ဒေဟးယားလက္ေတာ္မွာခိုနားခဲ့တဲ့ clean sheet ႏိုင္ပြဲႏွင့္အတူ ၿပိဳင္ပြဲစုံ(၈)ပြဲဆက္ရႈံးပြဲမရွိဆိုတဲ့ မွတ္တမ္းေကာင္းတစ္ခုကိုပိုင္ဆိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္

မန္ယူႏိုက္တက္ အတြက္ေတာ့ ဒီတစ္ပတ္အိုးထရက္ဖို႔မွာ ကစားခဲ့ရတဲ့ ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၄)ဟာ ေတာ္ေတာ္ေလး ခက္ခဲခဲ့တဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။ ေနာက္ခံလူ ဗာရန္းဒဏ္ရာေၾကာင့္ ခံစစ္မွာ လြဲေခ်ာ္ခဲ့ရသလို ညာေတာင္ပံမွာလည္း အန္တိုနီက အေသးစား ဒဏ္ရာ အခ်ိဳ႕ေၾကာင့္ ဒီပြဲစဥ္ကိ လြဲေခ်ာ္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဒါက မန္ယူႏိုက္တက္အတြက္ေတာ့ ခက္ခဲေစခဲ့တဲ့ အေၾကာင္းအရာ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ ရက္ဖို႔ဒ္ရဲ႕ တစ္လုံးထဲေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိလိုက္တာ မန္ယူႏိုက္တက္ အတြက္ ေကာင္းမြန္တဲ့ အရာတစ္ခု ျဖစ္ခဲ့ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ (၈)ပြဲမွာ ရႈံးပြဲမရွိခဲ့ပဲ (၆)ပြဲအထိ အႏိုင္ကစားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ မန္ယူႏိုက္တက္ တိုက္စစ္ပိုင္းကို စီေရာ္နယ္ဒိုက ဦးေဆာင္လာခဲ့တာ ျဖစ္ၿပီး ေတာင္ပံႏွစ္ဖက္မွာေတာ့ အီလန္ဂါနဲ႔ ရက္ဖို႔ဒ္တို႔က ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္က ကြင္းလယ္တိုက္စစ္ေနရာမွာ ရွိေနခဲ့ၿပီး၊ ကပ္စ္မဲ႐ိုးနဲ႔ အဲရစ္ဆန္တို႔က ကြင္းလယ္ေနရာမွာ ပြဲထြက္လာခဲ့ပါတယ္။ ေနာက္တန္းမွာေတာ့ ဒါေလာ့၊ မတ္ဂြဲယား၊ မာတီနက္နဲ႔ လုခ္ေရွာတို႔ ပြဲထြက္လာခဲ့ၿပီး ဂိုးသမားေနရာမွာေတာ့ ပုံမွန္အတိုင္းပဲ ဒီဂီယာက ပြဲထြက္လာခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဝက္စ္ဟမ္းတို႔ကလည္း သူတို႔ရဲ႕ အေတာင့္တင္းဆုံး လူစာရင္းနဲ႔ ပြဲထြက္လာခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး တိုက္စစ္ပိုင္းမွာ စကမ္မာကာကို ထုတ္သုံးလာခဲ့ပါတယ္။

ဝက္စ္ဟမ္းတို႔ဟာ လူမစုံတဲ့ မန္ယူႏိုက္တက္ကို အခက္ေတြ႕ ေအာင္ကစားႏိုင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ၿပီး တန္ဟတ္ရဲ႕ မန္ယူႏိုက္တက္ကလည္း ၿပီးခဲ့တဲ့ ပြဲစဥ္ေတြကနဲ႔ ယွဥ္လိုက္ရင္ ဝက္စ္ဟမ္းကို အသာစီးရယူဖို႔ ႐ုန္းကန္ေနခဲ့ရတာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ (၃၈) မိနစ္မွာ အဲရစ္ဆန္ရဲ႕ ဖန္တီးေပးမႈကေနတဆင့္ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ရက္ဖို႔ဒ္ရဲ႕ တစ္လုံးထဲေသာ သြင္းဂိုးနဲ႔ မန္ယူႏိုက္တက္တို႔ အႏိုင္ရရွိခဲ့တာ ျဖစ္ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ (၅)ေနရာကို ရမွတ္ (၂၃)မွတ္နဲ႔ တက္လွမ္းလာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ မန္ယူႏိုက္တက္အတြက္ တလုံးထဲေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ရက္ဖို႔ဒ္ဟာ မန္ယူႏိုက္တက္အတြက္ သြင္းဂိုး (၁၀၀) ျပည့္ေျမာက္တဲ့ (၂၂)ေယာက္ ေျမာက္ ကစားသမား အျဖစ္ မွတ္တမ္းဝင္သြားခဲ့တယ္လို႔ သိရပါတယ္။

အန္တိုနီ မပါတဲ့ ညာေတာင္ပံမွာ အီလန္ဂါဟာ တန္းဝင္ဖို႔အတြက္ အဆင့္တစ္ခုလိုေနေသးတယ္ဆိုတာကို ျပသခဲ့ၿပီး၊ ေခါင္းႀကီးပါလာတဲ့ မန္ယူႏိုက္တက္ ေနာက္တန္းကစားဟန္ကို ၾကည့္ရတာကလည္း ေတာ္ေတာ္ေလး ေၾကာက္စရာ ေကာင္းတဲ့ သရဲကား တစ္ကားကို ၾကည့္ေနရသလို ျဖစ္ခဲ့တာပါ။ ဝက္စ္ဟမ္းတို႔ရဲ႕ ပြဲၿပီးခါနီး ႀကိဳးစားမႈေတြကိုေတာ့ ဂိုးသမား ဒေဟးယားက အမွားအယြင္းမရွိ ဖမ္းသင့္တာဖမ္း၊ ပုတ္သင့္တာပုတ္နဲ႔ ကာကြယ္သြားႏိုင္ခဲ့သလို ဇူးမား၊ အန္တိုနီယိုနဲ႔ ႐ိုက္စ္တို႔ရဲ႕ ဂိုးသြင္းဖို႔ ႀကိဳးစားသမွ်ကို ေရဘဝဲတစ္ေကာင္လို ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ကစားပုံ မေကာင္းလွေပမယ့္ သုံးမွတ္ရဖို႔ေတာ့ အေၾကာင္းဖန္လာခဲ့ၿပီး တစ္ဂိုးတည္းနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာပါ။ ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး သုံးမွတ္မ်က္ႏွာနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၾကသလို ခ်ဲလ္ဆီး ေျခေခ်ာ္မႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ၾကၿပီး အေပၚက စပါးစ္နဲ႔ နယူးကာဆယ္လ္တို႔ထက္ တစ္ပြဲ ေလွ်ာ့ကစားထားခ်ိန္မွာ ေက်ာ္တက္ႏိုင္ဖို႔ပါ အခြင့္အေရးရွိလာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd

unicode

ဒဟေးယားလက်တော်မှာခိုနားခဲ့တဲ့ clean sheet နိုင်ပွဲနှင့်အတူ ပြိုင်ပွဲစုံ(၈)ပွဲဆက်ရှုံးပွဲမရှိဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ယူနိုက်တက် အတွက်တော့ ဒီတစ်ပတ်အိုးထရက်ဖို့မှာ ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄)ဟာ တော်တော်လေး ခက်ခဲခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ခံလူ ဗာရန်းဒဏ်ရာကြောင့် ခံစစ်မှာ လွဲချော်ခဲ့ရသလို ညာတောင်ပံမှာလည်း အန်တိုနီက အသေးစား ဒဏ်ရာ အချို့ကြောင့် ဒီပွဲစဉ်ကိ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါက မန်ယူနိုက်တက်အတွက်တော့ ခက်ခဲစေခဲ့တဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ရက်ဖို့ဒ်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိလိုက်တာ မန်ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၈)ပွဲမှာ ရှုံးပွဲမရှိခဲ့ပဲ (၆)ပွဲအထိ အနိုင်ကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ မန်ယူနိုက်တက် တိုက်စစ်ပိုင်းကို စီရော်နယ်ဒိုက ဦးဆောင်လာခဲ့တာ ဖြစ်ပြီး တောင်ပံနှစ်ဖက်မှာတော့ အီလန်ဂါနဲ့ ရက်ဖို့ဒ်တို့က ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ်နေရာမှာ ရှိနေခဲ့ပြီး၊ ကပ်စ်မဲရိုးနဲ့ အဲရစ်ဆန်တို့က ကွင်းလယ်နေရာမှာ ပွဲထွက်လာခဲ့ပါတယ်။ နောက်တန်းမှာတော့ ဒါလော့၊ မတ်ဂွဲယား၊ မာတီနက်နဲ့ လုခ်ရှောတို့ ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာမှာတော့ ပုံမှန်အတိုင်းပဲ ဒီဂီယာက ပွဲထွက်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဝက်စ်ဟမ်းတို့ကလည်း သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာကို မြင်တွေ့ခဲ့ရပြီး တိုက်စစ်ပိုင်းမှာ စကမ်မာကာကို ထုတ်သုံးလာခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ဟာ လူမစုံတဲ့ မန်ယူနိုက်တက်ကို အခက်တွေ့ အောင်ကစားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး တန်ဟတ်ရဲ့ မန်ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ ပွဲစဉ်တွေကနဲ့ ယှဉ်လိုက်ရင် ဝက်စ်ဟမ်းကို အသာစီးရယူဖို့ ရုန်းကန်နေခဲ့ရတာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၃၈) မိနစ်မှာ အဲရစ်ဆန်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ခေါင်းတိုက်သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ မန်ယူနိုက်တက်တို့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာကို ရမှတ် (၂၃)မှတ်နဲ့ တက်လှမ်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ မန်ယူနိုက်တက်အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ရက်ဖို့ဒ်ဟာ မန်ယူနိုက်တက်အတွက် သွင်းဂိုး (၁၀၀) ပြည့်မြောက်တဲ့ (၂၂)ယောက် မြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။

အန်တိုနီ မပါတဲ့ ညာတောင်ပံမှာ အီလန်ဂါဟာ တန်းဝင်ဖို့အတွက် အဆင့်တစ်ခုလိုနေသေးတယ်ဆိုတာကို ပြသခဲ့ပြီး၊ ခေါင်းကြီးပါလာတဲ့ မန်ယူနိုက်တက် နောက်တန်းကစားဟန်ကို ကြည့်ရတာကလည်း တော်တော်လေး ကြောက်စရာ ကောင်းတဲ့ သရဲကား တစ်ကားကို ကြည့်နေရသလို ဖြစ်ခဲ့တာပါ။ ဝက်စ်ဟမ်းတို့ရဲ့ ပွဲပြီးခါနီး ကြိုးစားမှုတွေကိုတော့ ဂိုးသမား ဒဟေးယားက အမှားအယွင်းမရှိ ဖမ်းသင့်တာဖမ်း၊ ပုတ်သင့်တာပုတ်နဲ့ ကာကွယ်သွားနိုင်ခဲ့သလို ဇူးမား၊ အန်တိုနီယိုနဲ့ ရိုက်စ်တို့ရဲ့ ဂိုးသွင်းဖို့ ကြိုးစားသမျှကို ရေဘဝဲတစ်ကောင်လို ကာကွယ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ကစားပုံ မကောင်းလှပေမယ့် သုံးမှတ်ရဖို့တော့ အကြောင်းဖန်လာခဲ့ပြီး တစ်ဂိုးတည်းနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး သုံးမှတ်မျက်နှာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသလို ချဲလ်ဆီး ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့ကြပြီး အပေါ်က စပါးစ်နဲ့ နယူးကာဆယ်လ်တို့ထက် တစ်ပွဲ လျှော့ကစားထားချိန်မှာ ကျော်တက်နိုင်ဖို့ပါ အခွင့်အရေးရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *