နယ္သာလန္ဗ်ဴဟာမႉးတန္ဟဂ္လက္ထက္မွာသိသိသာသာတိုးတက္ေျပာင္းလဲလာတဲ့ ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္း

နယ္သာလန္ဗ်ဴဟာမႉးတန္ဟဂ္လက္ထက္မွာသိသိသာသာတိုးတက္ေျပာင္းလဲလာတဲ့ ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္း

ၿပီးခဲ့တဲ့ ေႏြအေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းထံ အဲရစ္တန္ဟက္ တစ္ေယာက္ နည္းျပသစ္ ရာထူးနဲ႔ ေရာက္ရွိလာခဲ့ပါတယ္။ မန္ခ်က္စတာ အနီေရာင္ေတြရဲ႕ ထိုင္ခုံပူေပၚထိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။ အသင္းဟာ အဆင့္ (၆)နဲ႔ရာသီ သိမ္းထားတယ္။ သမိုင္းတေလွ်ာက္ ရမွတ္အနည္းဆုံး EPLရာသီကို ပိုင္ဆိုင္ခဲ့တယ္။ ကစားပုံ မေကာင္းသေလာက္ တိုက္စစ္ပိုင္းမွာလည္း ထက္ျမက္မႈရွိမေနဘူး။ ပ်င္းေျခာက္ေျခာက္ ကစားဟန္ေၾကာင့္ အိုးထရက္ဖို႔ဒ္ ကြင္းႀကီးမွာ ကိုယ့္အသင္းပရိသတ္ေတြ ကိုယ္တိုင္ ေလွာင္ေျပာင္ ေအာ္ဟစ္မႈေတြ ျပဳလုပ္တာ ခံခဲ့ရပါတယ္။

 

ဤကဲ့သို႔ ခက္ခဲၾကမ္းတမ္းတဲ့ သရဲနီ နည္းျပရာထူးကို လက္လႊဲ ယူလိုက္သူ နယ္သာလန္သားနည္းျပႀကီးရဲ႕ ပြဲဦးထြက္ဟာ မလွပခဲ့ပါဘူး။ ဘ႐ိုက္တန္၊ ဘရန္႔ဖို႔ဒ္တို႔နဲ႔ ရာသီအဖြင့္ ႏွစ္ပြဲဆက္ ေျခရႈံးဂိုးရႈံး ျဖစ္ခဲ့ၿပီး သံသယေတြနဲ႔ ေစာင့္ၾကည့္ျခင္းပါ ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္ ကတ္စမဲ႐ိုး၊ အန္တိုနီတို႔ ေရာက္ရွိလာတယ္။ အသင္းဟာ တစ္ပြဲထက္တစ္ပြဲ ခ်ိတ္ဆက္မႈ ပိုမိုေကာင္းမြန္လာၿပီး ရလဒ္ ေကာင္းေတြပါယူေဆာင္ လာႏိုင္တာကို ေတြ႕ရပါတယ္။ BT Sport ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္ရဲ႕တိုးတက္မႈေတြကို ေအာက္ပါအတိုင္း ျမင္ႏိုင္ပါတယ္။

ရာသီအစ (၄)ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ အေနနဲ႔ ပရီးမီးယားလိဂ္ အသင္း (၂၀)အနက္ အဆင့္ (၁၂)မွာရပ္တည္ခဲ့တဲ့ မန္ခ်က္စတာသား ေတြဟာ အခုေနာက္ဆုံး (၄)ပြဲမွာေတာ့ အဆင့္ (၄)ေနရာအထိ တက္လွမ္း ႏိုင္ခဲ့ပါၿပီ။ အရင္တုန္းက ၿပိဳင္ဘက္ ဂိုးဧရိယာနားမွာ ေဘာလုံးေပးပို႔မႈ အဆင့္ (၁၂) မွာသာရွိခဲ့တယ္။ အခုခ်ိန္မွာေတာ့ အဆင့္ (၂)ျဖစ္သြားပါၿပီ။ ဂိုးေပါက္ကန္သြင္းမႈ အပိုင္းမွာလည္း အဆင့္ (၁၆)ကေန ဒုတိယေျမာက္ အမ်ားဆုံးအသင္း ျဖစ္လာခဲ့ၿပီ။ ဂိုးေပါက္ တည့္မတ္မႈမွာလည္း အဆင့္ (၁၂)ကေန (၂)အထိ သိသိသာသာ တိုးတက္လာပါတယ္။

 

အရင္က ဧရိယာနားမွာ ေဘာလုံးလုယူတာေအာင္ျမင္မႈ တတိယ​ေျမာက္ အနည္းဆုံးအသင္းပါ။ လက္ရွိ အခ်ိန္မွာေတာ့ ဒုတိယေျမာက္ အေကာင္းဆုံးအသင္းပါ။ ယူႏိုက္တက္ တိုက္စစ္မႉးေတြ ဖိအားေပးမႈ ပိုမိုျပဳလုပ္ လာႏိုင္ခဲ့တဲ့ သက္ေသပါပဲ။ ကစားသမားေတြဟာ တန္ဟက္ရဲ႕ စနစ္အတိုင္း အံဝင္စြာ ကစားလာႏိုင္တာနဲ႔ အမွ် တိုက္စစ္ပိုင္း စြမ္းေဆာင္ရည္ အဆမတန္ ျမင့္မားလာတာပါ။ အဖြင့္ (၂)ပြဲ ရႈံးၿပီးေနာက္ ယူႏိုက္တက္ဟာ မန္ခ်က္စတာစီးတီး တစ္သင္းတည္းကိုသာ လက္နက္ခ်ခဲ့ ရတာပါ။ big 6 ထဲက လီဗာပူး ၊ အာဆင္နယ္၊ စပါးတို႔ကို အႏိုင္ရရွိထားၿပီး ခ်ဲလ္ဆီးကို သေရက်ခဲ့တာေၾကာင့္ တန္ဟတ္ေဘာဟာ ေအာင္ျမင္စြာ ႐ုပ္လုံးေပၚေနၿပီ ျဖစ္ပါတယ္။
crd

unicode

နယ်သာလန်ဗျူဟာမှူးတန်ဟဂ်လက်ထက်မှာသိသိသာသာတိုးတက်ပြောင်းလဲလာတဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း

ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အဲရစ်တန်ဟက် တစ်ယောက် နည်းပြသစ် ရာထူးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ မန်ချက်စတာ အနီရောင်တွေရဲ့ ထိုင်ခုံပူပေါ်ထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အသင်းဟာ အဆင့် (၆)နဲ့ရာသီ သိမ်းထားတယ်။ သမိုင်းတလျှောက် ရမှတ်အနည်းဆုံး EPLရာသီကို ပိုင်ဆိုင်ခဲ့တယ်။ ကစားပုံ မကောင်းသလောက် တိုက်စစ်ပိုင်းမှာလည်း ထက်မြက်မှုရှိမနေဘူး။ ပျင်းခြောက်ခြောက် ကစားဟန်ကြောင့် အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကိုယ့်အသင်းပရိသတ်တွေ ကိုယ်တိုင် လှောင်ပြောင် အော်ဟစ်မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။

ဤကဲ့သို့ ခက်ခဲကြမ်းတမ်းတဲ့ သရဲနီ နည်းပြရာထူးကို လက်လွှဲ ယူလိုက်သူ နယ်သာလန်သားနည်းပြကြီးရဲ့ ပွဲဦးထွက်ဟာ မလှပခဲ့ပါဘူး။ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ ရာသီအဖွင့် နှစ်ပွဲဆက် ခြေရှုံးဂိုးရှုံး ဖြစ်ခဲ့ပြီး သံသယတွေနဲ့ စောင့်ကြည့်ခြင်းပါ ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ကတ်စမဲရိုး၊ အန်တိုနီတို့ ရောက်ရှိလာတယ်။ အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာပြီး ရလဒ် ကောင်းတွေပါယူဆောင် လာနိုင်တာကို တွေ့ရပါတယ်။ BT Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ရဲ့တိုးတက်မှုတွေကို အောက်ပါအတိုင်း မြင်နိုင်ပါတယ်။

ရာသီအစ (၄)ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနေနဲ့ ပရီးမီးယားလိဂ် အသင်း (၂၀)အနက် အဆင့် (၁၂)မှာရပ်တည်ခဲ့တဲ့ မန်ချက်စတာသား တွေဟာ အခုနောက်ဆုံး (၄)ပွဲမှာတော့ အဆင့် (၄)နေရာအထိ တက်လှမ်း နိုင်ခဲ့ပါပြီ။ အရင်တုန်းက ပြိုင်ဘက် ဂိုးဧရိယာနားမှာ ဘောလုံးပေးပို့မှု အဆင့် (၁၂) မှာသာရှိခဲ့တယ်။ အခုချိန်မှာတော့ အဆင့် (၂)ဖြစ်သွားပါပြီ။ ဂိုးပေါက်ကန်သွင်းမှု အပိုင်းမှာလည်း အဆင့် (၁၆)ကနေ ဒုတိယမြောက် အများဆုံးအသင်း ဖြစ်လာခဲ့ပြီ။ ဂိုးပေါက် တည့်မတ်မှုမှာလည်း အဆင့် (၁၂)ကနေ (၂)အထိ သိသိသာသာ တိုးတက်လာပါတယ်။

အရင်က ဧရိယာနားမှာ ဘောလုံးလုယူတာအောင်မြင်မှု တတိယ​မြောက် အနည်းဆုံးအသင်းပါ။
လက်ရှိ အချိန်မှာတော့ ဒုတိယမြောက် အကောင်းဆုံးအသင်းပါ။ ယူနိုက်တက် တိုက်စစ်မှူးတွေ ဖိအားပေးမှု ပိုမိုပြုလုပ် လာနိုင်ခဲ့တဲ့ သက်သေပါပဲ။ ကစားသမားတွေဟာ တန်ဟက်ရဲ့ စနစ်အတိုင်း အံဝင်စွာ ကစားလာနိုင်တာနဲ့ အမျှ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အဆမတန် မြင့်မားလာတာပါ။ အဖွင့် (၂)ပွဲ ရှုံးပြီးနောက် ယူနိုက်တက်ဟာ မန်ချက်စတာစီးတီး တစ်သင်းတည်းကိုသာ လက်နက်ချခဲ့ ရတာပါ။ big 6 ထဲက လီဗာပူး ၊ အာဆင်နယ်၊ စပါးတို့ကို အနိုင်ရရှိထားပြီး ချဲလ်ဆီးကို သရေကျခဲ့တာကြောင့် တန်ဟတ်ဘောဟာ အောင်မြင်စွာ ရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။
crd

နယ်သာလန်ဗျူဟာမှူးတန်ဟဂ်လက်ထက်မှာသိသိသာသာတိုးတက်ပြောင်းလဲလာတဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း

ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အဲရစ်တန်ဟက် တစ်ယောက် နည်းပြသစ် ရာထူးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ မန်ချက်စတာ အနီရောင်တွေရဲ့ ထိုင်ခုံပူပေါ်ထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အသင်းဟာ အဆင့် (၆)နဲ့ရာသီ သိမ်းထားတယ်။ သမိုင်းတလျှောက် ရမှတ်အနည်းဆုံး EPLရာသီကို ပိုင်ဆိုင်ခဲ့တယ်။ ကစားပုံ မကောင်းသလောက် တိုက်စစ်ပိုင်းမှာလည်း ထက်မြက်မှုရှိမနေဘူး။ ပျင်းခြောက်ခြောက် ကစားဟန်ကြောင့် အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကိုယ့်အသင်းပရိသတ်တွေ ကိုယ်တိုင် လှောင်ပြောင် အော်ဟစ်မှုတွေ ပြုလုပ်တာ ခံခဲ့ရပါတယ်။

ဤကဲ့သို့ ခက်ခဲကြမ်းတမ်းတဲ့ သရဲနီ နည်းပြရာထူးကို လက်လွှဲ ယူလိုက်သူ နယ်သာလန်သားနည်းပြကြီးရဲ့ ပွဲဦးထွက်ဟာ မလှပခဲ့ပါဘူး။ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ ရာသီအဖွင့် နှစ်ပွဲဆက် ခြေရှုံးဂိုးရှုံး ဖြစ်ခဲ့ပြီး သံသယတွေနဲ့ စောင့်ကြည့်ခြင်းပါ ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ကတ်စမဲရိုး၊ အန်တိုနီတို့ ရောက်ရှိလာတယ်။ အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာပြီး ရလဒ် ကောင်းတွေပါယူဆောင် လာနိုင်တာကို တွေ့ရပါတယ်။ BT Sport ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ရဲ့တိုးတက်မှုတွေကို အောက်ပါအတိုင်း မြင်နိုင်ပါတယ်။

ရာသီအစ (၄)ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနေနဲ့ ပရီးမီးယားလိဂ် အသင်း (၂၀)အနက် အဆင့် (၁၂)မှာရပ်တည်ခဲ့တဲ့ မန်ချက်စတာသား တွေဟာ အခုနောက်ဆုံး (၄)ပွဲမှာတော့ အဆင့် (၄)နေရာအထိ တက်လှမ်း နိုင်ခဲ့ပါပြီ။ အရင်တုန်းက ပြိုင်ဘက် ဂိုးဧရိယာနားမှာ ဘောလုံးပေးပို့မှု အဆင့် (၁၂) မှာသာရှိခဲ့တယ်။ အခုချိန်မှာတော့ အဆင့် (၂)ဖြစ်သွားပါပြီ။ ဂိုးပေါက်ကန်သွင်းမှု အပိုင်းမှာလည်း အဆင့် (၁၆)ကနေ ဒုတိယမြောက် အများဆုံးအသင်း ဖြစ်လာခဲ့ပြီ။ ဂိုးပေါက် တည့်မတ်မှုမှာလည်း အဆင့် (၁၂)ကနေ (၂)အထိ သိသိသာသာ တိုးတက်လာပါတယ်။

အရင်က ဧရိယာနားမှာ ဘောလုံးလုယူတာအောင်မြင်မှု တတိယ​မြောက် အနည်းဆုံးအသင်းပါ။ လက်ရှိ အချိန်မှာတော့ ဒုတိယမြောက် အကောင်းဆုံးအသင်းပါ။ ယူနိုက်တက် တိုက်စစ်မှူးတွေ ဖိအားပေးမှု ပိုမိုပြုလုပ် လာနိုင်ခဲ့တဲ့ သက်သေပါပဲ။ ကစားသမားတွေဟာ တန်ဟက်ရဲ့ စနစ်အတိုင်း အံဝင်စွာ ကစားလာနိုင်တာနဲ့ အမျှ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် အဆမတန် မြင့်မားလာတာပါ။ အဖွင့် (၂)ပွဲ ရှုံးပြီးနောက် ယူနိုက်တက်ဟာ မန်ချက်စတာစီးတီး တစ်သင်းတည်းကိုသာ လက်နက်ချခဲ့ ရတာပါ။ big 6 ထဲက လီဗာပူး ၊ အာဆင်နယ်၊ စပါးတို့ကို အနိုင်ရရှိထားပြီး ချဲလ်ဆီးကို သရေကျခဲ့တာကြောင့် တန်ဟတ်ဘောဟာ အောင်မြင်စွာ ရုပ်လုံးပေါ်နေပြီ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *