ဒီေဂ်ာင္ကို တန္ဟဂ္ ဘာေၾကာင့္အသည္းအသန္လိုခ်င္ေနရသလဲဆိုတာ မ်က္ဝါးထင္ထင္ေတြ႕ျမင္ခဲ့ရတဲ့ ႏူးကမ့္ကသေရပြဲ

မန္ယူႏိုက္တက္နဲ႔ ဘာစီလိုနာတို႔ သေရျဖစ္ခဲ့တဲ့ ႏူးကမ့္ပြဲအၿပီးမွာေတာ့ တန္ဟတ္အတြက္ အက်ိဳးျဖစ္ထြန္းမႈေတြ ရွိခဲ့ပါတယ္။ အသင္းလူမစုံခ်ိန္မွာေတာင္ စပိန္ေျမမွာ သေရကစားႏိုင္ခဲ့သလို ဒုေက်ာ့ ဘာစီလိုနာရဲ႕ အဓိကကြင္းလယ္အတြဲျဖစ္တဲ့ ပက္ဒရီ-ဂါဗီ မပါဝင္ခ်ိန္ လူစုံတက္စုံ ျပန္လည္ပါဝင္လာမွာျဖစ္လို႔ အိမ္ကြင္းအားသာခ်က္နဲ႔အတူ ရလာဒ္ေကာင္းေမွ်ာ္လင့္ႏိုင္သလို ဒုတိယအခ်က္အေနနဲ႔ ၿပီးခဲ့တဲ့ေႏြမွာ တန္ဟဂ္ က ဖရန္ကီဒီေဂ်ာင္ ကို ဘာေၾကာင့္ မရမကေခၚယူခ်င္ေနရလည္းဆိုတဲ့ အေျဖကိုပါ ပရိတ္သတ္ေတြ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။

ဒီေဂ်ာင္က ဘက္စကြက္ မပါဝင္ႏိုင္တာေၾကာင့္ သူအႀကိဳက္ဆုံး ေနရာျဖစ္တဲ့ နံပတ္(၆) ေနရာမွာ deep lying role အထိဆင္းကစားခဲ့ၿပီး ဘာစီလိုနာ ကြင္းလယ္ရဲ႕ အသက္ေသြးေၾကာလို႔ ဆိုရေလာက္ေအာင္ တစ္သင္းလုံးကို ေမာင္းႏွင္ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ ဒီေဂ်ာင္ရဲ႕ ေဘာလုံးကိုင္ႏိုင္စြမ္း၊ ေပးပို႔ႏိုင္စြမ္း နဲ႔ ခ်ိတ္ဆက္ထိုးေဖာက္မႈအျပင္ တစ္ကိုယ္ေတာ္ထိုးေဖာက္ႏိုင္တဲ့ စြမ္းရည္ေတြက မန္ယူႏိုက္တဒ္ ကြင္းလယ္ကို အေတာ္ေလး အလုပ္ရႈပ္ ေစခဲ့သလို ဖိအားဒဏ္ခံႏိုင္တဲ့အခ်က္က ပရီးမီးယားလိဂ္ရဲ႕ ျမန္ႏႈန္းျမင့္ ကစားပုံနဲ႔ အံဝင္ဂြင္က် ျဖစ္ေနေၾကာင္း အသိေပးလိုက္တာပဲ ျဖစ္ပါတယ္။

လက္ရွိ ယူႏိုက္တဒ္ကြင္းလယ္မွာ ေဘာလုံးျဖန႔္ေဝသူအျဖစ္ အဲရခ္ဆင္က တာဝန္ယူထားေပမယ့္ ႏွလုံးစက္တပ္ထားတဲ့ အသက္(၃၁)ႏွစ္အ႐ြယ္ ကြင္းလယ္လူတစ္ေယာက္ထက္ အသက္(၂၅)ႏွစ္သာရွိေသးၿပီး ပိုမိုေကာင္းမြန္တဲ့ လုပ္အားႏႈန္းနဲ႔ ကစားပုံရွိတဲ့ ဒီေဂ်ာင္ကို အစားထိုးႏိုင္ခဲ့ရင္ တန္ဟဂ္ရဲ႕ ကြင္းလယ္က ေရရွည္အတြက္ စိတ္ခ်ရၿပီး ေနာက္တစ္ဆင့္ကို ေရာက္ရွိသြားပါလိမ့္မယ္။ အထူးသျဖင့္ ကတ္စမဲ႐ိုး လို အဖ်တ္သီးသန႔္တာဝန္ယူထားတဲ့ ကြင္းလယ္လူ နဲ႔ ဘ႐ူႏို လို စြယ္စုံရကြင္းလယ္ကစားသမားၾကားထဲမွာ ဒီေဂ်ာင္ လို ေဘာလုံးနဲ႔အတူ တပါတည္းဆြဲတက္ႏိုင္ၿပီး ျဖန႔္ေဝမႈနဲ႔ ခ်ိတ္ဆက္ကစားႏိုင္စြမ္း ျမင့္မားတဲ့ ကြင္းလယ္လူတစ္ဦးကို ေပါင္းထည့္ႏိုင္ခဲ့ရင္ တစ္ခ်ိန္က ဥေရာပကိုလႊမ္းမိုးခဲ့တဲ့ ကတ္စမဲ႐ိုး-မိုဒရစ္-က႐ူးစ္ ကြင္းလယ္ကို ယွဥ္ႏိုင္မယ့္ ထိတ္ထိတ္ႀကဲ ကြင္းလယ္အတြဲလို ျဖစ္လာႏိုင္ဖြယ္ ရွိေနပါတယ္။

ဘာစီလိုနာႏွင့္ပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲတြင္ သတင္းေထာက္တစ္ဦးက ဖရန္ကီဒီေဂ်ာင္ ႏွင့္ပတ္သတ္ၿပီး ေမးျမန္းခဲ့ရာ နည္းျပ တန္ဟတ္က ခုလိုေျပာၾကားသြားခဲ့ပါတယ္။ “ ဖရန္ကီ က မယုံႏိုင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ကစားသမားတစ္ေယာက္ပါ။ သူက ကမာၻေပၚမွာရွိတဲ့ ဘယ္အသင္းကိုမဆို ပိုအားေကာင္းလာေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ သူ႔မွာ တျခားကစားသမားတိုင္းမွာမေတြ႕ရတဲ့ ထူးျခားတဲ့အရည္အခ်င္းေတြရွိပါတယ္။ ” ခင္ဗ်ားသာ မန္ေနဂ်ာတစ္ေယာက္ဆိုရင္ ဖရန္ကီ ကို ရေအာင္ေခၚၿပီး ခင္ဗ်ားအသင္းလူစာရင္းမွာထည့္လိုက္၊ အဲ့ဒါဆိုရင္ ခင္ဗ်ားအသင္းက အရင္ထက္ပိုၿပီး အမ်ားႀကီးေကာင္းလာမွာေသခ်ာတယ္။ “ လို႔ ဆိုပါတယ္။

တန္ဟတ္ရဲ႕ေလသံအရ ဒီေဂ်ာင္နဲ႔ ယူႏိုက္တက္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕ဟာေတာ့ လာမယ့္ေႏြရာသီမွာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္သလို ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလရဲ႕ ထိပ္တန္းသတင္းေခါင္းစီးေတြကေန ေနရာယူလာႏိုင္ပါတယ္။ ဒီေဂ်ာင္တစ္‌ေယာက္ ဘာစီလိုနာမွာဘဲ ဆက္ေနမလား ယူႏိုက္တက္ကိုဘဲ ေျပာင္းေ႐ႊ႕လာမလား ဆက္လက္ေစာင့္ၾကည့္သြားရပါမယ္။
crd

unicode

ဒီဂျောင်ကို တန်ဟဂ် ဘာကြောင့်အသည်းအသန်လိုချင်နေရသလဲဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရတဲ့ နူးကမ့်ကသရေပွဲ

မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ သရေဖြစ်ခဲ့တဲ့ နူးကမ့်ပွဲအပြီးမှာတော့ တန်ဟတ်အတွက် အကျိုးဖြစ်ထွန်းမှုတွေ ရှိခဲ့ပါတယ်။ အသင်းလူမစုံချိန်မှာတောင် စပိန်မြေမှာ သရေကစားနိုင်ခဲ့သလို ဒုကျော့ ဘာစီလိုနာရဲ့ အဓိကကွင်းလယ်အတွဲဖြစ်တဲ့ ပက်ဒရီ-ဂါဗီ မပါဝင်ချိန် လူစုံတက်စုံ ပြန်လည်ပါဝင်လာမှာဖြစ်လို့ အိမ်ကွင်းအားသာချက်နဲ့အတူ ရလာဒ်ကောင်းမျှော်လင့်နိုင်သလို ဒုတိယအချက်အနေနဲ့ ပြီးခဲ့တဲ့နွေမှာ တန်ဟဂ် က ဖရန်ကီဒီဂျောင် ကို ဘာကြောင့် မရမကခေါ်ယူချင်နေရလည်းဆိုတဲ့ အဖြေကိုပါ ပရိတ်သတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခဲ့ပါတယ်။

ဒီဂျောင်က ဘက်စကွက် မပါဝင်နိုင်တာကြောင့် သူအကြိုက်ဆုံး နေရာဖြစ်တဲ့ နံပတ်(၆) နေရာမှာ deep lying role အထိဆင်းကစားခဲ့ပြီး ဘာစီလိုနာ ကွင်းလယ်ရဲ့ အသက်သွေးကြောလို့ ဆိုရလောက်အောင် တစ်သင်းလုံးကို မောင်းနှင်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီဂျောင်ရဲ့ ဘောလုံးကိုင်နိုင်စွမ်း၊ ပေးပို့နိုင်စွမ်း နဲ့ ချိတ်ဆက်ထိုးဖောက်မှုအပြင် တစ်ကိုယ်တော်ထိုးဖောက်နိုင်တဲ့ စွမ်းရည်တွေက မန်ယူနိုက်တဒ် ကွင်းလယ်ကို အတော်လေး အလုပ်ရှုပ် စေခဲ့သလို ဖိအားဒဏ်ခံနိုင်တဲ့အချက်က ပရီးမီးယားလိဂ်ရဲ့ မြန်နှုန်းမြင့် ကစားပုံနဲ့ အံဝင်ဂွင်ကျ ဖြစ်နေကြောင်း အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တဒ်ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေသူအဖြစ် အဲရခ်ဆင်က တာဝန်ယူထားပေမယ့် နှလုံးစက်တပ်ထားတဲ့ အသက်(၃၁)နှစ်အရွယ် ကွင်းလယ်လူတစ်ယောက်ထက် အသက်(၂၅)နှစ်သာရှိသေးပြီး ပိုမိုကောင်းမွန်တဲ့ လုပ်အားနှုန်းနဲ့ ကစားပုံရှိတဲ့ ဒီဂျောင်ကို အစားထိုးနိုင်ခဲ့ရင် တန်ဟဂ်ရဲ့ ကွင်းလယ်က ရေရှည်အတွက် စိတ်ချရပြီး နောက်တစ်ဆင့်ကို ရောက်ရှိသွားပါလိမ့်မယ်။ အထူးသဖြင့် ကတ်စမဲရိုး လို အဖျတ်သီးသန့်တာဝန်ယူထားတဲ့ ကွင်းလယ်လူ နဲ့ ဘရူနို လို စွယ်စုံရကွင်းလယ်ကစားသမားကြားထဲမှာ ဒီဂျောင် လို ဘောလုံးနဲ့အတူ တပါတည်းဆွဲတက်နိုင်ပြီး ဖြန့်ဝေမှုနဲ့ ချိတ်ဆက်ကစားနိုင်စွမ်း မြင့်မားတဲ့ ကွင်းလယ်လူတစ်ဦးကို ပေါင်းထည့်နိုင်ခဲ့ရင် တစ်ချိန်က ဥရောပကိုလွှမ်းမိုးခဲ့တဲ့ ကတ်စမဲရိုး-မိုဒရစ်-ကရူးစ် ကွင်းလယ်ကို ယှဉ်နိုင်မယ့် ထိတ်ထိတ်ကြဲ ကွင်းလယ်အတွဲလို ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဘာစီလိုနာနှင့်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဖရန်ကီဒီဂျောင် နှင့်ပတ်သတ်ပြီး မေးမြန်းခဲ့ရာ နည်းပြ တန်ဟတ်က ခုလိုပြောကြားသွားခဲ့ပါတယ်။ “ ဖရန်ကီ က မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ပါ။ သူက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အသင်းကိုမဆို ပိုအားကောင်းလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ သူ့မှာ တခြားကစားသမားတိုင်းမှာမတွေ့ရတဲ့ ထူးခြားတဲ့အရည်အချင်းတွေရှိပါတယ်။ ” ခင်ဗျားသာ မန်နေဂျာတစ်ယောက်ဆိုရင် ဖရန်ကီ ကို ရအောင်ခေါ်ပြီး ခင်ဗျားအသင်းလူစာရင်းမှာထည့်လိုက်၊ အဲ့ဒါဆိုရင် ခင်ဗျားအသင်းက အရင်ထက်ပိုပြီး အများကြီးကောင်းလာမှာသေချာတယ်။ “ လို့ ဆိုပါတယ်။

တန်ဟတ်ရဲ့လေသံအရ ဒီဂျောင်နဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ဟာတော့ လာမယ့်နွေရာသီမှာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်သလို နွေရာသီ အပြောင်းအရွှေ့ကာလရဲ့ ထိပ်တန်းသတင်းခေါင်းစီးတွေကနေ နေရာယူလာနိုင်ပါတယ်။ ဒီဂျောင်တစ်‌ယောက် ဘာစီလိုနာမှာဘဲ ဆက်နေမလား ယူနိုက်တက်ကိုဘဲ ပြောင်းရွှေ့လာမလား ဆက်လက်စောင့်ကြည့်သွားရပါမယ်။

Add a Comment

Your email address will not be published. Required fields are marked *