ဗန္ဒိဘိခ္ရဲ႕ျမင့္မားတဲ့စိတ္ဓာတ္ႏွင့္ပါရမီအရည္ခ်င္းေတြေၾကာင့္ ကစားခ်ိန္ပိုေပးသြားဖို႔ရွိေနတဲ့ ရန္းဂ္နစ္

ဗန္ဒိဘိခ္ရဲ႕ျမင့္မားတဲ့စိတ္ဓာတ္ႏွင့္ပါရမီအရည္ခ်င္းေတြေၾကာင့္ ကစားခ်ိန္ပိုေပးသြားဖို႔ရွိေနတဲ့ ရန္းဂ္နစ္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ မန္ေနဂ်ာ ရာ့ဖ္ ရန္းနစ္အေနနဲ႔ အသင္းရဲ႕ ကြင္းလယ္ကစားသမား ဒြန္နီ ဗန္ဒဘိတ္ခ္ကို လက္ရွိေဘာလုံးရာသီကုန္တဲ့အထိ အသင္းမွာ ဆက္ရွိေစခ်င္ေသးတယ္လို႔ သိရပါတယ္။ ဒတ္ခ်္ကြင္းလယ္လူအေနနဲ႔ ၿပီးခဲ့တဲ့လပိုင္းေတြမွာ ပြဲကစားခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရသလို လက္ရွိ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အသင္းေျပာင္းမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြလည္း အေတာ္မ်ားမ်ား ထြက္ေပၚလာခဲ့တာပါ။

 

ဗန္ဒဘိတ္ခ္အေနနဲ႔ ယူႏိုက္တက္ကို ရန္းနစ္ကိုင္တြယ္ၿပီးကတည္းက ၁ ပြဲသာ ပြဲထြက္ကစားခြင့္ရရွိထားေပမယ့္ လာမယ့္ေႏြရာသီအထိ အသင္းမွာဆက္ရွိေနဖို႔အတြက္ ကြင္းလယ္လူကို ေတာင္းဆိုခဲ့ၿပီး ကမာၻ႔ဖလားမတိုင္မီ ပြဲကစားခြင့္ မိနစ္ပိုၿပီး မ်ားမ်ားရေအာင္ သူ႔ကို ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သိရပါတယ္။ရန္းနစ္က “ကြၽန္ေတာ့္အေနနဲ႔ သူ႔(ဗန္ဒဘိတ္ခ္)ကို သိရသေလာက္ေတာ့ သူ႔မွာ အဆင့္အတန္းျမင့္မားတဲ့ စိတ္ဓါတ္ရွိၿပီး ေလ့က်င့္ေရးကြင္းက အစီအစဥ္တိုင္းကို ႀကိဳးႀကိဳးစားစားလုပ္ပါတယ္။ သူ႔အေနနဲ႔ အသင္းလိုက္ ကစားႏိုင္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး သူကစားခြင့္ရတဲ့ပြဲေတြ ရွိလာေတာ့မွာ ေသခ်ာပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

 

ဆက္လက္ၿပီး သူက “ၿပီးခဲ့တဲ့တစ္ပတ္ကေတာင္ သူနဲ႔ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး အခ်ိန္ၾကာၾကာ ေဆြးေႏြးခဲ့ၿပီး လက္ရွိမွာ သူက နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးခ်င္ေနတာေၾကာင့္ လက္ရွိကာလက သူ႔အတြက္ ခက္ခဲေနမွာပါ။“သူ႔အေနနဲ႔ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားမွာ ပါဝင္ကစားခ်င္ေနၿပီး ဒီလိုကစားရဖို႔အတြက္ဆို သူ႔အေနနဲ႔ ဒီမွာ ပြဲကစားခြင့္ ပိုမိုရရွိဖို႔ လိုအပ္ေနပါတယ္။ ဒါေပမယ့္လည္း သူ႔ကို ဒီႏွစ္ေဘာလုံးရာသီကုန္တဲ့အထိ အသင္းမွာပဲ ဆက္ေနသင့္ၿပီး အတတ္ႏိုင္ဆုံး သူ႔အတြက္ ကစားခ်ိန္ရေအာင္ ႀကိဳးစားရမယ္လို႔ ကြၽန္ေတာ့္ဘက္ကေတာ့ ယုံၾကည္ေနတုန္းပါပဲ”လို႔ ေျပာသြားခဲ့ပါတယ္။

ဗန္ဒဘိတ္ခ္အေနနဲ႔ ယူႏိုက္တက္မန္ေနဂ်ာေဟာင္း အိုေလ ဂန္းနား ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ပုံမွန္ပြဲထြက္ကစားခြင့္မရခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းက အဲဗာတန္အသင္းကို အငွါးနဲ႔ေျပာင္းဖို႔အထိ စီစဥ္ခဲ့ေပမယ့္ ဆိုးလ္ရွားရဲ႕ ပြဲကစားခြင့္အာမခံခ်က္နဲ႔အတူ အသင္းမွာဆက္ေနခဲ့ေပမယ့္လည္း ဆိုးလ္ရွားအသင္းနဲ႔ လမ္းခြဲသြားတဲ့အထိ ပြဲကစားခြင့္ေတာ့မရခဲ့တာျဖစ္ပါတယ္။
crd

unicode

ဗန်ဒိဘိခ်ရဲ့မြင့်မားတဲ့စိတ်ဓာတ်နှင့်ပါရမီအရည်ချင်းတွေကြောင့် ကစားချိန်ပိုပေးသွားဖို့ရှိနေတဲ့ ရန်းဂ်နစ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ မန်နေဂျာ ရာ့ဖ် ရန်းနစ်အနေနဲ့ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒဘိတ်ခ်ကို လက်ရှိဘောလုံးရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေချင်သေးတယ်လို့ သိရပါတယ်။ ဒတ်ချ်ကွင်းလယ်လူအနေနဲ့ ပြီးခဲ့တဲ့လပိုင်းတွေမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို လက်ရှိ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း အတော်များများ ထွက်ပေါ်လာခဲ့တာပါ။

ဗန်ဒဘိတ်ခ်အနေနဲ့ ယူနိုက်တက်ကို ရန်းနစ်ကိုင်တွယ်ပြီးကတည်းက ၁ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားပေမယ့် လာမယ့်နွေရာသီအထိ အသင်းမှာဆက်ရှိနေဖို့အတွက် ကွင်းလယ်လူကို တောင်းဆိုခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်မီ ပွဲကစားခွင့် မိနစ်ပိုပြီး များများရအောင် သူ့ကို ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ရန်းနစ်က “ကျွန်တော့်အနေနဲ့ သူ့(ဗန်ဒဘိတ်ခ်)ကို သိရသလောက်တော့ သူ့မှာ အဆင့်အတန်းမြင့်မားတဲ့ စိတ်ဓါတ်ရှိပြီး လေ့ကျင့်ရေးကွင်းက အစီအစဉ်တိုင်းကို ကြိုးကြိုးစားစားလုပ်ပါတယ်။ သူ့အနေနဲ့ အသင်းလိုက် ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူကစားခွင့်ရတဲ့ပွဲတွေ ရှိလာတော့မှာ သေချာပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ပြီးခဲ့တဲ့တစ်ပတ်ကတောင် သူနဲ့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အချိန်ကြာကြာ ဆွေးနွေးခဲ့ပြီး လက်ရှိမှာ သူက နယ်သာလန်လက်ရွေးစင်အသင်းအတွက် ကစားပေးချင်နေတာကြောင့် လက်ရှိကာလက သူ့အတွက် ခက်ခဲနေမှာပါ။“သူ့အနေနဲ့ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားချင်နေပြီး ဒီလိုကစားရဖို့အတွက်ဆို သူ့အနေနဲ့ ဒီမှာ ပွဲကစားခွင့် ပိုမိုရရှိဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း သူ့ကို ဒီနှစ်ဘောလုံးရာသီကုန်တဲ့အထိ အသင်းမှာပဲ ဆက်နေသင့်ပြီး အတတ်နိုင်ဆုံး သူ့အတွက် ကစားချိန်ရအောင် ကြိုးစားရမယ်လို့ ကျွန်တော့်ဘက်ကတော့ ယုံကြည်နေတုန်းပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

ဗန်ဒဘိတ်ခ်အနေနဲ့ ယူနိုက်တက်မန်နေဂျာဟောင်း အိုလေ ဂန်းနား ဆိုးလ်ရှားရဲ့လက်အောက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်မရခဲ့တာကြောင့် ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းက အဲဗာတန်အသင်းကို အငှါးနဲ့ပြောင်းဖို့အထိ စီစဉ်ခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ ပွဲကစားခွင့်အာမခံချက်နဲ့အတူ အသင်းမှာဆက်နေခဲ့ပေမယ့်လည်း ဆိုးလ်ရှားအသင်းနဲ့ လမ်းခွဲသွားတဲ့အထိ ပွဲကစားခွင့်တော့မရခဲ့တာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *