crd
unicode
ဖီးလ်ဂျုံးစ်ကိုဘာကြောင့်အခွင့်ရေးပေးသင့်သလဲဆိုတာပြောပြသွားခဲ့တဲ့ သရဲနီခံစစ်မှူးဟောင်း ဗီဒစ်
မန်ချက်စတာယူနိက်တက်မှာ ရွှေရောင်လွမ်းတဲ့ နေ့ရက်တွေရှိစဉ်အခါ ဆာအဲလက်စ်ဖာဂူဆန် လက်ထက်မှာ ခံစစ်မှာ တံတိုင်းကြီးသဖွယ် ကာပေးခဲ့တဲ့ ဖာဒီနန် နဲ့ ဗီဒစ်အတွဲ ဟာဥရောပအကောင်းဆုံး ခံစစ်အတွဲဖြစ်ခဲ့ဖူးပါတယ်….ထိုစဉ်က ဗီဒစ်က ဘာကြောင့်နာမည်ကြီးလဲဆိုတော့ ဂိုးမပေးရဖို့ ဘာဘဲလုပ်ရလုပ်ရ လုပ်မယ့်လူစားမျိုးမို့ပါဘဲ….ဂိုးမပေးရဖို့ ခေါင်းဝင်ခံလိုက်တာတွေရှိသလို နာခေါင်းသွေးတေ မျက်နာမှာသွေးတေ ပေပွနေတာတောင်သုပ်ပြီး ဘောလုံးဆက်ကစားခဲ့တဲ့ ဖာဂူဆန်ရဲ့ လက်စွဲတော် ခံစစ်မှူးတဦးဖြစ်ခဲ့ပါတယ်…
ယခုအခါ မှာ မန်ချက်စတာယူနိက်တက်မှာ ဗီဒစ်တို့လိုဘဲ ယူနိက်တက် DNA ရှိတဲ့ ကစားသမားတဦးကျန်နေသေးပါတယ်… အဲ့ဒီလူက ဖီးဂျူံးလ်ပါ… ဗီဒစ်က ဖီးဂျုံးလ်ကို ဘာလို့ ဒုတိယအကြိမ် အခွင့်အရေးပေးသင့်လဲဆိုတာ ယခုလိုပြောလာပါတယ်..ဗီဒစ်က ” ဖီးဂျုံးလ်က ယူနိက်တက် DNA ကျန်ရှိနေသေးတဲ့ ဆာအဲလက်ဖာဂူဆန်ရဲ့ နောက်ဆုံးကစားသမားပါ…သူ့မှာ စွမ်းဆောင်ရည်ကောင်းတွေအများကြီးရှိပါတယ်….သူဟာ ဒဏ်ရာကြောင့် ကာလအတန်ကြနားနေရပေမဲ့ သူ့ မှာ ယူနိက်တက်အတွက် ကြီုးစားချင်စိတ်ရှိသေးတယ်ဆိုတာ ပြီးခဲ့တဲ့ပွဲမှာ ပြသသွားခဲ့ပါတယ်…သူက ယူနိက်တက်အနိုင်ရဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ ကစားသမားပါ…သူ့လို ယူနိက်တက် DNA ရှိပြီး အသင်းအပေါ် ပေးဆပ်လိုစိတ်ရှိတဲ့အတွက် တခြားခံစစ်မှူးတွေထက် သူ့ကို ဒုတိယအကြိမ် အခွင့်အရေးပိုပေးသင့်တယ်လို့ထင်ပါတယ်….” ဟု ပြောသွားခဲ့ပါတယ်….
ယူနိုက်တက်ကစားသမားဟောင်း မိုက်ကယ်အိုဝင်က ‘ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကိုခံနေရပေမယ့်’ သူနဲ့အတူကစားခဲ့တဲ့ သရဲနီဖီးလ်ဂျုံးစ်ဟာ “အလွန်အရည်အချင်းရှိတဲ့သူ” လို့ပြောဆိုလိုက်ပါတယ်။အိုဝင်က “သူဟာ အရမ်းကောင်းတဲ့ ကစားသမား ဖြစ်နေဆဲပါ ။ “လူတော်တော်များများက သူ့ကို လှောင်ပြောင်ကြတယ်။သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းကို ရယ်စရာလုပ်နေတာက မကောင်းပါဘူး။“လူတော်တော်များများက သူ့ကို လှောင်ပြောင်ကြပေမယ့် သူ့အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းထူးချွန်တဲ့ ကစားသမားတစ်ယောက်ဆိုတာ ကျွန်တော်တို့သိပါတယ်။မန်ယူ ကျွန်တော် ရှိတုန်းက လေ့ကျင့်ရေးမှာ ဂျူံးစ် က “သူက အရမ်းကောင်းတယ်။ အရမ်းမြန်တယ်။ အခုခေတ်အတွက် ပြီးပြည့်စုံတဲ့ နောက်ခံလူတ‌စ်ယောက်ပါ။”
နောက်ထပ်ထူးခြားချက် ဗာရန်းနဲ့ ဂျုံးစ်ကို ဗဟိုခံစစ်မှာရေရှည်အထိုင်ချဖို့ကြံစည်ခဲ့တဲ့ ဖာဂူဆန်ရဲ့လွန်ခဲ့တဲ့ ၁၁ နှစ်ကအိပ်မက်တကယ်ဖြစ်လာခဲ့တာပါ။ပြီးခဲ့တဲ့၂၀၁၁ မှာ လန်းစ်အသင်းမှာရှိနေတဲ့ ဗာရန်းကိုခေါ်ယူပြီး ဂျုံးစ်နဲ့တွဲကာ မန်ယူဗဟိုခံစစ်အတွက် အသုံးပြုဖို့ ဖာဂူဆန်ကစီစဉ်ခဲ့တာပါ။ဒါပေမယ့် ဗာရန်းက ရီးရဲလ်မက်ဒရစ်ကိုရွေးချယ်သွားခဲ့တဲ့အတွက် ဖာဂူဆန်ရဲ့အကြံမဖြစ်မြောက်ခဲ့ပါဘူး။ဒီစကော့သားကြီးက ဂျုံးစ် ဟာ မန်ယူကစားသမားတွေထဲမှာအကောင်းဆုံးသောတစ်ယောက်လို့ ဖာဂူဆန်က ထုတ်ပြော ထားတာကြောင့် ဖာဂူဆန်အိပ်မက်ကို လက်ရှိနည်းပြရန်းနစ်ခ်က ဆက်လက်အသက်သွင်းပေးဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။
crd
Add a Comment
Your email address will not be published. Required fields are marked *