ဖလား၄လုံး လမ္းေၾကာင္းေပၚမွာ ရွိေနေသးတဲ့ သရဲနီနတ္ဆိုးေတြကို ဂ်ိဳတပ္ေပးဖို႔ အေျပာင္းအေ႐ြ႕ေနာက္ဆုံးအခ်ိန္မွာ အိုးထရက္ဖို႔ဒ္ကိုေရာက္လာတဲ့ ဂ်ာမန္ကြၽဲ႐ိုင္းေလး

ဖလား၄လုံး လမ္းေၾကာင္းေပၚမွာ ရွိေနေသးတဲ့ သရဲနီနတ္ဆိုးေတြကို ဂ်ိဳတပ္ေပးဖို႔ အေျပာင္းအေ႐ြ႕ေနာက္ဆုံးအခ်ိန္မွာ အိုးထရက္ဖို႔ဒ္ကိုေရာက္လာတဲ့ ဂ်ာမန္ကြၽဲ႐ိုင္းေလး
အဲရစ္တတ္ဟတ္ရဲ႕ ယူႏိုက္တက္အသင္းကို ‌အေတာင္ပံတပ္ေပးဖို႔ အိမ္မက္ျပဇာတ္႐ုံမွာ သရဲနီအသစ္အျဖစ္ အသုံးေတာ္ခံမယ့္ ဆာဘစ္ဇာ

အဲရစ္တတ္ဟတ္ရဲ႕ ယူႏိုက္တက္အသင္းကို ဘယ္လိုကူညီသြားမလဲဆိုတာေျပာလာတဲ့ ကစားသမားသစ္ ဆာဘစ္ဇာ
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ အေျပာင္းအေ႐ြ႕ပိတ္ခါနီး ေနာက္ဆုံးရက္မွာ ဘိုင္ယန္ ျမဴးနစ္ အသင္းရဲ႕ ကြင္းလယ္လူ မာဆယ္ ဆာဗစ္ဇာကို ေခၚယူဖို႔ သေဘာ တူညီမႈ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

ဒါဟာ အငွား ေခၚယူမႈသာ ျဖစ္ခဲ့ရၿပီး အၿပီးသတ္ ေခၚယူခြင့္ ထည့္သြင္းမထားဘူးလို႔ ႐ိုမာႏို က ေဖာ္ျပ သြားခဲ့လိုက္ပါတယ္ ။ ဆာဗစ္ဇာဟာ ဒဏ္ရာျပႆနာႀကဳံေတြခဲ့ရတဲ့ အဲရစ္ဆင္ ရဲ႕ ကြက္လပ္ကို ျဖည့္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါေတာ့မယ္ ။

ဆာဘစ္ဇာက မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ခ်ယ္လ္ဆီးရဲ႕ ကမ္းလွမ္းမႈကို တၿပိဳင္နက္ထဲ ရခဲ့ၿပီး ခ်ယ္လ္ဆီးကို ျငင္းကာ မန္ခ်က္စတာ ယူႏိုက္တက္ဆီ ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

ယူႏိုက္တက္ကစားသမားသစ္ ဆာဘစ္ဇာ က”ကစားသမားဘ၀ အေကာင္းဆုံးအခ်ိန္ကို ကြၽန္ေတာ္ ေရာက္ေနၿပီ။ကြၽန္ေတာ့္ရဲ႕အေတြ႕အႀကဳံေတြ၊အားထုတ္မႈေတြနဲ႔ အသင္းကို ကူညီေပးႏိုင္ပါတယ္။အသင္းေဖာ္သစ္ေတြ နည္းျပသစ္အဖြဲ႕၀င္ေတြနဲ႔ ပူေပါင္းရမွာ စိတ္လႈပ္ရွားေနပါၿပီ။ကြၽန္ေတာ္ရဲ႕အရည္အေသြးကိုလည္း ယူႏိုက္တက္ပရိသတ္ေတြဆီ ခ်ျပခ်င္ေနပါတယ္”လို႔ဆိုထားပါတယ္။
crd

Unicode
ဖလား၄လုံး လမ်းကြောင်းပေါ်မှာ ရှိနေသေးတဲ့ သရဲနီနတ်ဆိုးတွေကို ဂျိုတပ်ပေးဖို့ အပြောင်းအရွေ့နောက်ဆုံးအချိန်မှာ အိုးထရက်ဖို့ဒ်ကိုရောက်လာတဲ့ ဂျာမန်ကျွဲရိုင်းလေး
အဲရစ်တတ်ဟတ်ရဲ့ ယူနိုက်တက်အသင်းကို ‌အတောင်ပံတပ်ပေးဖို့ အိမ်မက်ပြဇာတ်ရုံမှာ သရဲနီအသစ်အဖြစ် အသုံးတော်ခံမယ့် ဆာဘစ်ဇာ

အဲရစ်တတ်ဟတ်ရဲ့ ယူနိုက်တက်အသင်းကို ဘယ်လိုကူညီသွားမလဲဆိုတာပြောလာတဲ့ ကစားသမားသစ် ဆာဘစ်ဇာ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အပြောင်းအရွေ့ပိတ်ခါနီး နောက်ဆုံးရက်မှာ ဘိုင်ယန် မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ မာဆယ် ဆာဗစ်ဇာကို ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ အငှား ခေါ်ယူမှုသာ ဖြစ်ခဲ့ရပြီး အပြီးသတ် ခေါ်ယူခွင့် ထည့်သွင်းမထားဘူးလို့ ရိုမာနို က ဖော်ပြ သွားခဲ့လိုက်ပါတယ် ။ ဆာဗစ်ဇာဟာ ဒဏ်ရာပြဿနာကြုံတွေခဲ့ရတဲ့ အဲရစ်ဆင် ရဲ့ ကွက်လပ်ကို ဖြည့်နိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို တပြိုင်နက်ထဲ ရခဲ့ပြီး ချယ်လ်ဆီးကို ငြင်းကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ယူနိုက်တက်ကစားသမားသစ် ဆာဘစ်ဇာ က”ကစားသမားဘ၀ အကောင်းဆုံးအချိန်ကို ကျွန်တော် ရောက်နေပြီ။ကျွန်တော့်ရဲ့အတွေ့အကြုံတွေ၊အားထုတ်မှုတွေနဲ့ အသင်းကို ကူညီပေးနိုင်ပါတယ်။အသင်းဖော်သစ်တွေ နည်းပြသစ်အဖွဲ့၀င်တွေနဲ့ ပူပေါင်းရမှာ စိတ်လှုပ်ရှားနေပါပြီ။ကျွန်တော်ရဲ့အရည်အသွေးကိုလည်း ယူနိုက်တက်ပရိသတ်တွေဆီ ချပြချင်နေပါတယ်”လို့ဆိုထားပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *