crd
unicode
ဗန်ဒီဘိခ်ရဲ့ အကျင့်စာရိတ္တနှင့်ပတ်သတ်ပြီးဖွင့်ဟလာတဲ့ ရီယိုဖာဒီနန်
ယူနိုက်တတ်အသင်းရဲ့အဝတ်လဲခန်းပြသနာတွေမှာပွဲထွက်ကစားခွင့်မရတဲ့ကစားသမားတွေကအသင်းကိုအဓိကမွှေနှောက်နေတယ်လို့သတင်းတွေထွက်ပေါ်လာချိန်မှာယူနိုက်တတ်ကစားသမားဟောင်းဖာဒီနန်ကဗန်းါဘိဘက်ကနေအပြည့်အဝရပ်တည်လိုက်တာပါ။အခုလိုပြသနာတွေမှတော့အများအားဖြင့် အရန်ခုံမှာထိုင်ရတဲ့ကစားသမားတွေကပြသနာရှာတတ်တာဖြစ်တာကြောင့်အများစုရဲ့လက်ညှိုးတွေက ဗန်ဒါဘိအပေါ်ထိုးလာခဲ့ကြတာပါ။ဒါပေမယ့်ဖာဒီနန်ကတော့ ဗန်ဒါဘီရဲ့လေးစားဖွယ်စရိုက်အကြောင်းကို ဘီဘီစီဖိုက်လိုဗ်အစီအစဉ်ကိုအခုလိုဘဲပြောကြားခဲ့ပါတယ်။
ဖာဒီနန်က ကျွန်တော်မန်ချက်စတာမှာဖြစ်နေတဲ့ပြသနာတွေနဲ့ပါတ်သတ်ပြီးတချို့တွေကဗန်ဒါဘိအပေါ်တမျိုးမြင်နေကြတာမျိုးရှိပါတယ်။ဗန်ဒါဘိဟာအဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာယူနိုက်တတ်အတွင်းလူတစ်ဦးကကျွန်တော်ကိုသေချာပြောပြပါတယ်။သူ့ကသူကစားခွင့်မရတဲ့အတွက်သူ့ရဲ့လိုအပ်ချက်ရှိနေတယ်လို့ဘဲမှတ်ယူထားပြီးသူ့ကိုယ်သူဘဲပြုပြင်ပါတယ်။ပြီးခဲ့တဲ့နွေမှာတောင်အနားမယူခဲ့ဘဲ့သူ့ရဲ့ခန္ဓာကိုယ်ဖွံ့ထွားမှုကိုပရီးမီးယားလိဂ်နဲ့ကိုက်ညီအောင်လေ့ကျင့်မှုတွေ ပြုလုပ်သူပါ။
သူ့ဟာလေ့ကျင့်မှုတွေဘဲအဆက်မပြတ်ပြုလုပ်ပြီးအဝတ်လဲခန်းထဲမှာလုံးဝကိုစကားမများတဲ့လူအေးတစ်ယောက်ပါ။သူဟာအသင်းရဲ့မကောင်းတဲ့အစိတ်အပိုင်းတစ်ရပ်ဆိုတာလုံးဝမဟုတ်ပါဘူး။ဒါပေမယ့်ယူနိုက်တတ်မှာသူကံဆိုးနေတာတော့အမှန်ပါ။ တော်မီနေးနဲ့ဖရက်ကိုနည်းပြတွေကပိုကြိုက်နေသလိုဖာနန်ဒက်ကလည်းအသင်းအတွက်မရှိမဖြစ်အခြေနေမှာရှိနေတာကြောင့် ပေါ့ဘာရဲ့အရန်အနေနဲ့သူအတွက်အခက်အခဲရင်ဆိုင်နေရတာပါ။
အဝတ်လဲခန်းထဲကအတွင်းစကားတွေကိုမီဒီယာတွေကိုပြန်ပြောနေတဲ့ ပွေးကောင်နှစ်ဘက်ချွန်ကောင်ကတော့ဗန်ဒါဘိလုံးဝမဟုတ်တာသေချာပါတယ်။ဒါပေမယ့်ယူနိုက်တတ်ကစားသမားတစ်ဦးဒါမှဟုတ်အဲ့ထက်များတဲ့အရေအတွက်ဟာနှစ်ဘက်ချွန်ကောင်တွေဖြစ်နေနိုင်ပါတယ်။ဗန်ဒါဘိနဲ့ကျွန်တော်သီးခြားစကားပြောခဲ့ဘူးပါတယ်။သူဟာကလပ်အသင်းအပေါ်အကောင်းမြင်သူပါ။အသင်းအတွင်းမတည်မငြိမ်ဖြစ်အောင်ဆိုးဆိုးရွားရွားစကားတွေပြောတဲ့သူမဟုတ်ပါဘူးလို့ဖာဒီနန်ကအာမခံသွားခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *