ပီအက္စ္ဂ်ီနဲ႔ ေကာဟဟာလသတင္းေတြကိုျငင္းဆန္ခဲ့ၿပီး နယူးနဲ႔ပြဲမွာ တမုန္းၾကမ္းသြားမယ့္အေၾကာင္း ပရိသတ္ေတြထံအသိေပးလိုက္တဲ့ သရဲနီတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္

ပီအက္စ္ဂ်ီနဲ႔ ေကာဟဟာလသတင္းေတြကိုျငင္းဆန္ခဲ့ၿပီး နယူးနဲ႔ပြဲမွာ တမုန္းၾကမ္းသြားမယ့္အေၾကာင္း ပရိသတ္ေတြထံအသိေပးလိုက္တဲ့ သရဲနီတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္

ႏိုင္ငံတကာသီတင္းပတ္အၿပီးမွာ တစ္ေယာက္တည္း ေလ့က်င့္ခန္း လုပ္ေနတဲ့ ဓာတ္ပုံေတြကို လိုင္းေပၚမွာ ထုတ္ျပလိုက္တဲ့ေနာက္ နယူးကာဆယ္နဲ႔ပြဲမွာ အစြမ္းကုန္ လုပ္ျပဖို႔အတြက္ တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ကို မန္ယူပရိသတ္ေတြ ေတာင္းဆိုေနၾကပါၿပီ။ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ ႏိုင္ငံတကာ သီတင္းပတ္မွာ အဂၤလန္အသင္းနဲ႔ မပူးေပါင္းခဲ့ဘဲ အားလပ္ရက္ခရီးတစ္ခု ထြက္သြားခဲ့တာေၾကာင့္ အဂၤလန္ကစားခဲ့တဲ့ အီတလီ၊ ယူကရိန္းတို႔နဲ႔ပြဲေတြကို လြဲခဲ့ရပါတယ္။ နယူးေယာ့ခ္မွာ ခ်စ္သူေကာင္မေလးနဲ႔ အတူ အနားယူခဲ့ၿပီးတဲ့ေနာက္ လက္ရွိအခ်ိန္မွာေတာ့ မန္ယူရဲ႕ အဓိက တိုက္စစ္မႉး ရွက္ရွ္ဖို႔ဒ္ဟာ ကာရင္ တန္ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္လာေနၿပီး ေလ့က်င့္ခန္းေတြ လုပ္ေနၿပီ ျဖစ္ပါတယ္။

 

ရက္ရွ္ဖို႔ဒ္ဟာ ဒဏ္ရာျပႆနာ နည္းနည္းပါးပါးရွိေနတဲ့အတြက္ အဂၤလန္နဲ႔ မပူးေပါင္းခဲ့တာျဖစ္တယ္လို႔ သတင္းေတြထြက္ခဲ့တဲ့အတြက္ သရဲနီ ပရိသတ္ေတြ စိုးရိမ္ခဲ့ေပမဲ့လည္း ေနာက္ဆုံး တင္လိုက္တဲ့ ဆိုရွယ္မီဒီယာ ပို႔စ္ေတြေၾကာင့္ လာမယ့္ နယူးကာဆယ္ပြဲမွာ အဂၤလန္သားေတာ့ ရွယ္လုပ္ျပေတာ့မယ္လို႔ သရဲနီ ပရိသတ္ေတြ ယူဆေနပါတယ္။ အသက္ ၂၅ ႏွစ္အ ႐ြယ္ ရက္ရွ္ဖို႔ဒ္ဟာ Gym မွာ ေလ့က်င့္ခန္း လုပ္ေနတဲ့ ပုံေတြကို လူမႈကြန္ရက္ မွာ တင္ထားခဲ့တာပါ။ ေနာက္ၿပီး အဲဒီဓာတ္ပုံေတြအတြက္ ေရးထားတဲ့ ေခါင္းစဥ္ကလည္း ‘’တိုးတက္မႈနဲ႔ စြမ္းေဆာင္ရည္အေပၚ အေကာင္းျမင္မႈ’’ လို႔ ေတြ႕ရပါတယ္။ ဒါ့အျပင္ အဲဒီေခါင္းစဥ္မွာ သုံးထားတဲ့ Emoji ေလးေတြကလည္း တစ္ခုက ဖုန္းဘက္ထၳရီ အားျပည့္ေနတဲ့ပုံေလးျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ သန္မာ ထြားက်ိဳင္းတဲ့လက္ေမာင္းပုံျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပို႔စ္ဟာ ယူႏိုက္တက္ ပရိသတ္ေတြကို ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားေစခဲ့ပါတယ္။

 

‘’ရာသီရဲ႕ ေနာက္ဆုံး အပိုင္းက စိုးရိမ္စရာ ေကာင္းလာေတာ့မွာပါ။ ဒါေပမဲ့ ငါတို႔အတြက္ေတာ့ မဟုတ္ဘူး’’ လို႔ ပရိသတ္ တစ္ေယာက္က လူမႈကြန္ရက္ မွာ ေရးသားခဲ့ပါတယ္။ ဒုတိယ တစ္ေယာက္ကေတာ့ ‘’တနဂၤေႏြေန႔မွာ လုပ္ ျပလိုက္ေတာ့’’ လို႔ ေရးခဲ့ပါတယ္။ တတိယ တစ္ေယာက္ကလည္း ‘’အဲဒီအတိုင္း ထိန္းထား ဘ႐ို၊ မင္းဆီကေနၿပီး ငါတို႔ ဂိုးေတြ အမ်ားႀကီး ေမွ်ာ္လင့္ေန တယ္’’ လို႔ ေရးခဲ့ပါတယ္။ ေနာက္ထပ္ တစ္ေယာက္ကလည္း ‘’ဘုရင္ႀကီး ေတာ့ လုပ္ေနၿပီ’’ လို႔ ေရးခဲ့တာပါ။ အဲဒီေနရာမွာ ေနာက္ထပ္ တစ္ေယာက္ ကေတာ့ ‘’လာေနၿပီဆိုတာကို နယူးကာဆယ္ေတာ့ ၾကည့္ရဲမွာ မဟုတ္ေလာက္ဘူး’’ လို႔ ေရးသားခဲ့ပါတယ္။

 

လက္တလာထြက္ေပၚလာတဲ့သတင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕လစာေငြႏွစ္ဆကမ္းလွမ္းမႈကိုရက္ဖိုစ့္ကသိရၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ပီအက္စ္ဂ်ီအသင္းကေပးတဲ့လစာေငြအတိုင္းေတာင္းဆိုခဲ့တယ္ဆိုတဲ့ ေကာလဟာလ သတင္းေတြကိုရက္ဖိုစ့္ကအခုလိုပဲ ျငင္းဆန္သြားခဲ့ပါတယ္ ။ မားကပ္ရက္ဖိုစ့္”ဒါေတြက လုံးဝကို အဓိပၸါယ္မရွိပါဘူး ကြၽန္ေတာ္ရဲ႕ ရည္မွန္းခ်က္နဲ႔ အသင္းရဲ႕ ရည္မွန္းခ်က္က အတတ္ႏိုင္ဆုံး ပရီးမီးယားလိဂ္မွာ အျမင့္ဆုံး ျဖစ္ေအာင္လုပ္ၿပီး ဆုဖလား တစ္လုံး ဒါမွမဟုတ္ ႏွစ္လုံးရေအာင္ ႀကိဳးစားမွာပါ”လို႔ဆိုသြားခဲ့လိုက္ပါတယ္။
crd

unicode

ပီအက်စ်ဂျီနဲ့ ကောဟဟာလသတင်းတွေကိုငြင်းဆန်ခဲ့ပြီး နယူးနဲ့ပွဲမှာ တမုန်းကြမ်းသွားမယ့်အကြောင်း ပရိသတ်တွေထံအသိပေးလိုက်တဲ့ သရဲနီတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်

နိုင်ငံတကာသီတင်းပတ်အပြီးမှာ တစ်ယောက်တည်း လေ့ကျင့်ခန်း လုပ်နေတဲ့ ဓာတ်ပုံတွေကို လိုင်းပေါ်မှာ ထုတ်ပြလိုက်တဲ့နောက် နယူးကာဆယ်နဲ့ပွဲမှာ အစွမ်းကုန် လုပ်ပြဖို့အတွက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို မန်ယူပရိသတ်တွေ တောင်းဆိုနေကြပါပြီ။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်မှာ အင်္ဂလန်အသင်းနဲ့ မပူးပေါင်းခဲ့ဘဲ အားလပ်ရက်ခရီးတစ်ခု ထွက်သွားခဲ့တာကြောင့် အင်္ဂလန်ကစားခဲ့တဲ့ အီတလီ၊ ယူကရိန်းတို့နဲ့ပွဲတွေကို လွဲခဲ့ရပါတယ်။ နယူးယော့ခ်မှာ ချစ်သူကောင်မလေးနဲ့ အတူ အနားယူခဲ့ပြီးတဲ့နောက် လက်ရှိအချိန်မှာတော့ မန်ယူရဲ့ အဓိက တိုက်စစ်မှူး ရှက်ရှ်ဖို့ဒ်ဟာ ကာရင် တန်လေ့ကျင့်ရေးကွင်းကို ပြန်ရောက်လာနေပြီး လေ့ကျင့်ခန်းတွေ လုပ်နေပြီ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာပြဿနာ နည်းနည်းပါးပါးရှိနေတဲ့အတွက် အင်္ဂလန်နဲ့ မပူးပေါင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေထွက်ခဲ့တဲ့အတွက် သရဲနီ ပရိသတ်တွေ စိုးရိမ်ခဲ့ပေမဲ့လည်း နောက်ဆုံး တင်လိုက်တဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကြောင့် လာမယ့် နယူးကာဆယ်ပွဲမှာ အင်္ဂလန်သားတော့ ရှယ်လုပ်ပြတော့မယ်လို့ သရဲနီ ပရိသတ်တွေ ယူဆနေပါတယ်။ အသက် ၂၅ နှစ်အ ရွယ် ရက်ရှ်ဖို့ဒ်ဟာ Gym မှာ လေ့ကျင့်ခန်း လုပ်နေတဲ့ ပုံတွေကို လူမှုကွန်ရက် မှာ တင်ထားခဲ့တာပါ။ နောက်ပြီး အဲဒီဓာတ်ပုံတွေအတွက် ရေးထားတဲ့ ခေါင်းစဉ်ကလည်း ‘’တိုးတက်မှုနဲ့ စွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု’’ လို့ တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီခေါင်းစဉ်မှာ သုံးထားတဲ့ Emoji လေးတွေကလည်း တစ်ခုက ဖုန်းဘက်ထ္ထရီ အားပြည့်နေတဲ့ပုံလေးဖြစ်ပြီး နောက်တစ်ခုကတော့ သန်မာ ထွားကျိုင်းတဲ့လက်မောင်းပုံဖြစ်ပါတယ်။ ဒါကြောင့် ဒီပို့စ်ဟာ ယူနိုက်တက် ပရိသတ်တွေကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့ပါတယ်။

‘’ရာသီရဲ့ နောက်ဆုံး အပိုင်းက စိုးရိမ်စရာ ကောင်းလာတော့မှာပါ။ ဒါပေမဲ့ ငါတို့အတွက်တော့ မဟုတ်ဘူး’’ လို့ ပရိသတ် တစ်ယောက်က လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ‘’တနင်္ဂနွေနေ့မှာ လုပ် ပြလိုက်တော့’’ လို့ ရေးခဲ့ပါတယ်။ တတိယ တစ်ယောက်ကလည်း ‘’အဲဒီအတိုင်း ထိန်းထား ဘရို၊ မင်းဆီကနေပြီး ငါတို့ ဂိုးတွေ အများကြီး မျှော်လင့်နေ တယ်’’ လို့ ရေးခဲ့ပါတယ်။ နောက်ထပ် တစ်ယောက်ကလည်း ‘’ဘုရင်ကြီး တော့ လုပ်နေပြီ’’ လို့ ရေးခဲ့တာပါ။ အဲဒီနေရာမှာ နောက်ထပ် တစ်ယောက် ကတော့ ‘’လာနေပြီဆိုတာကို နယူးကာဆယ်တော့ ကြည့်ရဲမှာ မဟုတ်လောက်ဘူး’’ လို့ ရေးသားခဲ့ပါတယ်။

လက်တလာထွက်ပေါ်လာတဲ့သတင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့လစာငွေနှစ်ဆကမ်းလှမ်းမှုကိုရက်ဖိုစ့်ကသိရပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်ကို ပီအက်စ်ဂျီအသင်းကပေးတဲ့လစာငွေအတိုင်းတောင်းဆိုခဲ့တယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကိုရက်ဖိုစ့်ကအခုလိုပဲ ငြင်းဆန်သွားခဲ့ပါတယ် ။ မားကပ်ရက်ဖိုစ့်”ဒါတွေက လုံးဝကို အဓိပ္ပါယ်မရှိပါဘူး ကျွန်တော်ရဲ့ ရည်မှန်းချက်နဲ့ အသင်းရဲ့ ရည်မှန်းချက်က အတတ်နိုင်ဆုံး ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး ဖြစ်အောင်လုပ်ပြီး ဆုဖလား တစ်လုံး ဒါမှမဟုတ် နှစ်လုံးရအောင် ကြိုးစားမှာပါ”လို့ဆိုသွားခဲ့လိုက်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *