားဖို့ အဝေးမှာ ရှိနေတဲ့သူပါ။ ဒီဂီယာပြီးတော့ နောက်ထပ် ရွေးချယ်ရမယ့်သူက ကက်စီမီရိုပါ။ ဒါပေမယ့် သူကကျတော့ အင်္ဂလိပ်စကား သိပ်မပြောတတ်လို့ ရော်နယ်လ်ဒိုကိုပဲ အသင်းခေါင်းဆောင် အဖြစ် ရွေးခဲ့ရပါတယ်။”
ရော်နယ်လ်ဒိုဟာ အက်စတွန်ဗီလာ အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အန်တိုနီ မာရှယ်၊ မားကပ်စ် ရပ်ခ်ျဖို့ဒ် တို့နဲ့အတူ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ပွဲချိန်ပြည့် ပါဝင် ကစားသွားခဲ့ပေမယ့် အသင်းအတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။ အက်စတွန်ဗီလာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ နောက်ဆုံး၁၀ပွဲမှာ ပထမဆုံး ရှုံးပွဲကြုံခဲ့ရတာပါ။ ဒါပေမယ့် အဲရစ် တန်ဟဂ်ကတော့ ယခုပွဲ ရလဒ်အတွက် ရော်နယ်လ်ဒိုကို အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အက်စတွန်ဗီလာ အသင်းနဲ့ပွဲမှာ ပထမပိုင်း အစောပိုင်းနဲ့ ဒုတိယပိုင်း အစောပိုင်း ပွဲချိန်တွေမှာ အထနှေးခဲ့ကြောင်းနဲ့ သူ့ရဲ့ အသင်းဟာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ခြင်း မရှိကြောင်း အဲရစ်တန်ဟဂ်က အခုလို ထပ်ပြောသွားခဲ့ပါတယ်။
“ကျွန်တော်တို့ အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်း အစောပိုင်းနဲ့ ဒုတိယပိုင်း အစောပိုင်း ပွဲချိန်တွေမှာ ရှုံးနိမ့်ခဲ့တာပါ။ အဲလို အခြေအနေကို လက်ခံနိုင်စရာ မရှိပါဘူး။ အက်စတွန်ဗီလာ အသင်းဟာ ကျွန်တော်တို့ အသင်းထက် ပိုတက်ကြွနေပုံမျိုး မြင်ရပြီး၊ ကျွန်တော်တို့ထက် ပွဲအတွက် အဆင်သင့် ဖြစ်နေခဲ့ပါတယ်။” “ရလဒ်ကတော့ အားလုံး သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ အဖက်ဖက်က မယှဉ်နိုင်လို့ ရှုံးနိမ့်ခဲ့တာကို ဘယ်တော့မှ လိမ်လို့မရပါဘူး။ ဘောလုံးလောကမှာ အမြဲတမ်း ကိုယ့်ရဲ့ လုပ်ဆောင်ချက်နဲ့ တူညီတဲ့အရာ ပြန်ရတာပါပဲ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ကစားပုံက သိပ်မကောင်းခဲ့ပါဘူး။” “ဒီလို ဆိုးရွားတဲ့ ကစားပုံမျိုး အချိန် အတော်ကြာပြီးနောက်မှ ထပ်ဖြစ်ခဲ့တာပါ။ အသင်းရဲ့ ကစားပုံနဲ့ ရလဒ်တွေက ကျွန်တော်တို့ပေါ်မှာပဲ မူတည်နေတယ်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အသင်းက ဘောလုံးကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။”
“နောက်ပြီး အသင်းအတွက် မှန်ကန်တဲ့ ကစားသမား ဖွဲ့စည်း တည်ဆောက်ပုံမျိုးလည်း မရခဲ့ပါဘူး။ အဓိကကတော့ လိုက်နာရမယ့် စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့မိလို့ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက အတွေ့အကြုံတွေ ရှိကြပါတယ်။” “ဒါပေမယ့် အဲဒါနဲ့ မရပါဘူး၊ ပွဲအခြေအနေကို နားလည်နိုင်ဖို့လည်း လိုပါသေးတယ်။ ဒီပွဲမှာ ကျွန်တော်တို့ဘက်ကသာ မှန်ကန်တဲ့ အစုအဖွဲ့မျိုး ရှိမယ်ဆိုရင် ပွဲချိန် ပထမပိုင်းနဲ့ ဒုတိယပိုင်း အစတွေမှာ ဂိုး၂ဂိုး ပေးခဲ့ရမှာ မဟုတ်ပါဘူး။ အဲဒီဂိုးတွေက လုံးဝကို ခွင့်ပြုစရာမလိုတဲ့ သွင်းဂိုးတွေပါ။” “ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက်ထက် ပိုပြီး ရပ်တည်ချက် ပြတ်သားနိုင်ဖို့ လိုပါတယ်။ နောက်ပြီး ကစားပုံ ကျစ်ကျစ်လစ်လစ်နဲ့ ဘောလုံးကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ အသင်းတိုင်းဟာ သူတို့ရဲ့ တိုက်ပွဲတွေကို အနိုင်ယူဖို့ ကြိုးစားမှာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ကတော့ အဲလို မလုပ်နိုင်ခဲ့လို့ စိတ်ပျက်မိပါတယ်။” ဆိုပြီး တနဟဂ်က ထုတ်ပြောသွား ခဲ့ပါတယ်။