crd
unicode
ဒါဘီရှုံးပွဲအပြီး တန်ဟဂ်ပြန်လည်သုံးသပ်ရတော့မယ့် ကွင်းလယ်ခံစစ်ပုစ္ဆာ
မန်ချက်စတာဒါဘီပွဲစဉ်ပြီးဆုံးသွားပေမဲ့ နည်းပြတန်ဟတ်အတွက်တော့ မေးခွန်းတွေအများကြီး ဖြေရှင်းခဲ့ရပါတယ်။ဒီထဲမှာ ကတ်စမဲရိုးကို အရံခုံပို့ခဲ့တဲ့ ဆုံးဖြတ်ချက်က ရိုက်ခတ်မှုအတော်ကြီးမားခဲ့ပါတယ်။ဒါကြောင့်လည်း ပွဲပြီးအင်တာဗျုးမှာ တန်ဟတ်တစ်ယောက် ဒီမေးခွန်းကို ယခုလိုပဲဖြေကြားခဲ့ရပါတယ်။ “ကတ်စမဲရိုးက ဒီကိုရောက်လာခဲ့တာက အသင်းနဲ့အတူ အောင်မြင်မှုတွေကို ရယူနိူင်ဖို့ပါပဲ။သူ့ကိုလဲ ရှေ့လျှောက်မှာ ဘယ်လောက် အထိ နေရာပေးသွားဖို့ရှိလဲဆိုတာကို ပြောပြခဲ့ပြီး ဖြစ်ပြီးသားပါ။ သို့ပေမဲ့ တော်မီနေးဟာ လေ့ကျင့်ရေးကွင်းမှာ အတော်လေးကို ခြေစွမ်းပြနေခဲ့ပြီး အသင်းအတူအသားကျနေခဲ့တာပါ။ ဒီလိုဆုံးဖြတ်ရဖို့က ကျွန်တော့အနေနဲ့လည်း အတော်ကို ခက်ခဲခဲ့ပါတယ်။ အသင်းနဲ့အတူ အသားကျနေတဲ့ကစားသမားနဲ့ အသားသိပ်မကျပေမဲ့ ထိပ်တန်းကစားသမား ကိုရွေးချယ်ရာမှာ ကျွန်တော်ကတော့ အသင်းရဲ့ ပုံစံကို မပျက်စီးစေတာကြောင့် တော်မီနေးကိုပဲ ပွဲထွက်ခွင့်ပေးခဲ့တာပါ။ ဒါဟာ ကျွန်တော့အမှားပဲဖြစ်ပြီး ကစားသမားနဲ့ မဆိုင်ပါဘူး”
တော်မီနေးဟာယခုနောက်ပိုင်းပွဲစဉ်တွေမှာ အသင်းနဲ့အတူ ခြေစွမ်းပြနေခဲ့ပြီး အသင်းကစားကွက်မှာ အံဝင်နေတာလည်းဖြစ်ပါတယ်။ ကတ်စမဲရိုးရောက်လာပြီးနောက်ပိုင်းမှာ တော်မီနေးအနေနဲ့ အတော်လေးကို ခြေစွမ်းတတ်လာတာကလဲ အချိန်ကိုက်ကျလွန်းနေတာလည်းဖြစ်ပါတယ်။ သို့ပေမဲ့ ကစားသမားရဲ့ အဆင့်အတန်းဟာ ပွဲကြီးတွေမှာဆို ပိုပြီး သိသာခဲ့ပြီး ယူနိုက်တတ်အဆင့်နဲ့ မထိုက်တန်လွန်းတာကိုလည်း ပိုပိုပြီး ပေါ်လွင်ခဲ့တာပါ။
တဖက်မှာလည်း ကတ်စမဲရိုးကို ဈေးကြီးပေးခေါ်ယူထားပေမဲ့ သေသေချာချာအသုံးမပြုသေးတဲ့ တန်ဟတ်ရဲ့ နည်းဗျူဟာတွေအပေါ်မှာလည်း အားလုံးက မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။ ပတ်ဂွာဒီယိုလာကလည်း ဒီအချက်ကို ကောင်းကောင်းကြီးအသုံးချခဲ့တာပါ။ တော်မီနေးပွဲထွက်လာမယ်လို့ အပိုင်တွက်ခဲ့ပြီး ကွင်းလယ်တစ်ကြောကနေ အဓိက တိုက်စစ်ဆင်ခဲ့တာပါ။ဒါကြောင့် ပတ်ဂွာဒီယိုလာက ဒီအပတ် ဒါဘီမှာတော့ အပြောင်းအလဲလုပ်ရမှာ ကို ကြောက်နေခဲ့တဲ့ တန်ဟတ်ကို ကောင်းကောင်းကြီးပညာပေးခဲ့တာပါပဲ။
Case ဟာယခုလမှစတင်ပြီး အသင်းရဲ့ပွဲစဉ်တွေမှာပွဲထွက်ပါဝင်လာတော့မယ်လို့သိရပါတယ်။ နည်းပြ Ten Hag က Case ကိုသူပုံဖော်ချင်တဲ့ ကစားဟန်နဲ့ အသားကျအောင်လေ့ကျင့်ပေးနေတဲ့အတွက် ပွဲထွက်လူစာရင်းမှာထည့်သွင်းအသုံးပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ တင်ဟာ့ခ်အနေနဲ့ လာမယ့်ပွဲစဥ်တွေမှာ တွမ်မီနေးကို ပွဲတိုင်း ပွဲထွက်ခွင့်ပေးမယ့် အစီအစဥ်ကို ပြန်လည်သုံးသပ်ပြီး ဝါရင့် ကွင်းလယ်ခံစစ်ကစားသမားကြီး ကက်စမဲရိုးကို စတင်အသုံးပြုဖို့ အချိန်တန်ပြီလို့ ယူဆရပါတယ်။