ယူနိုက်တက်ဟာ လာမည့် တနင်္ဂနွေနေ့မှာ လက်စတာနဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီနောက် လာမည့် တစ်ပတ် ကြားရက်မှာ ယူရိုပါလိဂ် ရှုံးထွက်ပွဲစဉ် အဖြစ် ပထမအကျော့က ၂-၂ ဖြစ်ခဲ့တဲ့ ဘာစီလိုနာကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။
crd
unicode
ပရီးမီးယားလိဂ်ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ဖို့ ယူနိုက်တက်ခေါ်ယူရမယ့် ကစားသမားနှစ်ဦးကိုပြောပြလိုက်တဲ့ ရော်ဘီဆားဗေ့ခ်ျ
ရော်ဘီဆားဗေ့ခ်ျက မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဒီနွေရာသီမှာ တော့တင်ဟမ်စတား ဟယ်ရီကိန်း နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်း တို့ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်ရန် အတော်လေး ရေပန်းစားသွားမှာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ များစွာ တိုးတက်မှု ရှိနေပြီး ဖလားလေးလုံး အတွက် ယှဉ်ပြိုင်နေဆဲ ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးက မန်စီးတီး အာဆင်နယ် တို့နဲ့ ၅ မှတ် အကွာမှာသာ ရှိနေပါတယ်။
ယူနိုက်တက်ဟာ လာမည့် နွေရာသီမှာ တိုက်စစ်မှုးတစ်ဦး ခေါ်ယူရန် ဦးစားပေး စီစဉ်နေပြီး နာပိုလီရဲ့ ဗစ်တာအော်စီမန် ၊ ဘင်ဖီကာရဲ့ ဂွန်ကာလိုရာမို့စ် တို့နဲ့ အတူ ဟယ်ရီကိန်းဟာ ယူနိုက်တက်ရဲ့ လျာထားစာရင်းမှာ ပါ၀င်နေပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဖရန်ကီဒီဂျောင်းကို ဘာစီလိုနာထံကနေ ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့တဲ့ အသင်း ဖြစ်ပြီး တန်းဟတ်ဟာ သူ့တပည့်ဟောင်းနဲ့ ယူနိုက်တက်မှာ အလုပ်အတူ တွဲလုပ်ရန် စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။
ရော်ဘီဆားဗေ့ခ်ျက ကိန်း နဲ့ ဒီဂျောင်း တို့ဟာ ယူနိုက်တက်ကို ဖလား စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ်ကနေ ချန်ပီယံ ဖြစ်လာအောင် လုပ်ပေးနိုင်မယ့် ‘missing pieces’ တွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဆားဗေ့ခ်ျက “ဒီမန်ချက်စတာယူနိုက်တက် အသင်းကို ဟယ်ရီကိန်း နဲ့ ဖရန်ကီဒီဂျောင်း တို့သာ ထပ်မံ ပေါင်းထပ်လိုက်မယ် ဆိုရင် အဲရစ်တန်းဟတ်ရဲ့ အသင်းဟာ လာမည့် ရာသီ အမှတ်ပေးဖလား အတွက် အတော် ရေပန်းစားတဲ့ အသင်း ဖြစ်လာမှာပါ။ အကယ်လို့များ သူတို့ဟာ ဒီကစားသမား ၂ ဦးကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင် ငွေကြေးတော့ အတော် သုံးစွဲဖို့ လိုအပ်မှာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ လာမည့် ရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သွားနိုင်မယ် ဆိုတာတော့ သေချာပါတယ်။
ကျနော်သာ ဆိုရင်တော့ ကိန်းကို ခေါ်ယူသွားမှာ ဖြစ်ပြီး သူ့ရဲ့ ဘေးမှာ လျှင်မြန်တဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေက ရှိနေမှာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ နွေရာသီက တန်းဟတ် ခေါ်ယူရန် အပြင်းအထန် ကြိုးစားခဲ့တဲ့ ဒီဂျောင်းကို ခေါ်ယူရန် ဘာစီလိုနာကို ထပ်မံ ကမ်းလှမ်းသွားမှာပါ။ ကွင်းလယ်မှာ ဒီဂျောင်းနဲ့ ကတ်စမီရို တို့ရဲ့ ဘောလုံး ကိုင်ကစားမှု နဲ့ တိုက်စစ်ပိုင်းက ကိန်းရဲ့ အရည်အသွေးတွေဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်မယ့် အသင်း အတွက် တကယ် လိုအပ်နေတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ မေလ ၂၀၂၄ ကို ယူနိုက်တက် ပရိတ်သတ်တွေ ကြိုတင် ရင်ခုန်နေလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီး သူတို့ဘက်က ကိန်း နဲ့ ဒီဂျောင်း တို့ကို ခေါ်ယူ အားဖြည့်ပေးခဲ့မယ်ဆိုရင် ၁၀ စုနှစ် တစ်ခုလောက် ဝေးကွာနေတဲ့ အမှတ်ပေးဖလားဟာ မန်ချက်စတာယူနိုက်တက်ကို ဦးတည်လာနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ လာမည့် တနင်္ဂနွေနေ့မှာ လက်စတာနဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီနောက် လာမည့် တစ်ပတ် ကြားရက်မှာ ယူရိုပါလ်ိဂ် ရှုံးထွက်ပွဲစဉ် အဖြစ် ပထမအကျော့က ၂-၂ ဖြစ်ခဲ့တဲ့ ဘာစီလိုနာကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။