


https://twitter.com/celebrationnnss/status/1576586111081586688?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1576586111081586688%7Ctwgr%5E61d6af576ad0f1563e28db6b67c9354fe0c17a0e%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.givemesport.com%2F88066448-man-utds-anthony-martial-scored-outrageously-good-penalty-in-man-city-defeat


crd

unicode

ဒါဘီပွဲစဉ်မှာဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ်သာယာနေမှာမဟုတ်ကြောင်းဖွင့်ဟဝန်ခံလာတဲ့ သရဲနီ မာရှယ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ် က မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို 6 – 3 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ် အပြီးမှာ အသင်းဖော် ကစားသမားတွေဟာ တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြတယ်လို့ ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။ အဆိုပါ ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲချိန် ပထမပိုင်း ကတည်းက အားလင်း ဟာလန်း ၊ ဖီးလ် ဖိုဒန် တို့ရဲ့ သွင်းဂိုး နှစ်ဂိုးစီကြောင့် 4 – 0 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း သူတို့ကပဲ တစ်ဂိုးစီ သွင်းယူရင်း 2 ဦးလုံး ဟတ်ထရစ် ရခဲ့ကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကတော့ အန်တိုနီ နဲ့ မာရှယ် (2 ဂိုး) တို့က ဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 6 – 3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ်မှာတော့ ပွဲပြီးဖို့ 17 မိနစ်အလိုမှာ မန်စီးတီး ပရိသတ်တွေက ” ငါတို့ 10 ဂိုး ရချင်တယ် ” ဆိုပြီး အော်ဟစ် လှောင်ပြောင်ခဲ့ကြပါသေးတယ် ။ အခုတော့ အန်သိုနီ မာရှယ်က ဂိုးသွင်းပြီး ရှုံးပွဲကြုံတွေ့တာထက် ဂိုးမသွင်းပဲ နိုင်တာကို ပိုပြီး လိုလားကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သေချာတာပေါ့ဗျာ ၊ ပြောရရင်ဗျာ မန်စီးတီးနဲ့ပွဲတုန်းက ကျွန်တော်ဂိုးသွင်း နိုင်တယ်ဆိုပေမယ့် ဒီသွင်းဂိုးကအသင်းကို အနိုင်ရစေတာမဟုတ်လို့ ကျေနပ်တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော် ဂိုးမသွင်းရင် နေပါစေ ၊ ဒီလိုပွဲမျိုး နိုင်ပွဲရတာမျိုးပဲ လိုချင်မိခဲ့တာပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ဒဏ်ရာကနေပြန်လာပြီးနောက် မြက်ခင်းပြင်ထဲ ပြန်လည် ဝင်ရောက်ခွင့်ရပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ခံစားချက်က တကယ့်ကို ကောင်းမွန်လှပါတယ် ” ” ကျွန်တော်တို့ အမှန်တကယ် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြပါတယ် ။ သူတို့က တကယ့်ကို စွမ်းဆောင်ရည်တွေ ကောင်းမွန်တဲ့ ကစားသမားတွေပါပဲ ။ ဒါမျိုးက ကျွန်တော်တို့ဖြစ်ချင်တာမှ မဟုတ်တာ။ ဒီရလဒ်ကိစ္စက ပြီးသွားပါပြီး။ အဲ့ပွဲမှာ ကျွန်တော်တို့ရဲ့စတင်မှုကိုက အတော်လေးဆိုးခဲ့ တာပါ။ နောက်တော့ ပြိုင်ဘက်က သူတို့ရခဲ့တဲ့အခွင့် အရေးတွေကို အကျိုးရှိအောင် ပြုလုပ်သွားခဲ့ပါတယ်။ဒါက အရမ်းကို ခက်ခဲခဲ့ပါတယ်။ဒါပေမယ့် နောက်ပွဲတွေ မှာ ဒါမျိုးမဖြစ်အောင် ကျွန်တော်တို့ အစွမ်းကုန်ကြိုးစား ရပါမယ်။” လို့ မာရှယ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

အန်သိုနီ မာရှယ်ဟာ လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ကြိုက်နှစ်သက်တဲ့ တိုက်စစ် ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒဏ်ရာပြသနာတွေ ကြုံတွေ့နေခဲ့ရတဲ့ အတွက် ဒီရာသီ အမှတ်ပေးဖလား ပြိုင်ပွဲမှာ အသင်းအတွက် နှစ်ပွဲသာ ကစားပေးရပါသေးတယ် ။ အဆိုပါ ပွဲစဉ် နှစ်ပွဲမှာတော့ သူဟာ ကိုယ်တိုင် 2 ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းဖော်တွေ အတွက် တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ယူနိုက်တက်တို့ဟာ ကြားရက်မှာ ဆိုက်ပရပ် အခြေစိုက် အိုမိုနီးယား နီကိုဆီယာ အသင်းနဲ့ ယူရိုပါလိဂ် ကစားရဖို့ ရှိနေပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *