ပြဲထြက္လူစာရင္းမွ ခ်န္လွပ္ထားျခင္းခံခဲ့ရေသာ္လည္း အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး နည္းျပေက်နပ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ပရဟိတမင္းသားေလး အေမာင္ရက္ရွ္ဖို႔ဒ္

စည္းကမ္းပိုင္းဆိုင္ရာအေၾကာင္းျပခ်က္ေၾကာင့္ ပြဲထြက္လူစာရင္းမွ ခ်န္လွပ္ထားျခင္းခံခဲ့ရေသာ္လည္း အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး နည္းျပေက်နပ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ ပရဟိတမင္းသားေလး အေမာင္ရက္ရွ္ဖို႔ဒ္
တန္ဟက္ဂ္ရဲ႕ အျပစ္ဒဏ္ကို လန္ထြက္ေနတဲ့ ေျခစြမ္း၊ သြင္းဂိုးေတြနဲ႔ ေက်နပ္ေစခဲ့တဲ့ ေဒါက္တာရက္ရွ္ဖို႔ဒ္

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ယေန႔ည ဝုလ္ဗ္စ္နဲ႔ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕အႏိုင္ဂိုးကို သြင္းယူေပးဖို႔ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ျပသခဲ့ေပမယ့္လည္း ဝုလ္ဗ္စ္နဲ႔ပြဲစဥ္အတြက္ နည္းျပ တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ အသင္းအတြင္း စည္းကမ္းပိုင္းဆိုင္ရာအေၾကာင္းျပခ်က္ေၾကာင့္ ပြဲထြက္ ၁၁ ဦးစာရင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရေပမယ့္လည္း ဒုတိယပိုင္းအစမွာ ဂါနာခ်ိဳရဲ႕ေနရာမွာ လူစားဝင္စားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၇၆ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ကြၽမ္းကြၽမ္းက်င္က်င္ တြဲဖက္ကစားခဲ့ၿပီးေနာက္ အလြန္ေကာင္းမြန္တဲ့သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာေၾကာင့္ တန္ဟက္ကို စိတ္မပ်က္ေစခဲ့တာျဖစ္ပါတယ္။ အဂၤလန္ၾကယ္ပြင့္တိုက္စစ္မႉးဟာ ေဘာလုံးကို ဘယ္ေတာင္ပံကေန ရယူၿပီးေနာက္ ဝုလ္ဗ္စ္ခံစစ္ကို ထိုးေဖာက္တိုက္စစ္ဆင္ခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္နဲ႔ ဝမ္းတူ႐ိုက္ၿပီး ညာေျခနဲ႔ အဆုံးသတ္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲမကစားခင္မွာ တန္ဟက္က ရက္ရွ္ဖို႔ဒ္ကို အရန္ခုံထိုင္ခိုင္းထားခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ရွင္းလင္းခဲ့ၿပီး “အသင္းအတြင္း စည္းကမ္းပိုင္းေၾကာင့္ပါ။ အေသးစိတ္ေတာ့မေျပာႏိုင္ဘူး။ ကြၽန္ေတာ္တို႔ စည္းကမ္းေတြပါ။ အခု ပြဲအေပၚမွာ အာ႐ုံစိုက္ေနပါတယ္။ သူက အရမ္းေကာင္းတဲ့ေျခစြမ္းမွာ ရွိေနၿပီး ဘယ္သူကမွ ပြဲအားလုံး မကစားႏိုင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အေဝးကြင္းႏိုင္ပြဲေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ ရမွတ္ ၃၂ မွတ္နဲ႔အတူ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
crd

Unicode
စည်းကမ်းပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ပွဲထွက်လူစာရင်းမှ ချန်လှပ်ထားခြင်းခံခဲ့ရသော်လည်း အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး နည်းပြကျေနပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပရဟိတမင်းသားလေး အမောင်ရက်ရှ်ဖို့ဒ်
တန်ဟက်ဂ်ရဲ့ အပြစ်ဒဏ်ကို လန်ထွက်နေတဲ့ ခြေစွမ်း၊ သွင်းဂိုးတွေနဲ့ ကျေနပ်စေခဲ့တဲ့ ဒေါက်တာရက်ရှ်ဖို့ဒ်

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ယနေ့ည ဝုလ်ဗ်စ်နဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့အနိုင်ဂိုးကို သွင်းယူပေးဖို့ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ တောက်ပတဲ့ စွမ်းဆောင်ရည်ပြသခဲ့ပေမယ့်လည်း ဝုလ်ဗ်စ်နဲ့ပွဲစဉ်အတွက် နည်းပြ တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွင်း စည်းကမ်းပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ပွဲထွက် ၁၁ ဦးစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်းအစမှာ ဂါနာချိုရဲ့နေရာမှာ လူစားဝင်စားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၇၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ကျွမ်းကျွမ်းကျင်ကျင် တွဲဖက်ကစားခဲ့ပြီးနောက် အလွန်ကောင်းမွန်တဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် တန်ဟက်ကို စိတ်မပျက်စေခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးဟာ ဘောလုံးကို ဘယ်တောင်ပံကနေ ရယူပြီးနောက် ဝုလ်ဗ်စ်ခံစစ်ကို ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်နဲ့ ဝမ်းတူရိုက်ပြီး ညာခြေနဲ့ အဆုံးသတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲမကစားခင်မှာ တန်ဟက်က ရက်ရှ်ဖို့ဒ်ကို အရန်ခုံထိုင်ခိုင်းထားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ရှင်းလင်းခဲ့ပြီး “အသင်းအတွင်း စည်းကမ်းပိုင်းကြောင့်ပါ။ အသေးစိတ်တော့မပြောနိုင်ဘူး။ ကျွန်တော်တို့ စည်းကမ်းတွေပါ။ အခု ပွဲအပေါ်မှာ အာရုံစိုက်နေပါတယ်။ သူက အရမ်းကောင်းတဲ့ခြေစွမ်းမှာ ရှိနေပြီး ဘယ်သူကမှ ပွဲအားလုံး မကစားနိုင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ရမှတ် ၃၂ မှတ်နဲ့အတူ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *