ဒီရာသီ လိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးျဖစ္တဲ့ဟာလန္းကို အိတ္ကပ္ထဲထည့္ႏိုင္ခဲ့တဲ့ လွ်ိဳဝွက္ခ်က္ကို ‌ေျပာျပခဲ့တဲ့ လုခ္ေရွာ

ဒီရာသီ လိဂ္ရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးျဖစ္တဲ့ဟာလန္းကို အိတ္ကပ္ထဲထည့္ႏိုင္ခဲ့တဲ့ လွ်ိဳဝွက္ခ်က္ကို ‌ေျပာျပခဲ့တဲ့ လုခ္ေရွာ
စက္႐ုပ္လူသားဟာလန္းကို လႈပ္မရေအာင္ ဓါတ္ခဲျဖဳတ္လိုက္ႏိုင္တဲ့ ေနာက္ကြယ္က လွ်ိဳဝွက္ခ်က္ကို ‌ေျပာျပခဲ့တဲ့ သရဲနီခံစစ္မႉး ေရွာ

မန္ယူႏိုက္တဒ္ ရဲ႕ မန္ခ်က္စတာဒါဘီႏိုင္ပြဲဟာ အံအားသင့္စရာေကာင္းတဲ့ ဗ်ဴဟာပိုင္းဆိုင္ရာ အေျပာင္းလဲေတြ အေျမာက္ျမားရွိခဲ့သလို အထူးခ်ီးက်ဴးရမယ့္အခ်က္တစ္ခ်က္က ေရွာ ကို CB ေနရာမွာအသုံးျပဳၿပီး ဒီရာသီ လိဂ္ ရဲ႕ အေကာင္းဆုံးတိုက္စစ္မႈးတျဖစ္လည္း ဟာလန္း ကို ထိန္းခ်ဳပ္ခဲ့တာပဲ ျဖစ္ပါတယ္။

အသင္းမွာ အေကာင္းဆုံးခံစစ္အတြဲျဖစ္တဲ့ ဗာရန္း+မာတီနက္ဇ္ အရွိသလို မက္ဂြိဳင္းယား၊လင္ဒီေလာဖ့္ တို႔လို ပုံမွန္ဗဟိုခံစစ္မႈးေတြရွိေနလ်က္ ေရွာ လို LB ကို CBေနရာမွာအသုံးျပဳၿပီး မန္ခ်က္စတာဒါဘီကို အႏိုင္ယူခဲ့တာက အဲရခ္တန္ဟဂ္ ရဲ႕ နည္းစနစ္ႂကြယ္ဝမႈနဲ႔ရဲရင့္မႈကို ေဖာ္ျပခဲ့တဲ့ ပြဲလို႔ဆိုႏိုင္ပါတယ္။

ေရွာ ကို ေရွ႕ပြဲေတြမွာထဲက CB ေနရာအသုံးျပဳေနေပမယ့္ မရွိသုံး အသုံးျပဳတယ္လို႔သာ ယူဆခဲ့ၾကၿပီး လက္ရွိအခ်ိန္မွာေတာ့ အသင္းရဲ႕ ဘယ္ေနာက္ခံလူဟာ မာတီနက္ဇ္ ရဲ႕ ေနရာကိုပါ ၿခိမ္းေျခာက္ႏိုင္တဲ့ ဘယ္ေျခသုံး ball playing defender ျဖစ္လာခဲ့ပါတယ္။ေရွာ ဟာ မာတီနက္ဇ္ ထက္ ႀကံခိုင္မႈပိုေကာင္းသလို ေသသပ္တဲ့ဖ်တ္ထုတ္မႈေတြ ျပဳလုပ္ႏိုင္ၿပီး တည္ၿငိမ္မႈလည္း ပိုေကာင္းတာေၾကာင့္ ဒီဘ႐ိုင္း နဲ႔ မာရက္ဇ္ ႏွစ္ထပ္ တိုးဝင္ထိုးေဖာက္မယ့္ ဘယ္ျခမ္းကို မလာစီယာ နဲ႔ တြဲၿပီး အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ေရွာ ကို ေရွ႕ပြဲေတြမွာထဲက အသုံးျပဳခဲ့တာေၾကာင့္လည္း ဒီေန႔ပြဲမွာ ေနရာထပ္တာ၊ပြဲေၾကာင္ေနတာမ်ိဳးမျဖစ္ပဲ အေကာင္းဆုံး ကစားသြားႏိုင္ခဲ့သလို ဟာလန္း ကို ဗာရန္း နဲ႔ တြဲၿပီး အေကာင္းဆုံး ထိန္းခ်ဳပ္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ေရွာက ဟာလန္း ကို ထိန္းခ်ဳပ္ခဲ့တာနဲ႔ပက္သက္လို႔ “ကြၽန္ေတာ္တို႔ဒီပြဲအႏိုင္ရခဲ့လို႔ အမွန္တကယ္ေပ်ာ္႐ႊင္မိပါတယ္။ဒီသုံးမွတ္က ကြၽန္ေတာ္တို႔နဲ႔ ထိုက္တန္တယ္လို႔လည္းထင္ပါတယ္။ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြအေတာ္မ်ားမ်ားရခဲ့ေပမယ့္အသုံးမခ်ႏိုင္ပဲ ဒုတိယပိုင္းမွသာအသုံးခ်ႏိုင္ခဲ့တာပါ။”

” ကြၽန္ေတာ္အပါဝင္အသင္းသားအားလုံးက ကြင္းထဲမွာ အျပည့္အဝႀကိဳးစားခဲ့လို႔သာ ဒီလိုရလာဒ္ထြင္ေပၚခဲ့တာျဖစ္လို႔ အသင္းသားအားလုံးအတြက္ ဂုဏ္ယူမိပါတယ္။အာလင္ဟာလန္း ကို ရပ္တံ့ႏိုင္ခဲ့တာက ကြၽန္ေတာ္နဲ႔ ရာဖာ(ဗာရန္း) ႏွစ္ေယာက္ထဲေၾကာင့္ေတာ့ မဟုတ္ပါဘူး၊ကြၽန္ေတာ္တို႔တစ္သင္းလုံး ခံစစ္ကစားတာ သိပ္ကိုေကာင္းမြန္လြန္းတာေၾကာင့္ပါ။ကြၽန္ေတာ္တို႔အတြက္ ဘယ္အသင္း၊ဘယ္သူ နဲ႔ ယွဥ္ၿပိဳင္ေနရတယ္ဆိုတာက အေရးမႀကီးပါဘူး၊အေရးႀကီးတာက ကြၽန္ေတာ္တို႔အတြက္ သုံးမွတ္ရဖို႔ပါပဲ”လို႔ဆိုပါတယ္။
crd

Unicode
ဒီရာသီ လိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှုးဖြစ်တဲ့ဟာလန်းကို အိတ်ကပ်ထဲထည့်နိုင်ခဲ့တဲ့ လျှိုဝှက်ချက်ကို ‌ပြောပြခဲ့တဲ့ လုခ်ရှော
စက်ရုပ်လူသားဟာလန်းကို လှုပ်မရအောင် ဓါတ်ခဲဖြုတ်လိုက်နိုင်တဲ့ နောက်ကွယ်က လျှိုဝှက်ချက်ကို ‌ပြောပြခဲ့တဲ့ သရဲနီခံစစ်မှူး ရှော

မန်ယူနိုက်တဒ် ရဲ့ မန်ချက်စတာဒါဘီနိုင်ပွဲဟာ အံအားသင့်စရာကောင်းတဲ့ ဗျူဟာပိုင်းဆိုင်ရာ အပြောင်းလဲတွေ အမြောက်မြားရှိခဲ့သလို အထူးချီးကျူးရမယ့်အချက်တစ်ချက်က ရှော ကို CB နေရာမှာအသုံးပြုပြီး ဒီရာသီ လိဂ် ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတဖြစ်လည်း ဟာလန်း ကို ထိန်းချုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အသင်းမှာ အကောင်းဆုံးခံစစ်အတွဲဖြစ်တဲ့ ဗာရန်း+မာတီနက်ဇ် အရှိသလို မက်ဂွိုင်းယား၊လင်ဒီလောဖ့် တို့လို ပုံမှန်ဗဟိုခံစစ်မှုးတွေရှိနေလျက် ရှော လို LB ကို CBနေရာမှာအသုံးပြုပြီး မန်ချက်စတာဒါဘီကို အနိုင်ယူခဲ့တာက အဲရခ်တန်ဟဂ် ရဲ့ နည်းစနစ်ကြွယ်ဝမှုနဲ့ရဲရင့်မှုကို ဖော်ပြခဲ့တဲ့ ပွဲလို့ဆိုနိုင်ပါတယ်။

ရှော ကို ရှေ့ပွဲတွေမှာထဲက CB နေရာအသုံးပြုနေပေမယ့် မရှိသုံး အသုံးပြုတယ်လို့သာ ယူဆခဲ့ကြပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့ ဘယ်နောက်ခံလူဟာ မာတီနက်ဇ် ရဲ့ နေရာကိုပါ ခြိမ်းခြောက်နိုင်တဲ့ ဘယ်ခြေသုံး ball playing defender ဖြစ်လာခဲ့ပါတယ်။ရှော ဟာ မာတီနက်ဇ် ထက် ကြံခိုင်မှုပိုကောင်းသလို သေသပ်တဲ့ဖျတ်ထုတ်မှုတွေ ပြုလုပ်နိုင်ပြီး တည်ငြိမ်မှုလည်း ပိုကောင်းတာကြောင့် ဒီဘရိုင်း နဲ့ မာရက်ဇ် နှစ်ထပ် တိုးဝင်ထိုးဖောက်မယ့် ဘယ်ခြမ်းကို မလာစီယာ နဲ့ တွဲပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရှော ကို ရှေ့ပွဲတွေမှာထဲက အသုံးပြုခဲ့တာကြောင့်လည်း ဒီနေ့ပွဲမှာ နေရာထပ်တာ၊ပွဲကြောင်နေတာမျိုးမဖြစ်ပဲ အကောင်းဆုံး ကစားသွားနိုင်ခဲ့သလို ဟာလန်း ကို ဗာရန်း နဲ့ တွဲပြီး အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ရှောက ဟာလန်း ကို ထိန်းချုပ်ခဲ့တာနဲ့ပက်သက်လို့ “ကျွန်တော်တို့ဒီပွဲအနိုင်ရခဲ့လို့ အမှန်တကယ်ပျော်ရွှင်မိပါတယ်။ဒီသုံးမှတ်က ကျွန်တော်တို့နဲ့ ထိုက်တန်တယ်လို့လည်းထင်ပါတယ်။ပထမပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေအတော်များများရခဲ့ပေမယ့်အသုံးမချနိုင်ပဲ ဒုတိယပိုင်းမှသာအသုံးချနိုင်ခဲ့တာပါ။”

” ကျွန်တော်အပါဝင်အသင်းသားအားလုံးက ကွင်းထဲမှာ အပြည့်အဝကြိုးစားခဲ့လို့သာ ဒီလိုရလာဒ်ထွင်ပေါ်ခဲ့တာဖြစ်လို့ အသင်းသားအားလုံးအတွက် ဂုဏ်ယူမိပါတယ်။အာလင်ဟာလန်း ကို ရပ်တံ့နိုင်ခဲ့တာက ကျွန်တော်နဲ့ ရာဖာ(ဗာရန်း) နှစ်ယောက်ထဲကြောင့်တော့ မဟုတ်ပါဘူး၊ကျွန်တော်တို့တစ်သင်းလုံး ခံစစ်ကစားတာ သိပ်ကိုကောင်းမွန်လွန်းတာကြောင့်ပါ။ကျွန်တော်တို့အတွက် ဘယ်အသင်း၊ဘယ်သူ နဲ့ ယှဉ်ပြိုင်နေရတယ်ဆိုတာက အရေးမကြီးပါဘူး၊အရေးကြီးတာက ကျွန်တော်တို့အတွက် သုံးမှတ်ရဖို့ပါပဲ”လို့ဆိုပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *