ဗန္ဒိုက္ဂ်္နဲ႔ လီဗာပူးလ္အသင္းကို ယူႏိုက္တက္ပရိတ္သတ္ေတြ ႀကိတ္ေက်းဇူးတင္ေနၾကတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္း

ဗန္ဒိုက္ဂ်္နဲ႔ လီဗာပူးလ္အသင္းကို ယူႏိုက္တက္ပရိတ္သတ္ေတြ ႀကိတ္ေက်းဇူးတင္ေနၾကတဲ့ ေနာက္ကြယ္က အေၾကာင္းအရင္း
နယ္သာလန္တီမိုဝါနာကို ၾကားျဖတ္ေခၚယူသြားေပးလို႔ မဟာၿပိဳင္ဘက္ႀကီး လီဗာပူးလ္ကို ‌ေက်းဇူးတင္ေနၾကတဲ့ သရဲနီပရိတ္သတ္မ်ား

ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ အသင္းသစ္မွာ ဂိုးမရေသးတဲ့
လီဗာပူးေတာင္ပံကစားသမားဂက္ပိုနဲ႔ပတ္သက္ၿပီး
မန္ယူပရိသတ္ေတြဟာ ဆိုရွယ္မီဒီယာထက္မွာ
ေအာင္ပြဲခံေနၾကပါတယ္။

အဲဒီနယ္သာလန္ကစားသမားဟာ
ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီကတည္းက မန္ယူနဲ႔သတင္းထြက္ခဲ့သူျဖစ္ၿပီး
ကမာၻ႔ဖလားမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီးေနာက္ သရဲနီတို႔နဲ႔
ပိုလို႔ေတာင္ သတင္းႀကီးခဲ့တာပါ။ နည္ျပတန္ဟက္ကလည္း
သူ႔နဲ႔တစ္ႏိုင္ငံတည္းသားကို အိုးလ္ထရက္ဖို႔ဒ္ဆီေခၚဖို႔
စိတ္ဝင္စားခဲ့ပါတယ္။

ဒါေပမဲ့ လီဗာပူးဗန္ဒစ္ဂ်္ရဲ႕စည္း႐ုံးမႈေၾကာင့္
ဂက္ပိုဟာ သူေျပာင္းခ်င္တဲ့မန္ယူကို မေရာက္ဘဲ
အန္ဖီးလ္ကိုေရာက္သြားခဲ့တာပါ။ ဒါေပမဲ့လည္း ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ မာေဆးဆိုဒ္မွာ တာထြက္မေကာင္းျဖစ္ေနၿပီးအသင္းသစ္အတြက္ ၃ ပြဲကစားခဲ့ၿပီးျဖစ္ေပမယ္ အခုခ်ိန္ထိ ဂိုးမရေသးပါဘူး။

ေနာက္ဆုံးကန္ခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာဆို ဂက္ပိုရဲ႕အေတာ္ေလး ဆိုး႐ြားခဲ့တာပါ။
ဒါေၾကာင့္လည္း ယူႏိုက္တက္ပရိသတ္ေတြဟာ ဂက္ပိုကို
မရလိုက္တာနဲ႔ပတ္သက္ၿပီး ကံေကာင္းတယ္လို႔ မွတ္ယူေနၾကပါတယ္။

မန္ယူပရိသတ္တစ္ေယာက္က ”ဂက္ပိုဟာ နယ္သာလန္တီမိုဝါနာပါ။
မန္ယူဟာ က်ည္တစ္ေတာင့္ကို ေရွာင္ႏိုင္ခဲ့တာပါ”
ဆိုရွယ္မီဒီယာေပၚမွာ ေရးတင္ခဲ့တာပါ။ ေနာက္ထပ္မန္ယူ
ပရိသတ္တစ္ေယာက္ကလည္း ”ဂက္ပိုကို မန္ယူ မေခၚႏိုင္ခဲ့တာ
ဝမ္းသာမိတယ္။ ဒီေကာင္က အရမ္းကို တစ္ကိုယ္ေကာင္းဆန္သူပါ”လို႔
ေရးခဲ့ပါတယ္။

အျခားပရိသတ္ေတြကေတာ့ ဂက္ပိုရဲ႕
ပရီးမီးယားလိဂ္က ေျခစြမ္းနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနၾကတာပါ။
crd

Unicode
ဗန်ဒိုက်ဂျ်နဲ့ လီဗာပူးလ်အသင်းကို ယူနိုက်တက်ပရိတ်သတ်တွေ ကြိတ်ကျေးဇူးတင်နေကြတဲ့ နောက်ကွယ်က အကြောင်းအရင်း
နယ်သာလန်တီမိုဝါနာကို ကြားဖြတ်ခေါ်ယူသွားပေးလို့ မဟာပြိုင်ဘက်ကြီး လီဗာပူးလ်ကို ‌ကျေးဇူးတင်နေကြတဲ့ သရဲနီပရိတ်သတ်များ

ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် အသင်းသစ်မှာ ဂိုးမရသေးတဲ့
လီဗာပူးတောင်ပံကစားသမားဂက်ပိုနဲ့ပတ်သက်ပြီး
မန်ယူပရိသတ်တွေဟာ ဆိုရှယ်မီဒီယာထက်မှာ
အောင်ပွဲခံနေကြပါတယ်။

အဲဒီနယ်သာလန်ကစားသမားဟာ
ပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက မန်ယူနဲ့သတင်းထွက်ခဲ့သူဖြစ်ပြီး
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် သရဲနီတို့နဲ့
ပိုလို့တောင် သတင်းကြီးခဲ့တာပါ။ နည်ပြတန်ဟက်ကလည်း
သူ့နဲ့တစ်နိုင်ငံတည်းသားကို အိုးလ်ထရက်ဖို့ဒ်ဆီခေါ်ဖို့
စိတ်ဝင်စားခဲ့ပါတယ်။

ဒါပေမဲ့ လီဗာပူးဗန်ဒစ်ဂျ်ရဲ့စည်းရုံးမှုကြောင့်
ဂက်ပိုဟာ သူပြောင်းချင်တဲ့မန်ယူကို မရောက်ဘဲ
အန်ဖီးလ်ကိုရောက်သွားခဲ့တာပါ။ ဒါပေမဲ့လည်း ၂၃ နှစ်အရွယ်ကစားသမားဟာ မာဆေးဆိုဒ်မှာ တာထွက်မကောင်းဖြစ်နေပြီးအသင်းသစ်အတွက် ၃ ပွဲကစားခဲ့ပြီးဖြစ်ပေမယ် အခုချိန်ထိ ဂိုးမရသေးပါဘူး။

နောက်ဆုံးကန်ခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာဆို ဂက်ပိုရဲ့အတော်လေး ဆိုးရွားခဲ့တာပါ။
ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေဟာ ဂက်ပိုကို
မရလိုက်တာနဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ မှတ်ယူနေကြပါတယ်။

မန်ယူပရိသတ်တစ်ယောက်က ”ဂက်ပိုဟာ နယ်သာလန်တီမိုဝါနာပါ။
မန်ယူဟာ ကျည်တစ်တောင့်ကို ရှောင်နိုင်ခဲ့တာပါ”
ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့တာပါ။ နောက်ထပ်မန်ယူ
ပရိသတ်တစ်ယောက်ကလည်း ”ဂက်ပိုကို မန်ယူ မခေါ်နိုင်ခဲ့တာ
ဝမ်းသာမိတယ်။ ဒီကောင်က အရမ်းကို တစ်ကိုယ်ကောင်းဆန်သူပါ”လို့
ရေးခဲ့ပါတယ်။

အခြားပရိသတ်တွေကတော့ ဂက်ပိုရဲ့
ပရီးမီးယားလိဂ်က ခြေစွမ်းနဲ့ပတ်သက်ပြီး စိတ်ပျက်နေကြတာပါ။
crd

Add a Comment

Your email address will not be published. Required fields are marked *