ပိုင္ရွင္အေျပာင္းအလဲႏွင့္အတူ အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာ ေပၚထြက္လာဖို႔ရွိေနတဲ့ ယူႏိုက္တက္ဂလက္တီကိုအသင္း
|ပိုင္ရွင္အေျပာင္းအလဲႏွင့္အတူ အိုးထရက္ဖို႔ဒ္ရပ္ဝန္းမွာ ေပၚထြက္လာဖို႔ရွိေနတဲ့ ယူႏိုက္တက္ဂလက္တီကိုအသင္း
ဂလက္တီကို (သို႔) ၾကယ္စင္စု လို႔ ေျပာလိုက္ရင္ ရီးရဲလ္မက္ဒရစ္ ကို ျမင္ေယာင္ၾကပါလိမ့္မယ္ ။ မက္ဒရစ္ဟာ ဇီဒန္း၊ဒိုႀကီး၊ဘက္ခမ္း၊ကားလိုစ့္၊ဖီဂို တို႔နဲ႔ ပထမၾကယ္စင္စုကို တည္ေထာင္ခဲ့သလို ေရာ္နယ္ဒို၊ေဘးလ္၊ကာကာ၊ဘန္ဇီမာ၊အိုေဇးလ္၊ဒီမာရီယာ၊ရာမိုစ့္၊ပီပီ တို႔နဲ႔ ဒုတိယၾကယ္စင္စုကို ပီးရက္ဇ္ လက္ေအာက္မွာ တည္ေထာင္ႏိုင္ခဲ့ပါတယ္။ လက္ရွိေဘာလုံးေလာကရဲ႕ အထင္ကရ ကစားသမားႀကီးေတြျဖစ္တဲ့ ပလာတီနီ ၊ပြရွ္ကပ္ တို႔ဟာလည္း စပိန္ ၿမိဳ႕ေတာ္အေျခစိုက္ ေတာ္ဝင္အသင္းႀကီးရဲ႕ ၾကယ္စင္စုဝင္ ကစားသမားေတြပဲ ျဖစ္ပါတယ္။
မက္ဒရစ္ ကို အနီးစပ္ဆုံး ေျခစြမ္းအရေရာ ကစားသမားအင္အားအရေရာ ယွဥ္ႏိုင္ခဲ့တဲ့ အသင္းဟာ မ်ားမ်ားစားစားမရွိပဲ ႏွစ္သင္းသာ ရွိခဲ့ၿပီး မန္ယူႏိုက္တဒ္(၁၉၉၉/၂၀၀၈) နဲ႔ ဘာစီလိုနာ (၂၀၀၉) အသင္းေတြပဲ ျဖစ္ပါတယ္။ ဥေရာပရပ္ဝန္းမွာ အာရဗ္ေငြေၾကး စီးဆင္းမႈေတြ မ်ားျပားလာတဲ့ေနာက္ မက္ဒရစ္ ရဲ႕ ေဈးကြက္လက္ဝါးႀကီးအုပ္မႈလည္း ေလ်ာ့က်လာၿပီး အသင္းႀကီးအေတာ္မ်ားမ်ားဟာ ကိုယ္ပိုင္ ၾကယ္စင္စုေတြတည္ေဆာက္လာႏိုင္ပါတယ္။ သို႔ေသာ္လည္း တခ်ိန္က လွ်မ္းလွ်မ္းေတာက္ေၾကာ္ၾကားခဲ့ၾကတဲ့ မက္ဒရစ္၊ဘာစီလိုနာ၊မန္ယူႏိုက္တဒ္ တို႔လို ေရရွည္ေအာင္ျမင္မႈမရသလို အသင္းကိုလည္း ကာလရွည္ၾကာထိန္းသိမ္းႏိုင္ျခင္းမရွိလို႔ ေခတ္တစ္ခုတည္ေထာင္ႏိုင္ရေလာက္ေအာင္ ၾကာရွည္ရပ္တည္ႏိုင္ျခင္း မရွိတဲ့ ျပသနာေတြ ႀကဳံေတြ႕ခဲ့ၾကပါတယ္။
ကေလာပ့္ ရဲ႕ လီဗာပူးလ္၊ဂြာဒီယိုလာ ရဲ႕ မန္စီးတီးအသင္းေတြဟာ ကာလရွည္အစီမံေတြ ခ်ႏိုင္ေပမယ့္ ေရွ႕ကသုံးသင္းလို စဥ္ဆက္မျပတ္အားျဖည့္တင္းမႈမလုပ္ႏိုင္ျခင္း နဲ႔ ၿပိဳင္ပြဲစုံမွာ ဆုဖလားေတြ ရယူႏိုင္ျခင္း မရွိတဲ့အခ်က္က ၾကယ္စင္စုအသင္းရယ္လို႔ အမည္တပ္ဖို႔ရာ အားနည္းခ်က္ကိုယ္စီ ရွိခဲ့ၾကပါတယ္။ လက္တေလာအေျခအေနအရ ရီးရဲလ္မက္ဒရစ္ ဟာ ၾကယ္စင္စုအသင္းျပန္တည္ေဆာက္ဖို႔ အားယူေနရသလို ဘာစီလိုနာ ကလည္းအေႂကြးျပသနာေတြ လည္ေနခ်ိန္မွာေတာ့ ဥေရာပရပ္ဝန္းမွာ ၾကယ္စင္စုရယ္လို႔ ေခၚႏိုင္ေလာက္တဲ့ ကစားသမားအင္အားေတာင့္တင္းၿပီး ေရရွည္ေအာင္ျမင္မႈရယူႏိုင္ဖို႔ အစီမံနဲ႔အတူ အဆက္မျပတ္ ျဖည့္တင္းေပးႏိုင္တဲ့ အင္အားရွိတဲ့အသင္းအျဖစ္ အဲရခ္တန္ဟဂ္ ရဲ႕ မန္ခ်က္စတာယူႏိုက္တဒ္ က စင္ျမင့္ထက္ တေက်ာ့ျပန္ ေျခခ်ဖို႔တာဆူေနပါတယ္။
ကာတာဘုရင္ ရဲ႕ ေတာ္ေကာက္ျခင္းခံရႏိုင္ေခ်မ်ားေနမႈက လက္ရွိအေျခခ်ၿပီးသား အသင္းအတြက္ ကိန္း၊ေအာ့စမန္ဟီ၊အမ္ဘာေပး၊ဒီေဂ်ာင္၊႐ိုက္စ္၊ဘယ္လင္ဟမ္ အပါဝင္ ဥေရာပၾကယ္ပြင့္ေတြကို စြဲေဆာင္ေခၚယူႏိုင္ဖို႔အေကာင္းဆုံးအေျခအေနမွာ ရွိေနပါတယ္။ ေအာက္ေျခခိုင္မာၿပီးသား မန္ယူႏိုက္တဒ္ အတြက္ ေနာက္ထပ္ ကမာၻ႔အဆင့္(၄)ေယာက္ဝန္းက်င္ေခၚယူႏိုင္ခဲ့ရင္ ဆာအဲလက္စ္ တည္ေထာင္ခဲ့တဲ့ (၁၉၉၉/၂၀၀၈) အသင္းေတြနီးတူ ဥေရာပကို လႊမ္းမိုးမယ့္ ေနာက္ထပ္ ၾကယ္စင္စုတစ္ခုဟာ မန္ခ်က္စတာရပ္ဝန္းမွာ ထိုးထြက္ေပၚေပါက္လာဖြယ္ရွိေနပါတယ္။
crd
unicode
ပိုင်ရှင်အပြောင်းအလဲနှင့်အတူ အိုးထရက်ဖို့ဒ်ရပ်ဝန်းမှာ ပေါ်ထွက်လာဖို့ရှိနေတဲ့ ယူနိုက်တက်ဂလက်တီကိုအသင်း
ဂလက်တီကို (သို့) ကြယ်စင်စု လို့ ပြောလိုက်ရင် ရီးရဲလ်မက်ဒရစ် ကို မြင်ယောင်ကြပါလိမ့်မယ် ။ မက်ဒရစ်ဟာ ဇီဒန်း၊ဒိုကြီး၊ဘက်ခမ်း၊ကားလိုစ့်၊ဖီဂို တို့နဲ့ ပထမကြယ်စင်စုကို တည်ထောင်ခဲ့သလို ရော်နယ်ဒို၊ဘေးလ်၊ကာကာ၊ဘန်ဇီမာ၊အိုဇေးလ်၊ဒီမာရီယာ၊ရာမိုစ့်၊ပီပီ တို့နဲ့ ဒုတိယကြယ်စင်စုကို ပီးရက်ဇ် လက်အောက်မှာ တည်ထောင်နိုင်ခဲ့ပါတယ်။ လက်ရှိဘောလုံးလောကရဲ့ အထင်ကရ ကစားသမားကြီးတွေဖြစ်တဲ့ ပလာတီနီ ၊ပွရှ်ကပ် တို့ဟာလည်း စပိန် မြို့တော်အခြေစိုက် တော်ဝင်အသင်းကြီးရဲ့ ကြယ်စင်စုဝင် ကစားသမားတွေပဲ ဖြစ်ပါတယ်။
မက်ဒရစ် ကို အနီးစပ်ဆုံး ခြေစွမ်းအရရော ကစားသမားအင်အားအရရော ယှဉ်နိုင်ခဲ့တဲ့ အသင်းဟာ များများစားစားမရှိပဲ နှစ်သင်းသာ ရှိခဲ့ပြီး မန်ယူနိုက်တဒ်(၁၉၉၉/၂၀၀၈) နဲ့ ဘာစီလိုနာ (၂၀၀၉) အသင်းတွေပဲ ဖြစ်ပါတယ်။ ဥရောပရပ်ဝန်းမှာ အာရဗ်ငွေကြေး စီးဆင်းမှုတွေ များပြားလာတဲ့နောက် မက်ဒရစ် ရဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုလည်း လျော့ကျလာပြီး အသင်းကြီးအတော်များများဟာ ကိုယ်ပိုင် ကြယ်စင်စုတွေတည်ဆောက်လာနိုင်ပါတယ်။ သို့သော်လည်း တချိန်က လျှမ်းလျှမ်းတောက်ကြော်ကြားခဲ့ကြတဲ့ မက်ဒရစ်၊ဘာစီလိုနာ၊မန်ယူနိုက်တဒ် တို့လို ရေရှည်အောင်မြင်မှုမရသလို အသင်းကိုလည်း ကာလရှည်ကြာထိန်းသိမ်းနိုင်ခြင်းမရှိလို့ ခေတ်တစ်ခုတည်ထောင်နိုင်ရလောက်အောင် ကြာရှည်ရပ်တည်နိုင်ခြင်း မရှိတဲ့ ပြသနာတွေ ကြုံတွေ့ခဲ့ကြပါတယ်။
ကလောပ့် ရဲ့ လီဗာပူးလ်၊ဂွာဒီယိုလာ ရဲ့ မန်စီးတီးအသင်းတွေဟာ ကာလရှည်အစီမံတွေ ချနိုင်ပေမယ့် ရှေ့ကသုံးသင်းလို စဉ်ဆက်မပြတ်အားဖြည့်တင်းမှုမလုပ်နိုင်ခြင်း နဲ့ ပြိုင်ပွဲစုံမှာ ဆုဖလားတွေ ရယူနိုင်ခြင်း မရှိတဲ့အချက်က ကြယ်စင်စုအသင်းရယ်လို့ အမည်တပ်ဖို့ရာ အားနည်းချက်ကိုယ်စီ ရှိခဲ့ကြပါတယ်။ လက်တလောအခြေအနေအရ ရီးရဲလ်မက်ဒရစ် ဟာ ကြယ်စင်စုအသင်းပြန်တည်ဆောက်ဖို့ အားယူနေရသလို ဘာစီလိုနာ ကလည်းအကြွေးပြသနာတွေ လည်နေချိန်မှာတော့ ဥရောပရပ်ဝန်းမှာ ကြယ်စင်စုရယ်လို့ ခေါ်နိုင်လောက်တဲ့ ကစားသမားအင်အားတောင့်တင်းပြီး ရေရှည်အောင်မြင်မှုရယူနိုင်ဖို့ အစီမံနဲ့အတူ အဆက်မပြတ် ဖြည့်တင်းပေးနိုင်တဲ့ အင်အားရှိတဲ့အသင်းအဖြစ် အဲရခ်တန်ဟဂ် ရဲ့ မန်ချက်စတာယူနိုက်တဒ် က စင်မြင့်ထက် တကျော့ပြန် ခြေချဖို့တာဆူနေပါတယ်။
ကာတာဘုရင် ရဲ့ တော်ကောက်ခြင်းခံရနိုင်ချေများနေမှုက လက်ရှိအခြေချပြီးသား အသင်းအတွက် ကိန်း၊အော့စမန်ဟီ၊အမ်ဘာပေး၊ဒီဂျောင်၊ရိုက်စ်၊ဘယ်လင်ဟမ် အပါဝင် ဥရောပကြယ်ပွင့်တွေကို စွဲဆောင်ခေါ်ယူနိုင်ဖို့အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။ အောက်ခြေခိုင်မာပြီးသား မန်ယူနိုက်တဒ် အတွက် နောက်ထပ် ကမ္ဘာ့အဆင့်(၄)ယောက်ဝန်းကျင်ခေါ်ယူနိုင်ခဲ့ရင် ဆာအဲလက်စ် တည်ထောင်ခဲ့တဲ့ (၁၉၉၉/၂၀၀၈) အသင်းတွေနီးတူ ဥရောပကို လွှမ်းမိုးမယ့် နောက်ထပ် ကြယ်စင်စုတစ်ခုဟာ မန်ချက်စတာရပ်ဝန်းမှာ ထိုးထွက်ပေါ်ပေါက်လာဖွယ်ရှိနေပါတယ်။
crd