ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ ေနာက္ထပ္ထိပ္တန္းကစားသမား ၂ဦးကို ထပ္မံေခၚယူမယ့္ အဲရစ္တန္ဟက္ဂ္
|ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ ေနာက္ထပ္ထိပ္တန္းကစားသမား ၂ဦးကို ထပ္မံေခၚယူမယ့္ အဲရစ္တန္ဟက္ဂ္
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အရယူႏိုင္ဖို႔ ကြင္းလယ္နဲ႔ တိုက္စစ္ကို ဦးေဆာင္ႏိုင္မယ့္ ထိပ္တန္ကစားသမား ႏွစ္ဦးကို ေခၚယူသြားမယ့္ တန္ဟက္ဂ္
မန္ယူႏိုက္တဒ္ အသင္းဟာ လာမယ့္ေႏြမွာ ကြင္းလယ္ နဲ႔ တိုက္စစ္ ကို ဦးေဆာင္ႏိုင္မယ့္ ကစားသမား ႏွစ္ဦးကို ေခၚယူသြားဖြယ္ရွိတယ္လို႔ Telegraph က ေဖာ္ျပလာပါတယ္။လာမယ့္ေႏြမွာ လူအင္အားျဖည့္တင္းဖို႔ဆိုရင္ ယူႏိုက္တဒ္ အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိရန္ မျဖစ္မေန လိုအပ္ၿပီး စပြန္ဆာစာခ်ဳပ္အသစ္ေတြ ကေန ဝင္ေငြမ်ားစြာရရွိဖို႔လည္းလိုလိမ့္မယ္လို႔ James Ducker ကဆိုပါတယ္။
ယူႏိုက္တဒ္ ရဲ႕ လက္ရွိလူစာရင္းဟာ ေတာင့္တင္းမႈရွိေနေပမယ့္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ရန္ ကစားသမားႏွစ္ဦး လိုအပ္ေနၿပီး လာမယ့္ေႏြမွာ ဟယ္ရီကိန္း နဲ႔ ဖရန္ကီဒီေဂ်ာင္(သို႔) အန္ဇိုဖာနန္ဒက္စ္ တို႔ကိုအၿပီးသတ္ေခၚယူသြားမယ္လို႔ ဆိုပါတယ္။
တန္ဟဂ္ အေနနဲ႔ တိုက္စစ္ပိုင္း ကို အဓိက အားျဖည့္လိုၿပီး လာမယ့္ေႏြမွာ တိုက္စစ္မႈးတစ္ဦး မျဖစ္မေန ဝယ္ယူသြားလိုတာေၾကာင့္ ဟယ္ရီကိန္း ဟာ နံပတ္တစ္ဦးစားေပးေနရာမွာရွိေနတယ္လို႔ သိရပါတယ္။
စပါးအသင္းက လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရန္ ခက္ခဲေနၿပီး ဆုဖလားရဖို႔ကလည္းမျဖစ္ႏိုင္ေတာ့တာေၾကာင့္ ကိန္း ဟာ အသင္းေျပာင္းေ႐ႊ႕လိုေနၿပီး မန္ယူႏိုက္တဒ္ က ေခၚယူဖို႔ ဦးေဆာင္လ်က္ရွိပါတယ္။ကိန္း အတြက္ ယူႏိုက္တဒ္က ေပါင္သန္း(၁၀၀)အထိ အသုံးျပဳရန္လ်ာထားၿပီး စပါးအသင္းကလည္း အသက္(၃၀)အ႐ြယ္ အဂၤလန္တိုက္စစ္မႈး ကို ေရာင္းခ်သြားလိုတယ္လို႔ သိရပါတယ္။
ယူႏိုက္တဒ္ အေနနဲ႔ တိုက္စစ္မႈးလိုအပ္ခ်က္ ရွိေနခ်ိန္ ကိန္း လို လိဂ္အေတြ႕ႀကဳံရွိၿပီးသား ကစားသမားကို ရရွိမယ္ဆိုရင္ ေသခ်ာေပါက္ ေခၚယူႏိုင္ေရး ႀကိဳးစားသြားမွာျဖစ္တယ္လို႔ Ducker က ထပ္ေလာင္း အတည္ျပဳခဲ့ပါေသးတယ္။
တန္ဟဂ္ ရဲ႕ ကြင္းလယ္စီမံကိန္း အတြက္ေတာ့ ယူႏိုက္တဒ္ တာဝန္ရွိသူေတြဟာ ဖရန္ကီဒီေဂ်ာင္ ကို ဦးစားေပးေခၚယူရန္ ထပ္မံႀကိဳးစားဖြယ္ရွိၿပီး တဖက္မွာလည္း ဘင္ဖီကာ ရဲ႕ အန္ဇိုဖာနန္ဒက္စ္ ကို လည္း ခ်ိန္႐ြယ္လ်က္ရွိပါတယ္။
ဒီေဂ်ာင္ က ဘာစီလိုနာ ကေန ထြက္ခြာရန္ ႀကိဳးစားေနၿပီး လစာေလွ်ာ့ယူျခင္းမရွိတာေၾကာင့္လည္း ႏူးကမ့္တာဝန္ရွိသူေတြက ဒခ်႕္ ကြင္းလယ္လူကို ေရာင္းခ်ရန္ ဆုံးျဖတ္ထားပါတယ္။အကယ္လို႔ ဒီေဂ်ာင္ ကို မရရွိရင္ လာမယ့္ေႏြမွာ ဘင္ဖီကာ ရဲ႕ အန္ဇို ကို စာခ်ဳပ္ဖ်တ္သိမ္းေၾကး ယူ႐ိုသန္း(၁၂၀) ေပးေခ်ကာ ေခၚယူလိမ့္မယ္လို႔လည္း သိရပါတယ္။တန္ဟဂ္ က ယူႏိုက္တဒ္ ရဲ႕ ကြင္းလယ္နဲ႔တိုက္စစ္ကို ဦးေဆာင္ကစားႏိုင္မယ့္ ကစားသမားေတြအလိုရွိေနၿပီး ခ်န္ပီယံဆုအတြက္ ကိန္း နဲ႔ ဒီေဂ်ာင္(သို႔)အန္ဇို ကို ရရွိရင္ သိမ္းယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာပဲျဖစ္ပါတယ္။
crd
Unicode
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ နောက်ထပ်ထိပ်တန်းကစားသမား ၂ဦးကို ထပ်မံခေါ်ယူမယ့် အဲရစ်တန်ဟက်ဂ်
ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူနိုင်ဖို့ ကွင်းလယ်နဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် ထိပ်တန်ကစားသမား နှစ်ဦးကို ခေါ်ယူသွားမယ့် တန်ဟက်ဂ်
မန်ယူနိုက်တဒ် အသင်းဟာ လာမယ့်နွေမှာ ကွင်းလယ် နဲ့ တိုက်စစ် ကို ဦးဆောင်နိုင်မယ့် ကစားသမား နှစ်ဦးကို ခေါ်ယူသွားဖွယ်ရှိတယ်လို့ Telegraph က ဖော်ပြလာပါတယ်။လာမယ့်နွေမှာ လူအင်အားဖြည့်တင်းဖို့ဆိုရင် ယူနိုက်တဒ် အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် မဖြစ်မနေ လိုအပ်ပြီး စပွန်ဆာစာချုပ်အသစ်တွေ ကနေ ဝင်ငွေများစွာရရှိဖို့လည်းလိုလိမ့်မယ်လို့ James Ducker ကဆိုပါတယ်။
ယူနိုက်တဒ် ရဲ့ လက်ရှိလူစာရင်းဟာ တောင့်တင်းမှုရှိနေပေမယ့် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ရန် ကစားသမားနှစ်ဦး လိုအပ်နေပြီး လာမယ့်နွေမှာ ဟယ်ရီကိန်း နဲ့ ဖရန်ကီဒီဂျောင်(သို့) အန်ဇိုဖာနန်ဒက်စ် တို့ကိုအပြီးသတ်ခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
တန်ဟဂ် အနေနဲ့ တိုက်စစ်ပိုင်း ကို အဓိက အားဖြည့်လိုပြီး လာမယ့်နွေမှာ တိုက်စစ်မှုးတစ်ဦး မဖြစ်မနေ ဝယ်ယူသွားလိုတာကြောင့် ဟယ်ရီကိန်း ဟာ နံပတ်တစ်ဦးစားပေးနေရာမှာရှိနေတယ်လို့ သိရပါတယ်။
စပါးအသင်းက လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ခက်ခဲနေပြီး ဆုဖလားရဖို့ကလည်းမဖြစ်နိုင်တော့တာကြောင့် ကိန်း ဟာ အသင်းပြောင်းရွှေ့လိုနေပြီး မန်ယူနိုက်တဒ် က ခေါ်ယူဖို့ ဦးဆောင်လျက်ရှိပါတယ်။ကိန်း အတွက် ယူနိုက်တဒ်က ပေါင်သန်း(၁၀၀)အထိ အသုံးပြုရန်လျာထားပြီး စပါးအသင်းကလည်း အသက်(၃၀)အရွယ် အင်္ဂလန်တိုက်စစ်မှုး ကို ရောင်းချသွားလိုတယ်လို့ သိရပါတယ်။
ယူနိုက်တဒ် အနေနဲ့ တိုက်စစ်မှုးလိုအပ်ချက် ရှိနေချိန် ကိန်း လို လိဂ်အတွေ့ကြုံရှိပြီးသား ကစားသမားကို ရရှိမယ်ဆိုရင် သေချာပေါက် ခေါ်ယူနိုင်ရေး ကြိုးစားသွားမှာဖြစ်တယ်လို့ Ducker က ထပ်လောင်း အတည်ပြုခဲ့ပါသေးတယ်။
တန်ဟဂ် ရဲ့ ကွင်းလယ်စီမံကိန်း အတွက်တော့ ယူနိုက်တဒ် တာဝန်ရှိသူတွေဟာ ဖရန်ကီဒီဂျောင် ကို ဦးစားပေးခေါ်ယူရန် ထပ်မံကြိုးစားဖွယ်ရှိပြီး တဖက်မှာလည်း ဘင်ဖီကာ ရဲ့ အန်ဇိုဖာနန်ဒက်စ် ကို လည်း ချိန်ရွယ်လျက်ရှိပါတယ်။
ဒီဂျောင် က ဘာစီလိုနာ ကနေ ထွက်ခွာရန် ကြိုးစားနေပြီး လစာလျှော့ယူခြင်းမရှိတာကြောင့်လည်း နူးကမ့်တာဝန်ရှိသူတွေက ဒချ့် ကွင်းလယ်လူကို ရောင်းချရန် ဆုံးဖြတ်ထားပါတယ်။အကယ်လို့ ဒီဂျောင် ကို မရရှိရင် လာမယ့်နွေမှာ ဘင်ဖီကာ ရဲ့ အန်ဇို ကို စာချုပ်ဖျတ်သိမ်းကြေး ယူရိုသန်း(၁၂၀) ပေးချေကာ ခေါ်ယူလိမ့်မယ်လို့လည်း သိရပါတယ်။တန်ဟဂ် က ယူနိုက်တဒ် ရဲ့ ကွင်းလယ်နဲ့တိုက်စစ်ကို ဦးဆောင်ကစားနိုင်မယ့် ကစားသမားတွေအလိုရှိနေပြီး ချန်ပီယံဆုအတွက် ကိန်း နဲ့ ဒီဂျောင်(သို့)အန်ဇို ကို ရရှိရင် သိမ်းယူနိုင်မယ်လို့ မျှော်လင့်နေတာပဲဖြစ်ပါတယ်။
crd