ဒါေလာ့အေနနဲ႔ယခုထက္ပိုတိုးတက္လာရမယ့္အပိုင္းေတြကိုေထာက္ျပသြားခဲ့တဲ့ အဲရစ္တန္ဟဂ္
|ဒါေလာ့အေနနဲ႔ယခုထက္ပိုတိုးတက္လာရမယ့္အပိုင္းေတြကိုေထာက္ျပသြားခဲ့တဲ့ အဲရစ္တန္ဟဂ္
ညာေနာက္ခံလူ ဒါေလာ့ဒ္ဟာ အဲရစ္တန္ဟတ္လက္ထက္မွာ အေကာင္းဆုံး ေျခစြမ္းေတြျပသေနသူလဲျဖစ္ပါတယ္။ အရင္နည္းျပေတြလက္ထက္မွာ ပြဲထြက္ခြင့္မရဘဲ အရံခုံထိုင္ခဲ့ရေပမယ့္ အဲရစ္တန္ဟတ္ရဲ႕လမ္းၫြန္မႈနဲ႔အတူ ေျခစြမ္းေတြဟာ တိုးတက္လာခဲ့ပါတယ္။ ဒါးေလာ့ရဲ႕ အမ်ားဆုံးအျမန္ႏႈန္းဟာ တစ္နာရီကို ၃၅.၈ ကီလိုမီတာရွိၿပီး၊ ၂၀၂၂-၂၃ ရာသီရဲ႕ တတိယေျမာက္အျမန္ဆုံးစံခ်ိန္လည္း ျဖစ္ပါတယ္။
လီဗာပူးလ္တိုက္စစ္မႉး ဒါဝင္ ႏူးနက္ဇ္နဲ႔ အာဆင္နယ္တိုက္စစ္မႉး ဂါဘရီရယ္ မာတင္နယ္လီတို႔ႏွစ္ဦးကသာ ဒါးေလာ့ထက္ အနည္းငယ္ပိုျမန္တဲ့ စံခ်ိနိကို ပိုင္ထားတာေၾကာင့္၊ ဒါးေလာ့ဟာ ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံးခံစစ္မႉးလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ေနာက္ခံလူ Diogo Dalot ႏွင့္ ပတ္သတ္၍ မန္ေနဂ်ာ Erik Ten Hag ကခုလိုေျပာၾကားသြားခဲ့ပါတယ္။
Dalot ရဲ႕ေျခစြမ္းက ဒီအေနအထားမွာတင္ရပ္တန္႔မေနဘဲ ပိုၿပီးတိုးတက္လာဦးမယ္လို႔က်ေနာ္ထင္ပါတယ္။ အသင္းက ကစားသမားေတြ ေျခစြမ္းတိုးတက္လာေပမယ့္ မလုံေလာက္ေသးပါဘူး။ ဒီထက္ပိုၿပီး ႀကိဳးစားဖို႔လိုပါေသးတယ္။ ဒီအဆင့္မွာပဲ ရပ္ေနလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ခ်ဥ္းကပ္ပုံ၊ ခံယူခ်က္ေတြကို ေကာင္း႐ုံနဲ႔မဟုတ္ပဲ ပိုေကာင္းေအာင္ လုပ္ရမွာပါ။ Diogo ရဲ႕ တိုးတက္မႈနဲ႔ စြမ္းေဆာင္ရည္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ရပါတယ္။ Dalot ရဲ႕ ေျခစြမ္းတိုးတက္လာမႈနဲ႔ ပတ္သတ္ၿပီးေက်နပ္အားရမိေပမယ့္ အသင္းႀကီးတိုင္းမွာ ပြဲထြက္တစ္ေနရာအတြက္ ကစားသမားေတြၾကား ၿပိဳင္ဆိုင္မႈေတြ ရွိဖို႔လိုပါတယ္။
က်ေနာ္တို႔အသင္းရဲ႕လူစာရင္းမွာ Dalot ေနရာမွာကစားႏိုင္တဲ့ Lindelof, Malacia တို႔လိုကစားသမားေတြရွိပါတယ္။ ၿပီးေတာ့ Wan-Bissaka လည္း လူစာရင္းမွာျပန္လည္ပါဝင္လာပါၿပီ။ ပြဲတိုင္းမွာ ပြဲခ်ိန္ျပည့္ကစားရတဲ့အခါ ကစားသမားေတြဟာ ပြဲပန္းမႈဒဏ္ကို သိသိသာသာခံစားရပါတယ္။ ဒါေပမယ့္ Dalot က ႀကံ့ခိုင္မႈပိုင္းဆိုင္ရာအားေကာင္းပါတယ္။ ဒီထက္ပိုၿပီး တိုးတက္လာဖို႔ေတာ့လိုပါေသးတယ္။ သူ႔အေနနဲ႔ ေျခစြမ္းပိုမိုေကာင္းမြန္လာဖို႔ အျပင္းအထန္ႀကိဳးစားသြားလိမ့္မယ္လို႔လည္း ယုံၾကည္ပါတယ္။
crd
unicode
ဒါလော့အနေနဲ့ယခုထက်ပိုတိုးတက်လာရမယ့်အပိုင်းတွေကိုထောက်ပြသွားခဲ့တဲ့ အဲရစ်တန်ဟဂ်
ညာနောက်ခံလူ ဒါလော့ဒ်ဟာ အဲရစ်တန်ဟတ်လက်ထက်မှာ အကောင်းဆုံး ခြေစွမ်းတွေပြသနေသူလဲဖြစ်ပါတယ်။ အရင်နည်းပြတွေလက်ထက်မှာ ပွဲထွက်ခွင့်မရဘဲ အရံခုံထိုင်ခဲ့ရပေမယ့် အဲရစ်တန်ဟတ်ရဲ့လမ်းညွန်မှုနဲ့အတူ ခြေစွမ်းတွေဟာ တိုးတက်လာခဲ့ပါတယ်။ ဒါးလော့ရဲ့ အများဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၃၅.၈ ကီလိုမီတာရှိပြီး၊ ၂၀၂၂-၂၃ ရာသီရဲ့ တတိယမြောက်အမြန်ဆုံးစံချိန်လည်း ဖြစ်ပါတယ်။
လီဗာပူးလ်တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်နဲ့ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီတို့နှစ်ဦးကသာ ဒါးလော့ထက် အနည်းငယ်ပိုမြန်တဲ့ စံချိနိကို ပိုင်ထားတာကြောင့်၊ ဒါးလော့ဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးခံစစ်မှူးလို့တောင် ဆိုနိုင်ပါတယ်။ နောက်ခံလူ Diogo Dalot နှင့် ပတ်သတ်၍ မန်နေဂျာ Erik Ten Hag ကခုလိုပြောကြားသွားခဲ့ပါတယ်။
Dalot ရဲ့ခြေစွမ်းက ဒီအနေအထားမှာတင်ရပ်တန့်မနေဘဲ ပိုပြီးတိုးတက်လာဦးမယ်လို့ကျနော်ထင်ပါတယ်။ အသင်းက ကစားသမားတွေ ခြေစွမ်းတိုးတက်လာပေမယ့် မလုံလောက်သေးပါဘူး။ ဒီထက်ပိုပြီး ကြိုးစားဖို့လိုပါသေးတယ်။ ဒီအဆင့်မှာပဲ ရပ်နေလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံ၊ ခံယူချက်တွေကို ကောင်းရုံနဲ့မဟုတ်ပဲ ပိုကောင်းအောင် လုပ်ရမှာပါ။ Diogo ရဲ့ တိုးတက်မှုနဲ့ စွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်။ Dalot ရဲ့ ခြေစွမ်းတိုးတက်လာမှုနဲ့ ပတ်သတ်ပြီးကျေနပ်အားရမိပေမယ့် အသင်းကြီးတိုင်းမှာ ပွဲထွက်တစ်နေရာအတွက် ကစားသမားတွေကြား ပြိုင်ဆိုင်မှုတွေ ရှိဖို့လိုပါတယ်။
ကျနော်တို့အသင်းရဲ့လူစာရင်းမှာ Dalot နေရာမှာကစားနိုင်တဲ့ Lindelof, Malacia တို့လိုကစားသမားတွေရှိပါတယ်။ ပြီးတော့ Wan-Bissaka လည်း လူစာရင်းမှာပြန်လည်ပါဝင်လာပါပြီ။ ပွဲတိုင်းမှာ ပွဲချိန်ပြည့်ကစားရတဲ့အခါ ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို သိသိသာသာခံစားရပါတယ်။ ဒါပေမယ့် Dalot က ကြံ့ခိုင်မှုပိုင်းဆိုင်ရာအားကောင်းပါတယ်။ ဒီထက်ပိုပြီး တိုးတက်လာဖို့တော့လိုပါသေးတယ်။ သူ့အနေနဲ့ ခြေစွမ်းပိုမိုကောင်းမွန်လာဖို့ အပြင်းအထန်ကြိုးစားသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။