ဗီလာကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္မွ ရင္တမမနဲ႔ေစာင့္ၾကည့္ေနခဲ့ရတဲ့ သရဲနီတစ္ဦးအေပၚ ေထာက္ျပလိုက္တဲ့ ရီယိုဖာဒီနန္

ဗီလာကိုအႏိုင္ရခဲ့တဲ့ပြဲစဥ္မွ ရင္တမမနဲ႔ေစာင့္ၾကည့္ေနခဲ့ရတဲ့ သရဲနီတစ္ဦးအေပၚ ေထာက္ျပလိုက္တဲ့ ရီယိုဖာဒီနန္

မန္ခ်က္စတာယူနိက္တက္ဟာ FA Cup ပြဲစဥ္အျဖစ္ အက္စတြန္ ဗီလာအသင္းကို အိမ္ကြင္းမွာ လက္ခံကစားခဲ့ရာမွာ 1 – 0 ျဖင့္ အႏိုင္ရခဲ့ပါတယ္…ယင္းပြဲမွာ ေရာ္နယ္ဒို မပါလာေပမဲ့ နည္းျပႀကီး ရန္းနက္စ္ဟာ သူ႔ရဲ႕ 4-2-2-2 ကစားကြက္ကိုဘဲအသုံးျပဳခဲ့ၿပီး ခံစစ္မွာ မက္ကြိင္းယားကိုနားခါ လင္ဒီေလာ့ နဲ႔ ဗာရန္းအတြဲကို အသုံးျပဳခဲ့ပါတယ္…အဆိုပါပြဲစဥ္မွာယူႏိုက္တတ္တို႔၁-၀ဂိုးနဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္တဆင့္တတ္ေရာက္ႏိုင္ခဲ့ေပမယ့္အက္စတန္ဗီလာအသင္းရဲ႕တိုက္စစ္ကိုအလူးအလဲကာကြယ္ခဲ့ရတဲ့ပြဲစဥ္တစ္ပြဲလည္းျဖစ္ခဲ့ပါတယ္။ယူႏိုက္တက္ ပရိသတ္ေတြ ကေတာ့ အသင္းရဲ႕ေျခစြမ္းအေပၚ အားမရျဖစ္ခဲ့ၾကပါတယ္။

 

ပထမပိုင္း ပြဲအစ (၈) မိနစ္မွာပဲ ဖရက္ဒ္ရဲ႕ျဖတ္တင္ေဘာကေန တြမ္မီေနးကေခါင္းတိုက္သြင္းေပးခဲ့တဲ့ ဂိုးေၾကာင့္သာ ယူႏိုက္တက္တို႔အႏိုင္ရရွိသြားခဲ့တာပါ။ဒုတိယပိုင္းမွာ ဗီလာက ယူႏိုက္တက္ဂိုးေပါက္ကို ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဂိုးေပါက္ထဲ ၂ ႀကိမ္တိုင္ ထည့္ႏိုင္ခဲ့ေပမယ့္၂ ႀကိမ္စလုံး လူကြၽံေဘာအျဖစ္နဲ႔ ဒိုင္လူႀကီး မိုက္ကယ္အိုလီဗာကပယ္ခ်ခဲ့တာေၾကာင့္သာ ယူႏိုက္တက္တို႔ ကံေကာင္းသြားခဲ့ရပါတယ္။ဒီပြဲမွာ တပြဲလုံး လိုအပ္ခ်က္ေတြ အမွားေတြမ်ားေနခဲ့တဲ့ ကစားသမားကို ဖာဒီနန္က ယခုလိုဘဲေထာက္ျပ ေဝဖန္အျပစ္တင္ေျပာဆိုခဲ့ပါတယ္…

အက္ဖ္ေအဖလား တတိယအဆင့္မွာ ဗီလာကိုအႏိုင္ယူၿပီး ေနာက္တစ္ဆင့္တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ထိပ္ဆုံး ၄ သင္းအတြင္း ဝင္ေရာက္ႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ မန္ယူအေနနဲ႔ လမ္း ေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ဆိုရင္ေတာ့ ျပတ္ျပတ္သားသားလုပ္ရေတာ့မယ္လို႔ ဖာဒီနန္က ေျပာဆိုလိုက္ပါတယ္။ဖာဒီနန္က ” တပြဲလုံးေျခစြမ္းေတြက မတည္ၿငိမ္ေနေသးတာကိုေတြ႕ရပါတယ္….အသင္းသားအားလုံးက ယုံၾကည္မႈေပ်ာက္ဆုံးေနတဲ့ ကစားပုံေတာ့သိပ္မေတြ႕ရေတာပါဘူး….ကြင္းလယ္မွာ ထိမ္းေက်ာင္းႏိုင္စြမ္းမရွိတဲ့ ဖရက္ နဲ႔ ေတာ္မီေနးအတြဲကိုဘဲ သည္းခံၿပီးၾကည့္ေနရတယ္..ဒါေပမဲ့ ဒီေန႔သူတို႔အတြဲကမဆိုးပါဘူး….အဆိုးဆုံးကိုေျပာျပမယ္….

 

ဆိုးရွားလက္ထက္တည္းက အျမင့္ေဘာေတြကို မရွင္းထုတ္ႏိုင္လို႔ ေဝဖန္ခံေနရတဲ့ လင္ဒီေလာ့ကို သုံးခဲ့တယ္…ဗာရန္းတေယာက္တည္း ထိမ္းေန၇တယ္…ဖရက္ဆီက ကြၽံလာတဲ့ အလုံးေတြေရာလင္ဒီေလာ့မထိမ္းႏိုင္တဲ့ အျမင့္ေဘာေတြကိုပါ ဗာရန္းက ထိမ္းေနရတယ္…နည္းျပအေနနဲ႔ လင္ဒီေလာ့ကို ယခုလို အေရးႀကီးပြဲေတြမွာ သုံးတာအရမ္း စြန္႔စားရာက်ေနပါတယ္….ဒီလိုပြဲမ်ိဳးဆို အေတြ႕အႀကဳံရင့္ၿပီးသားျဖစ္တဲ့ Come back ျဖစ္ခဲ့တဲ့ ဖီးလ္ဂ်ဳံးလ္ကို အသုံးျပဳသင့္တယ္ ” ဟု Sport Trible News မွာ ေဝဖန္သြားခဲ့ပါတယ္….
crd

unicode

ဗီလာကိုအနိုင်ရခဲ့တဲ့ပွဲစဥ်မှ ရင်တမမနဲ့စောင့်ကြည့်နေခဲ့ရတဲ့ သရဲနီတစ်ဦးအပေါ် ထောက်ပြလိုက်တဲ့ ရီယိုဖာဒီနန်

မန်ချက်စတာယူနိက်တက်ဟာ FA Cup ပွဲစဉ်အဖြစ် အက်စတွန် ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာမှာ 1 – 0 ဖြင့် အနိုင်ရခဲ့ပါတယ်…ယင်းပွဲမှာ ရော်နယ်ဒို မပါလာပေမဲ့ နည်းပြကြီး ရန်းနက်စ်ဟာ သူ့ရဲ့ 4-2-2-2 ကစားကွက်ကိုဘဲအသုံးပြုခဲ့ပြီး ခံစစ်မှာ မက်ကွိင်းယားကိုနားခါ လင်ဒီလော့ နဲ့ ဗာရန်းအတွဲကို အသုံးပြုခဲ့ပါတယ်…အဆိုပါပွဲစဉ်မှာယူနိုက်တတ်တို့၁-၀ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်တဆင့်တတ်ရောက်နိုင်ခဲ့ပေမယ့်အက်စတန်ဗီလာအသင်းရဲ့တိုက်စစ်ကိုအလူးအလဲကာကွယ်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ယူနိုက်တက် ပရိသတ်တွေ ကတော့ အသင်းရဲ့ခြေစွမ်းအပေါ် အားမရဖြစ်ခဲ့ကြပါတယ်။

ပထမပိုင်း ပွဲအစ (၈) မိနစ်မှာပဲ ဖရက်ဒ်ရဲ့ဖြတ်တင်ဘောကနေ တွမ်မီနေးကခေါင်းတိုက်သွင်းပေးခဲ့တဲ့ ဂိုးကြောင့်သာ ယူနိုက်တက်တို့အနိုင်ရရှိသွားခဲ့တာပါ။ဒုတိယပိုင်းမှာ ဗီလာက ယူနိုက်တက်ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့သလို ဂိုးပေါက်ထဲ ၂ ကြိမ်တိုင် ထည့်နိုင်ခဲ့ပေမယ့်၂ ကြိမ်စလုံး လူကျွံဘောအဖြစ်နဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကပယ်ချခဲ့တာကြောင့်သာ ယူနိုက်တက်တို့ ကံကောင်းသွားခဲ့ရပါတယ်။ဒီပွဲမှာ တပွဲလုံး လိုအပ်ချက်တွေ အမှားတွေများနေခဲ့တဲ့ ကစားသမားကို ဖာဒီနန်က ယခုလိုဘဲထောက်ပြ ဝေဖန်အပြစ်တင်ပြောဆိုခဲ့ပါတယ်…

အက်ဖ်အေဖလား တတိယအဆင့်မှာ ဗီလာကိုအနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံး ၄ သင်းအတွင်း ဝင်ရောက်နိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ မန်ယူအနေနဲ့ လမ်း ကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ဆိုရင်တော့ ပြတ်ပြတ်သားသားလုပ်ရတော့မယ်လို့ ဖာဒီနန်က ပြောဆိုလိုက်ပါတယ်။ဖာဒီနန်က ” တပွဲလုံးခြေစွမ်းတွေက မတည်ငြိမ်နေသေးတာကိုတွေ့ရပါတယ်….အသင်းသားအားလုံးက ယုံကြည်မှုပျောက်ဆုံးနေတဲ့ ကစားပုံတော့သိပ်မတွေ့ရတောပါဘူး….ကွင်းလယ်မှာ ထိမ်းကျောင်းနိုင်စွမ်းမရှိတဲ့ ဖရက် နဲ့ တော်မီနေးအတွဲကိုဘဲ သည်းခံပြီးကြည့်နေရတယ်..ဒါပေမဲ့ ဒီနေ့သူတို့အတွဲကမဆိုးပါဘူး….အဆိုးဆုံးကိုပြောပြမယ်….

ဆိုးရှားလက်ထက်တည်းက အမြင့်ဘောတွေကို မရှင်းထုတ်နိုင်လို့ ဝေဖန်ခံနေရတဲ့ လင်ဒီလော့ကို သုံးခဲ့တယ်…ဗာရန်းတယောက်တည်း ထိမ်းနေ၇တယ်…ဖရက်ဆီက ကျွံလာတဲ့ အလုံးတွေရောလင်ဒီလော့မထိမ်းနိုင်တဲ့ အမြင့်ဘောတွေကိုပါ ဗာရန်းက ထိမ်းနေရတယ်…နည်းပြအနေနဲ့ လင်ဒီလော့ကို ယခုလို အရေးကြီးပွဲတွေမှာ သုံးတာအရမ်း စွန့်စားရာကျနေပါတယ်….ဒီလိုပွဲမျိုးဆို အတွေ့အကြုံရင့်ပြီးသားဖြစ်တဲ့ Come back ဖြစ်ခဲ့တဲ့ ဖီးလ်ဂျုံးလ်ကို အသုံးပြုသင့်တယ် ” ဟု Sport Trible News မှာ ဝေဖန်သွားခဲ့ပါတယ်….
crd

Add a Comment

Your email address will not be published. Required fields are marked *