ဒီေဂ်ာင္ကိုလႈပ္မရေအာင္ ထိန္းခ်ဳပ္ျပသြားတဲ့ ဖရက္ဒ္ကို ျခင္တစ္ေကာင္ႏွင့္ခိုင္းႏႈိင္းခ်ီးက်ဳးလိုက္တဲ့ တန္ဟက္ဂ်္
|ဒီေဂ်ာင္ကိုလႈပ္မရေအာင္ ထိန္းခ်ဳပ္ျပသြားတဲ့ ဖရက္ဒ္ကို ျခင္တစ္ေကာင္ႏွင့္ခိုင္းႏႈိင္းခ်ီးက်ဳးလိုက္တဲ့ တန္ဟက္ဂ်္
မန္ခ်က္စတာယူႏိုက္တက္ နည္းျပႀကီး အဲရစ္တန္ဟက္ဂ်္က ဘာစီလိုနာနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး အဖိုးတန္ ေခ်ပဂိုးကိုပါ သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူဖရက္ဒ္ကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္လိုက္ပါတယ္။ ဒုတိယပိုင္းစၿပီး မၾကာခင္မွာ ဖရက္ဒ္က အသင္းအတြက္ ေခ်ပဂိုးကို သူ အားမသန္တဲ့ ညာေျခနဲ႔ အပိုင္ကန္သြင္းၿပီး ရယူေပးခဲ့တာ ျဖစ္ပါတယ္။
ဒီေနာက္မွာ လူစားဝင္လာတဲ့ အန္တိုနီက အႏိုင္ဂိုးသြင္းယူခဲ့ကာ ယူႏိုက္တက္တို႔ ၂-၁ နဲ႔ အႏိုင္ရၿပီး ႏွစ္ေက်ာ့ေပါင္း ၄-၃ နဲ႔ ေနာက္တဆင့္ကို တက္ေရာက္သြားခဲ့တာျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္လည္း ယူႏိုက္တက္ဟာ ဆုဖလားေလးလုံးလမ္းေၾကာင္းေပၚကို ဆက္လက္ေလွ်ာက္လွမ္းေနဆဲျဖစ္ကာ လာမယ့္တနဂၤေႏြေန႔မွာ ကာရာေဘာင္ဖလားဗိုလ္လုပြဲအျဖစ္ နယူးကာဆယ္နဲ႔ ကစားရမွာျဖစ္ပါတယ္။
“လာလီဂါရဲ႕ ထိပ္တန္းအသင္းတသင္းနဲ႔ ရင္ဆိုင္ရတဲ့ ႀကီးက်ယ္ခမ္းနားတဲ့ ညတညပါပဲ၊ ဒီလိုရလဒ္နဲ႔ က်ေနာ့္အသင္းကို ယုံၾကည္မႈတည္ေဆာက္ခ်င္တာပါ၊ အန္တိုနီက ဒီလိုလုပ္ႏိုင္မယ္ဆိုတာကို က်ေနာ္သိတယ္၊ သူက ရဲရင့္ၿပီး အေၾကာက္တရားမရွိဘူး၊ ဒုတိယပိုင္းမွာ သူ႔ကို ထည့္သြင္းခဲ့တာက အဲဒါေတြလိုအပ္လို႔ပါ၊ သူ႔ရဲ႕ Dribble ၊ သူ ဂိုးသြင္းႏိုင္ခဲ့ပါတယ္၊ သူက အဲဒီအတြက္ ဝင္ေရာက္လာခဲ့တာပါ”
“ဖရက္ဒ္က အေရးပါတဲ့ အခန္းက႑တခုမွာ ရွိခဲ့ပါတယ္၊ သူက ဖရန္ကီဒီေဂ်ာင္ကို ရပ္တန႔္ဖို႔ တာဝန္ယူခဲ့ရတာျဖစ္ၿပီး ျခင္တေကာင္လိုမ်ိဳးကို သူ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဒီေဂ်ာင္ေဘးနားမွာ အၿမဲတမ္းရွိေနခဲ့ပါတယ္၊ ပထမအေက်ာ့တုန္းကလည္း သူ လုပ္ျပသြားတာက ႀကီးက်ယ္ခမ္းနားၿပီး ဒီညမွာလည္း သူ သြင္းဂိုးတဂိုးပါ ရခဲ့ပါတယ္၊ အရမ္းကို ေျပာင္ေျမာက္ပါတယ္” လို႔ တန္ဟက္ဂ်္က ေျပာဆိုသြားခဲ့ပါတယ္။ ဖရက္ဒ္ကေတာ့ ဘာစီလိုနာနဲ႔ ႏွစ္ေက်ာ့စလုံးကို ပါဝင္ခြင့္ရခဲ့ခ်ိန္မွာ ႏွစ္ပြဲစလုံးေျခစြမ္းျပခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ ပရိသတ္ေတြရဲ႕ ယုံၾကည္မႈကိုလည္း ရယူထားႏိုင္ခဲ့ၿပီး ညကပြဲကေတာ့ သူ႔ရဲ႕ ေခ်ပဂိုးက ယူႏိုက္တက္ကို ကယ္တင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
crd
unicode
ဒီဂျောင်ကိုလှုပ်မရအောင် ထိန်းချုပ်ပြသွားတဲ့ ဖရက်ဒ်ကို ခြင်တစ်ကောင်နှင့်ခိုင်းနှိုင်းချီးကျုးလိုက်တဲ့ တန်ဟက်ဂျ်
မန်ချက်စတာယူနိုက်တက် နည်းပြကြီး အဲရစ်တန်ဟက်ဂျ်က ဘာစီလိုနာနဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အဖိုးတန် ချေပဂိုးကိုပါ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဖရက်ဒ်ကို ချီးကျူးမှုတွေ ပြုလုပ်လိုက်ပါတယ်။ ဒုတိယပိုင်းစပြီး မကြာခင်မှာ ဖရက်ဒ်က အသင်းအတွက် ချေပဂိုးကို သူ အားမသန်တဲ့ ညာခြေနဲ့ အပိုင်ကန်သွင်းပြီး ရယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်မှာ လူစားဝင်လာတဲ့ အန်တိုနီက အနိုင်ဂိုးသွင်းယူခဲ့ကာ ယူနိုက်တက်တို့ ၂-၁ နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ၄-၃ နဲ့ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း ယူနိုက်တက်ဟာ ဆုဖလားလေးလုံးလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်ကာ လာမယ့်တနင်္ဂနွေနေ့မှာ ကာရာဘောင်ဖလားဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ ကစားရမှာဖြစ်ပါတယ်။
“လာလီဂါရဲ့ ထိပ်တန်းအသင်းတသင်းနဲ့ ရင်ဆိုင်ရတဲ့ ကြီးကျယ်ခမ်းနားတဲ့ ညတညပါပဲ၊ ဒီလိုရလဒ်နဲ့ ကျနော့်အသင်းကို ယုံကြည်မှုတည်ဆောက်ချင်တာပါ၊ အန်တိုနီက ဒီလိုလုပ်နိုင်မယ်ဆိုတာကို ကျနော်သိတယ်၊ သူက ရဲရင့်ပြီး အကြောက်တရားမရှိဘူး၊ ဒုတိယပိုင်းမှာ သူ့ကို ထည့်သွင်းခဲ့တာက အဲဒါတွေလိုအပ်လို့ပါ၊ သူ့ရဲ့ Dribble ၊ သူ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ သူက အဲဒီအတွက် ဝင်ရောက်လာခဲ့တာပါ”
“ဖရက်ဒ်က အရေးပါတဲ့ အခန်းကဏ္ဍတခုမှာ ရှိခဲ့ပါတယ်၊ သူက ဖရန်ကီဒီဂျောင်ကို ရပ်တန့်ဖို့ တာဝန်ယူခဲ့ရတာဖြစ်ပြီး ခြင်တကောင်လိုမျိုးကို သူ စွမ်းဆောင်နိုင်ခဲ့ပြီး ဒီဂျောင်ဘေးနားမှာ အမြဲတမ်းရှိနေခဲ့ပါတယ်၊ ပထမအကျော့တုန်းကလည်း သူ လုပ်ပြသွားတာက ကြီးကျယ်ခမ်းနားပြီး ဒီညမှာလည်း သူ သွင်းဂိုးတဂိုးပါ ရခဲ့ပါတယ်၊ အရမ်းကို ပြောင်မြောက်ပါတယ်” လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။ ဖရက်ဒ်ကတော့ ဘာစီလိုနာနဲ့ နှစ်ကျော့စလုံးကို ပါဝင်ခွင့်ရခဲ့ချိန်မှာ နှစ်ပွဲစလုံးခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပရိသတ်တွေရဲ့ ယုံကြည်မှုကိုလည်း ရယူထားနိုင်ခဲ့ပြီး ညကပွဲကတော့ သူ့ရဲ့ ချေပဂိုးက ယူနိုက်တက်ကို ကယ်တင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
crd