ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈအရွိဆုံး ကစားသမားအျဖစ္ ဒီဘ႐ိုင္းကို ေက်ာ္ၿပီး ေဖာ္ျပခံခဲ့ရတဲ့ သရဲနီစစ္သူႀကီး ဖာ္နန္ဒက္စ္

ပရီးမီးယားလိဂ္ရဲ႕ ေျခစြမ္းတည္ၿငိမ္မႈအရွိဆုံး ကစားသမားအျဖစ္ ဒီဘ႐ိုင္းကို ေက်ာ္ၿပီး ေဖာ္ျပခံခဲ့ရတဲ့ သရဲနီစစ္သူႀကီး ဖာ္နန္ဒက္စ္
ပရီးမီးယားလိဂ္ရဲ႕တည္ၿငိမ္မႈ အရွိဆုံး နဲ႔ အေကာင္းဆုံးကြင္းလယ္လူအျဖစ္ ေဖာ္ျပခံခဲ့ရတဲ့ သရဲနီေမွာ္ဆရာေလး ဘ႐ူႏို

မန္ယူႏိုက္တဒ္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ ပရီးမီးယားလိဂ္ ရဲ႕တည္ၿငိမ္မႈ အရွိဆုံး နဲ႔ အေကာင္းဆုံး ကြင္းလယ္လူအျဖစ္ မန္စီးတီးကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းကို ေက်ာ္ၿပီး ေဖာ္ျပခံရလ်က္ရွိပါတယ္။ ဒါဟာ ရာသီအစက ေဝဖန္ခံရမႈေတြေနာက္ ဘ႐ူႏို ရဲ႕ တစ္ရာသီေက်ာ္ၾကာမွ ပထမဆုံး ျပန္လည္ ခ်ီးမြန္းခံရျခင္း ျဖစ္ၿပီး အသင္းေခါင္းေဆာင္လက္ပတ္ နဲ႔အတူ မီဒီယာ က ခ်ီးမြန္းျခင္းခံရတဲ့ ဝိန္း႐ြန္းနီ အလြန္ ပထမဆုံး ကစားသမားပဲ ျဖစ္ပါတယ္။

ဘ႐ူႏို ဟာ ၂၀၁၉ ေဆာင္းေဈးကြက္မွာ အသင္းကို ေရာက္ရွိလာခဲ့ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၅၅)ပြဲမွာ သြင္းဂိုး(၅၆)ဂိုး နဲ႔ ဖန္တီးမႈ (၄၄)ႀကိမ္ျပဳလုပ္ကာ ဂိုး(၁၀၀)အထိ တိုက္႐ိုက္ပါဝင္သက္ထားပါတယ္။

ဘ႐ူႏို က အသင္းကိုစေရာက္တဲ့ ရာသီဝက္မွာပဲ UCL ဝင္ခြင့္ျပင္ပကအသင္းကို သြင္းဂိုး(၁၈)ဂိုးသြင္းယူကာ အဆင့္(၃)အထိ တြန္းတင္ေပးခဲ့သလို UEL ဆီမီးဖိုင္နယ္ကိုလည္း တက္ေရာက္ေစခဲ့ပါတယ္။ ဘ႐ူႏို က ဆိုးလ္ရွား နဲ႔အတူ သူ႔ရဲ႕ အျပည့္အဝကစားရတဲ့ပထမဆုံးရာသီမွာ လိဂ္ဖလားပြဲေတြကို ဆီမီးဖိုင္နယ္အထိတက္လွမ္းခဲ့ၿပီး UEL ဗိုလ္လုပြဲနဲ႔ အမွတ္ေပးဇယားအဆင့္(၂)မွာ ရပ္တည္ေစခဲ့ၿပီး ဂိုးနဲ႔ဖန္တီးမႈ (၄၇)ဂိုးအထိ ရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဘ႐ူႏို ဟာ ခ်ဲလ္ဆီး ကြင္းလယ္လူ လမ္းပတ္ တင္ခဲ့တဲ့ တစ္ရာသီအတြင္းလိဂ္ဂိုးသြင္းအမ်ားဆုံး (၂၇)ဂိုးစံခ်ိန္ကို ပထမရာသီမွာပဲ (၂၈)ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး သုံးရာသီဆက္ ဂိုးနဲ႔ဖန္တီးမႈ (၄၅+)ဂိုးအထက္ရရွိတဲ့ ပထမဆုံး ကြင္းလယ္လူ ျဖစ္လာခဲ့ပါတယ္။

ဘ႐ူႏို အတြက္ ၿပီးခဲ့တဲ့ရာသီက ကစားသမားဘဝ အဆိုး႐ြားဆုံးျဖစ္ခဲ့တယ္လို႔ ဆိုႏိုင္ၿပီး ဆိုးလ္ရွား ရဲ႕ မွားယြင္းမႈ၊ရန္းနဂ္ နဲ႔ အဆင္မေျပမႈေတြေနာက္ ေရာ္နယ္ဒို နဲ႔ အဝတ္လဲခန္းမညီၫြတ္မႈေတြက သူ႔ရဲ႕ေျခစြမ္းကိုပါ ထိခိုက္ေစခဲ့ပါတယ္။သြင္းဂိုးနဲ႔ဖန္တီးမႈေတြ ေလ်ာ့က်လာတဲ့ ဘ႐ူႏို ကို မီဒီယာေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ၾကေပမယ့္ ပရိတ္သတ္ေတြက အားေပးေထာက္ခံခဲ့ၾကၿပီး ယခုရာသီ တန္ဟဂ္ လက္ေအာက္မွာေတာ့ ဘ႐ူႏို ဟာ မတူကြဲျပားတဲ့ ပုံစံနဲ႔ အသင္းရဲ႕ တာဝန္ေတြကို ထမ္းထားတဲ့ ဦးေဆာင္ကစားသမားပီသစြာ ေျခစြမ္းျပန္ျပႏိုင္ပဲ ျဖစ္ပါတယ္။

ယခင္ကလို ဂိုးနဲ႔ဖန္တီးမႈေတြ ေဖာေဖာသီသီ မေတြ႕ရေပမယ့္ ဘ႐ူႏို ဟာ အသင္းလိုက္ကစားကြက္အတြင္း အေကာင္းဆုံး စီးေမ်ာႏိုင္ၿပီး ယခင္လို စြန႔္စားရတဲ့ ေပးပို႔မႈေတြအစား တိက်တဲ့ေပးပို႔မႈေတြ၊နည္းစနစ္ပိုင္း ပါဝင္ပက္သက္မႈေတြနဲ႔ တည္ၿငိမ္စြာ ကစားလာႏိုင္ၿပီး ယခုေနာက္ပိုင္း ယခင္ကလို သြင္းဂိုးေတြပါ ျပန္လည္ေတြ႕ျမင္လာရတဲ့ေနာက္ ၂၀၁၉ ကစလို႔ လက္ရွိအထိ ဘ႐ူႏိုျပသထားတဲ့ ေျခစြမ္းအရ တည္ၿငိမ္မႈအရွိဆုံး ကစားသမားအျဖစ္ ျပန္လည္ ခ်ီးမြန္းခံေနရတာပဲ ျဖစ္ပါတယ္။
crd

Unicode
ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်းတည်ငြိမ်မှုအရှိဆုံး ကစားသမားအဖြစ် ဒီဘရိုင်းကို ကျော်ပြီး ဖော်ပြခံခဲ့ရတဲ့ သရဲနီစစ်သူကြီး ဖာ်နန်ဒက်စ်
ပရီးမီးယားလိဂ်ရဲ့တည်ငြိမ်မှု အရှိဆုံး နဲ့ အကောင်းဆုံးကွင်းလယ်လူအဖြစ် ဖော်ပြခံခဲ့ရတဲ့ သရဲနီမှော်ဆရာလေး ဘရူနို

မန်ယူနိုက်တဒ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ရဲ့တည်ငြိမ်မှု အရှိဆုံး နဲ့ အကောင်းဆုံး ကွင်းလယ်လူအဖြစ် မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကို ကျော်ပြီး ဖော်ပြခံရလျက်ရှိပါတယ်။ ဒါဟာ ရာသီအစက ဝေဖန်ခံရမှုတွေနောက် ဘရူနို ရဲ့ တစ်ရာသီကျော်ကြာမှ ပထမဆုံး ပြန်လည် ချီးမွန်းခံရခြင်း ဖြစ်ပြီး အသင်းခေါင်းဆောင်လက်ပတ် နဲ့အတူ မီဒီယာ က ချီးမွန်းခြင်းခံရတဲ့ ဝိန်းရွန်းနီ အလွန် ပထမဆုံး ကစားသမားပဲ ဖြစ်ပါတယ်။

ဘရူနို ဟာ ၂၀၁၉ ဆောင်းဈေးကွက်မှာ အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၅၅)ပွဲမှာ သွင်းဂိုး(၅၆)ဂိုး နဲ့ ဖန်တီးမှု (၄၄)ကြိမ်ပြုလုပ်ကာ ဂိုး(၁၀၀)အထိ တိုက်ရိုက်ပါဝင်သက်ထားပါတယ်။

ဘရူနို က အသင်းကိုစရောက်တဲ့ ရာသီဝက်မှာပဲ UCL ဝင်ခွင့်ပြင်ပကအသင်းကို သွင်းဂိုး(၁၈)ဂိုးသွင်းယူကာ အဆင့်(၃)အထိ တွန်းတင်ပေးခဲ့သလို UEL ဆီမီးဖိုင်နယ်ကိုလည်း တက်ရောက်စေခဲ့ပါတယ်။ ဘရူနို က ဆိုးလ်ရှား နဲ့အတူ သူ့ရဲ့ အပြည့်အဝကစားရတဲ့ပထမဆုံးရာသီမှာ လိဂ်ဖလားပွဲတွေကို ဆီမီးဖိုင်နယ်အထိတက်လှမ်းခဲ့ပြီး UEL ဗိုလ်လုပွဲနဲ့ အမှတ်ပေးဇယားအဆင့်(၂)မှာ ရပ်တည်စေခဲ့ပြီး ဂိုးနဲ့ဖန်တီးမှု (၄၇)ဂိုးအထိ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဘရူနို ဟာ ချဲလ်ဆီး ကွင်းလယ်လူ လမ်းပတ် တင်ခဲ့တဲ့ တစ်ရာသီအတွင်းလိဂ်ဂိုးသွင်းအများဆုံး (၂၇)ဂိုးစံချိန်ကို ပထမရာသီမှာပဲ (၂၈)ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး သုံးရာသီဆက် ဂိုးနဲ့ဖန်တီးမှု (၄၅+)ဂိုးအထက်ရရှိတဲ့ ပထမဆုံး ကွင်းလယ်လူ ဖြစ်လာခဲ့ပါတယ်။

ဘရူနို အတွက် ပြီးခဲ့တဲ့ရာသီက ကစားသမားဘဝ အဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပြီး ဆိုးလ်ရှား ရဲ့ မှားယွင်းမှု၊ရန်းနဂ် နဲ့ အဆင်မပြေမှုတွေနောက် ရော်နယ်ဒို နဲ့ အဝတ်လဲခန်းမညီညွတ်မှုတွေက သူ့ရဲ့ခြေစွမ်းကိုပါ ထိခိုက်စေခဲ့ပါတယ်။သွင်းဂိုးနဲ့ဖန်တီးမှုတွေ လျော့ကျလာတဲ့ ဘရူနို ကို မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝေဖန်ကြပေမယ့် ပရိတ်သတ်တွေက အားပေးထောက်ခံခဲ့ကြပြီး ယခုရာသီ တန်ဟဂ် လက်အောက်မှာတော့ ဘရူနို ဟာ မတူကွဲပြားတဲ့ ပုံစံနဲ့ အသင်းရဲ့ တာဝန်တွေကို ထမ်းထားတဲ့ ဦးဆောင်ကစားသမားပီသစွာ ခြေစွမ်းပြန်ပြနိုင်ပဲ ဖြစ်ပါတယ်။

ယခင်ကလို ဂိုးနဲ့ဖန်တီးမှုတွေ ဖောဖောသီသီ မတွေ့ရပေမယ့် ဘရူနို ဟာ အသင်းလိုက်ကစားကွက်အတွင်း အကောင်းဆုံး စီးမျောနိုင်ပြီး ယခင်လို စွန့်စားရတဲ့ ပေးပို့မှုတွေအစား တိကျတဲ့ပေးပို့မှုတွေ၊နည်းစနစ်ပိုင်း ပါဝင်ပက်သက်မှုတွေနဲ့ တည်ြငိမ်စွာ ကစားလာနိုင်ပြီး ယခုနောက်ပိုင်း ယခင်ကလို သွင်းဂိုးတွေပါ ပြန်လည်တွေ့မြင်လာရတဲ့နောက် ၂၀၁၉ ကစလို့ လက်ရှိအထိ ဘရူနိုပြသထားတဲ့ ခြေစွမ်းအရ တည်ငြိမ်မှုအရှိဆုံး ကစားသမားအဖြစ် ပြန်လည် ချီးမွန်းခံနေရတာပဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *