crd
unicode
ပွဲထွက်ခွင့်တစ်နေရာအတွက်တိုက်ပွဲဝင်သွားဖို့အသင့်ရှိနေတယ်ဆိုတာသက်သေပြလိုက်တဲ့ အပယ်ခံသရဲနီကွင်းလယ်ကစားသမား
မန်ချက်စတာယူနိုက်တက်အသင်းမှာ အပယ်ခံဘဝရောက်နေတဲ့ ဗန်ဒီဘိခ်ဟာ ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲပြီးခါနီး မိနစ်ပိုင်းလောက်သာ ကစားခွင့်ရပေမယ့် ပရိသတ်တွေရဲ့ လက်ခုပ်တီး အားပေးသံကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က အေဂျက်စ်ကနေ ယူနိုက်တက်ကို စတင်ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာ၊ ပုံမှန်ကစားခွင့်မရတဲ့ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲပါပဲ။
ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ဗန်ဒီဘိခ် ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ရသလို လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၄)မိနစ်လောက်သာကစားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဗန်ဒီဘိခ်တစ်ယောက် မိနစ်ပိုင်းတောင်ကစားခွင့် မရတဲ့အပြင် ဒဏ်ရာပြဿနာကြောင့် ရက်အတော်ကြာ အနားယူခဲ့ရပါတယ်။
အခု ရှရစ်ဖ်နဲ့ပွဲမှာ ဗန်ဒီဘိခ်ဟာ (၂)လကျော်အတွင်းမှ ပထမဆုံးအဖြစ် ယူနိုက်တက်အတွက် ပြန်ကစားခွင့်ရခဲ့တာဖြစ်သလို အဲရစ်တန်ဟက်က သူ့ကို (၇၉)မိနစ်မှာ ဂါနာချိုအစား လူစားဝင်ကစားစေခဲ့ပြီး ဗန်ဒီဘိခ် ဝင်လာချိန်မှာ ပရိသတ်တွေက လက်ခုပ်တီးကြိုဆိုခဲ့ကြပါတယ်။
ဒီပွဲမှာ ဗန်ဒီဘိခ် စုစုပေါင်းမှ (၁၁)မိနစ်လောက်သာကစားခဲ့ရပေမယ့် ပုံစံကောင်းပြသနိုင်သလို ဂိုးရလုနီးပါးအနေအထားတောင် ဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ညာခြမ်းကနေ ဘရူနိုဖာနန်ဒက်စ် တင်ပေးလိုက်တာကို ဗန်ဒီဘိခ် ပြေးဝင်ပိတ်သွင်းခဲ့ပေမယ့် ထိချက် မမှန်ခဲ့တာကြောင့် ဂိုးမရခဲ့တာပါ။ အခုပွဲမှာ ဗန်ဒီဘိခ်ဟာ အဲရစ်တန်ဟက် စိတ်ကျေနပ်စရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ကွင်းလယ်မှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ အသင့်ရှိနေတယ်ဆိုတာ သက်သေပြလိုက်တာလည်းဖြစ်ပါတယ်။
crd
ပွဲထွက်ခွင့်တစ်နေရာအတွက်တိုက်ပွဲဝင်သွားဖို့အသင့်ရှိနေတယ်ဆိုတာသက်သေပြလိုက်တဲ့ အပယ်ခံသရဲနီကွင်းလယ်ကစားသမား
မန်ချက်စတာယူနိုက်တက်အသင်းမှာ အပယ်ခံဘဝရောက်နေတဲ့ ဗန်ဒီဘိခ်ဟာ ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ပွဲပြီးခါနီး မိနစ်ပိုင်းလောက်သာ ကစားခွင့်ရပေမယ့် ပရိသတ်တွေရဲ့ လက်ခုပ်တီး အားပေးသံကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်က အေဂျက်စ်ကနေ
ယူနိုက်တက်ကို စတင်ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ရုန်းကန်နေရတဲ့ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာ၊ ပုံမှန်ကစားခွင့်မရတဲ့ အခြေအနေတွေနဲ့ ဆက်လက်ရင်ဆိုင်နေရဆဲပါပဲ။
ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲတွေဖြစ်တဲ့ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ပွဲတွေမှာ ဗန်ဒီဘိခ် ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ရသလို လီဗာပူးလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း (၄)မိနစ်လောက်သာကစားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဗန်ဒီဘိခ်တစ်ယောက် မိနစ်ပိုင်းတောင်ကစားခွင့်
မရတဲ့အပြင် ဒဏ်ရာပြဿနာကြောင့် ရက်အတော်ကြာ အနားယူခဲ့ရပါတယ်။